ကဇူးအို အစ်ရှိဂူရိုး
ကဇူးအို အစ်ရှိဂူရိုး (ဂျပန်: カズオ・イシグロ or 石黒 一雄;သည် ၁၉၅၄ခု နိုဝင်ဘာ၈ရက်ဖွား ဗြိတိသျှစာရေးဆရာ၊ သီချင်းရေးဆရာ တစ်ယောက်ဖြစ်သည်။ သူ့ကိုဂျပန်နိုင်ငံ နာဂါဆာကီမြို့တွင် မွေးဖွားခဲ့သည်။ သူအသက်ငါးနှစ်အရွယ် ၁၉၆၀ ဝန်းကျင်တွင် သူ့မိသားစုသည် ဂျပန်မှ အင်္ဂလန် သို့ရွှေ့ခဲ့ကြသည်။ ၁၉၇၈ ခုတွင် အစ်ရှိဂူရိုးသည် ကန့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ ၁၉၈၀တွင် အရှေ့ အင်ဂျလီယာတက္ကသိုလ်၏ UAE ဖန်တီးရေးသားအတတ်ပညာသင်တန်းမှ သူ၏ မဟာဘွဲ့ကို ရယူခဲ့သည်။ အစ်ရှိဂူရိုးသည် အဂ်လိပ်ဘာသာစကားပြော အဆောက်အုံနယ်ပယ်တွင် ထင်ရှားအောင်မြင်သော ခေတ်ပြိုင်စာရေးဆရာတစ်ယောက်ဖြစ်ပြီး Man Booker Prize စကာတင်စာရင်းတွင် လေးကြိမ်ရွေးချယ်ခံခဲ့ရပြီး ၁၉၈၉ ခုနှစ်တွင် သူ၏ဝတ္ထု The Remains of the Dayဖြင့် ဆုရခဲ့သည်။ ၂၀၀၈ခုနှစ်တွင် The Times မှထုတ်ပြန်သော ၁၉၄၅ မှ ယနေ့ထိ အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားသော ကြီးကျယ်မြင့်မြတ်သော စာရေးဆရာကြီး ငါးဆယ်စာရင်းတွင် အစ်ရှိဂူရိုးသည် အဆင့် ၃၂ အဖြစ် သတ်မှတ်ခံရသည်။[၁]
ငယ်ဘဝ နှင့် အစောပိုင်းကာလ၁၉၅၄ နိုဝင်ဘာလ ၈ရက်နေ့တွင် သမုဒ္ဒရာဗေဒပညာရှင် ရှီဇူးအို အစ်ရှိဂူရိုးနှင့် ဇနီး ရှီဇူးကိုတို့မှ ကဇူးအို အစ်ရှိဂူရိုးကို နာဂါဆာကီမြို့တွင် ဖွားမြင်သည်။[၂] ၁၉၆၀တွင် သူ၏မိသားစုသည် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ အကြောင်းမှာ သူ၏ဖခင်သည် ဆောက်တန်သမ်ရှိ နိုင်ငံတော် သမုဒ္ဒရာဗေဒ ဌာနတွင် တာဝန်ထမ်းဆောင်ရသောကြောင့်ဖြစ်သည်။[၂][၃] ၁၉၇၄ ခုနှစ်တွင် ကန့်တက္ကသိုလ်ကို စတင်တက်ရောက်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာနှင့် ဒဿနပညာရပ်များဖြင့် ဂုဏ်ထူးတန်းမှ အောင်မြင်ကာ ရရှိခဲ့သည်။[၂] တစ်နှစ်ခန့် ဝတ္ထုများရေးသားခဲ့ပြီးမှ အရှေ့ အင်ဂျလီယာတက္ကသိုလ်တွင် ဖန်တီးရေးသားအတတ်ပညာတန်းကို တက်ရောက်ခဲ့ပြီး ၁၉၈၀ တွင် မဟာဝိဇ္ဇာဘွဲ့ယူခဲ့သည်။[၂][၃]၁၉၈၂ ခုနှစ်တွင် ဗြိတိသျှ နိုင်ငံသားအဖြစ်ခံယူခဲ့သည်။[၄] အစ်ရှိဂူရိုးသည် ဂျပ်ဇ်အဆိုတော် စတေစီ ကန့်အတွက် သီချင်းတော်တော်များများကို ကန့်၏ခင်ပွန်းဖြစ်သူ ဆက်ဆိုဖုန်းသမား ဂျင် တွမ်လင်ဆင်နှင့်အတူ တွဲဖက်ရေးသားခဲ့သေးသည်[၅] ပုဂ္ဂလိကဘဝအစ်ရှိဂူရိုးသည် ၁၉၈၆ ခုနှစ်တွင် လူမှုဝန်ထမ်းတစ်ဦးဖြစ်သူ လော်နာ မက်ဒေါက်ဂဲနှင့် လက်ထပ်ခဲ့သည်။ လက်ရှိတွင် သမီးဖြစ်သူ နာအိုမီ အစ်ရှိဂူရိုးနှင့်အတူ လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသည်။ စာပေအရေးအသားဟန်![]() သူ၏ ဝတ္ထုအများစုကို အတိတ်ကာလတွင် အခြေခံထား၍ ဇာတ်အိမ်ဖွဲ့လေ့ရှိသည် ဝတ္ထုအများစုကို ပထမပုဂ္ဂိုလ်မှ ဇာတ်ကြောင်းပြန်သောပုံစံဖြင့် ရေးဖွဲ့လေ့ရှိသည်။ ဇာတ်ကြောင်းပြန်သူသည် မကြာခဏ လူသားတို့၏ ကျရှူံးမှုကို ထုတ်ပြောလေ့ရှိသည်။ အစ်ရှိဂူရိုး၏ စနစ်မှာ ဇာတ်ကြောင်းပြန်နေစဉ်အတွင်း သူ၏ဇာတ်ကောင်များကို ၎င်းတို့၏အားနည်းချက်များကို လုံးလုံးလျားလျား ထုတ်ဖော်ခွင့်ပြုထားခြင်းဖြစ်သည်။ အစ်ရှိဂူရိုး၏ ဝတ္ထုများသည် တစ်ခါတစ်ရံတွင် အဓိပ္ပာယ် တစ်စုံတစ်ရာမရှိဘဲ အဆုံးသတ်သွားသည်လည်းရှိသည်။[၆]
အစ်ရှိဂူရိုးနှင့် ဂျပန်အစ်ရှိဂူရိုးသည် ဂျပန်နိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး ဂျပန်နာမည်ယူထားသူဖြစ်သည်။ ( သူ့အမည်ရှိ အစ်ရှိဂူရိုးဟူသော စကားလုံးမှာ `ကျောက်တုံးနက်´ဟု အဓိပ္ပာယ် ရသည်။) သူ၏ ပထမဆုံး ဝတ္ထုနှစ်ပုဒ်ကို ဂျပန်နိုင်ငံတွင် ဇာတ်အိမ်တည်ထားသည်။ သို့ရာတွင် တွေ့ဆုံမေးမြန်းထားမှုများကို ဖြေကြားရာတွင် သူသည် ဂျပန်စာပေအရေးအသားနှင့် သိပ်မရင်းနှီးကြောင်း ဖြေကြားထားသည်။ သို့သော်လည်း သူ့အရေးအသားများတွင် ဂျပန်စာရေးဆရာများ၏ လွှမ်းမိုးမှုကို အနည်းနဲ့အများတွေ့နိုင်သည်။ ဂျပန်ရုပ်ရှင်များ( အထူးသဖြင့် Yasujirō Ozu နှင့် Mikio Naruse တို့၏ ရုပ်ရှင်များ)သည် သူ့အပေါ် သိသိသာသာလွှမ်းမိုးမှုရှိသည်ဟု အစ်ရှိဂူရိုးက ဖြေကြားခဲ့ဖူးသည်။[၇]
ဖန်တီးခဲ့သမျှဝတ္ထုများ
ဇာတ်ညွှန်းများ
ဝတ္ထုတိုများ
သီချင်းစာသားများ
ရုပ်ရှင်အဖြစ်ပြန်လည်ဖန်တီးခဲ့သော သူ၏လက်ရာများ
ရရှိခဲ့သောဆုများ
A Pale View of Hills နှင့် The Buried Giantမှတပါး အစ်ရှိဂူရိုး၏ လက်ရာအများစုသည် စာပေဆုများတွင် စကာတင်ရွေးချယ်ခံခဲ့ရသည်ချည်းဖြစ်သည်။[၁၃][၁၇] အကိုးအကား
အစ်ရှိဂူရိုးနှင့် တွေ့ဆုံမေးမြန်းထားမှုများ
အတ္ထုပ္ပတ္တိများ |
Portal di Ensiklopedia Dunia