ကဏ္ဍက

သိဒ္ဓတ္ထမင်းသား ကဏ္ဍကထံမှ ခွဲခွာသွားပုံ၊ ဗြိတိသျှပြတိုက်
ဆန္ဒနှင့် ကဏ္ဍက၊ ဗြိတိသျှအိန္ဒိယ ၁၈၉၇ ခုနှစ်

ကဏ္ဍက သည် သိဒ္ဓတ္ထမင်းသားစီးနင်းသည့် အဖြူရောင် မြင်းဖြစ်သည်။[] သိဒ္ဓတ္ထမင်းသားသည် နောင်အခါတွင် ဂေါတမဗုဒ္ဓအမည်ဖြင့် ဘုရားတစ်ဆူ ဖြစ်ခဲ့သည်။ ဗုဒ္ဓစာပေများတွင် သိဒ္ဓတ္ထမင်းသားသည် ကဏ္ဍကမြင်းအား နေရာအမျိုးမျိုး၌ အသုံးပြုသည်ကို ဖော်ပြထားသည်။ သိဒ္ဓတ္ထမင်းသားသည် တောထွက်၍ ရဟန်းပြုသည့်အခါတွင် ကဏ္ဍကကို စီးနင်းခဲ့သည်။ အဆုံးတွင် ကဏ္ဍကသည် သိဒ္ဓတ္ထမင်းသားနှင့် ခွဲခွာရသဖြင့် ဝမ်းနည်းပူဆွေးကာ ရင်ကွဲနာဖြင့် သေဆုံးခဲ့ရသည်။[][]

ဗုဒ္ဓစာပေများတွင် ကဏ္ဍက သည် သေဆုံးပြီးနောက်တွင် နတ်ပြည်၌ "ကဏ္ဍက" ဟူသည့်အမည်ဖြင့်ပင် နတ်သားဖြစ်ခဲ့သည်။ ထိုနတ်သားသည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားခဲ့ရပြီးနောက် သောတာပန်အရိယာနတ်သား ဖြစ်ခဲ့သည်။ ကဏ္ဍကမြင်းသည် အနော်မာမြစ်ကမ်း၌ သေဆုံးခဲ့ရသည်ဟူ၍လည်းကောင်း ကပိလဝတ်ပြည်သို့ အပြန်တွင် သေဆုံးခဲ့ရသည်ဟူ၍လည်းကောင်း အမျိုးမျိုး ဆိုကြသည်။[]

သရုပ်ဖော်

ကဏ္ဍကမြင်းနှင့် ပတ်သက်၍ စေတီပုထိုးများရှိ ပန်းပုများကဲသို့သော ဗုဒ္ဓဘာသာအနုပညာများတွင် ကျယ်ပြန့်စွာပင် မြင်တွေ့နိုင်သည်။ အမရဝတီရှိ ပင်မစေတီတော်တွင် တွေ့ရသည့် ကဏ္ဍကမြင်းနှင့် ကပိလဝတ်ပြည်မှ ထွက်ခွာလာခဲ့သည့် သရုပ်ဖော်ပန်းပုသည် လက်ရှိအနုပညာများတွင် သက်တမ်းအကြာဆုံး ဖြစ်သည်။[] ထိုပန်းပုလက်ရာများကို ကာလကတ္တားနှင့် လန်ဒန်ရှိ ပြတိုက်များတွင် ပြသထားသည်။

ကိုးကား

  1. ဗုဒ္ဓဝံ၊ဋ္ဌ၊၃၃ဝ။
  2. ၂.၀ ၂.၁ Malasekera၊ G. P. (1996)။ Encyclopaedia of BuddhismGovernment of Sri Lanka
  3. (ဝိမာန၊၁၀၉) (ဝိမာန၊ဋ္ဌ၊၂၉၃)
  4. Source needed.
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya