ကင်းပုံပင်
Ivy Gourd (ကင်းပုံ)
ပုံသဏ္ဌာန်![]() အပင်အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။ အရွက်ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အဝိုက် ၃ ဝိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအဝိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည်။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏။ ရွက်ညာ အလွန်ရှည်သည်။ အပွင့်ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။ ![]() ![]() အသီးလုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။ မြန်မာ့တိုင်းရင်းဆေးတွင် အသုံးပြုပုံ
မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ဝမ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။ အသုံးပြုပုံပဉ္စငါးပါး : ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏။ အရွက်
အသီး
အမြစ်
ကိုးကား
|
Portal di Ensiklopedia Dunia