ကတဲလိပ်ရွာ၊ တနင်္သာရီမြို့နယ်
ကတဲလိပ်ရွာ(အင်္ဂလိပ်: Kadeleik)သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၇၉၃၀ ဖြစ်သည်။[၁] မြိတ်-တနင်္သာရီ အဝေးပြေးကားလမ်းမကြီးဘေးဝယ် တည်ရှိသည်။ ၈၂ အိမ်ခြေ ရှိပြီး၊ ၆၅ အိမ်ထောင်စု နေထိုင်သည်။ ဘာသာရေးအဆောက်အဦများ မရှိဘဲ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သည်။ [၂] ပညာရေးကျောင်းမရှိ။ ကလေးငယ်များသည် ဇလုံးရွာနှင့် တနင်္သာရီ မြို့သို့ သွားရောက် သင်ယူကြရသည်။ [၂] အလုပ်အကိုင်အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးရေး ဖြစ်သည်။ ကွမ်းခြံ အစိုက်များသည်။ ပန်းရံ၊ လက်သမားအလုပ်ကို လုပ်ကိုင်သည်။ အဝေးပြေးလမ်းမကြီးဘေး ဖြစ်၍ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည်။ ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလည်း ရှိသည်။ [၂] သဘာဝဘေးအန္တရာယ်ရေကြီးရေလျှံမှုများ ကြုံတွေ့ရလေ့ရှိသည်။ ရေအရင်းအမြစ်အနေဖြင့် ရွာအရှေ့ဘက်ဝယ် စိမ့်စမ်းရေ ရသည့် ရေတံခွန် တည်ရှိသော်လည်း၊ ရွာတွင် ရေရှားသည်။ နွေပေါက်တိုင်း သောက်သုံးရေ အခက်အခဲ ဖြစ်လေ့ ရှိသည်။ [၂]
ကိုးကား
|
Portal di Ensiklopedia Dunia