ကတ္တဝါငှက်
ကတ္တဝါငှက် (Cockatoo) သည် ကြက်တူရွေးကဲ့သို့ လိမ်မာရေးခြားခြင်းမရှိလှသော်လည်း ကြက်တူရွေးကဲ့သို့ပင် စကားပြောနိုင်သည်။ သို့သော် ကြက်တူရွေးလောက် အမှတ်သညာ မရှိဘဲ စကားတစ်ခွန်းကိုသာ အထပ်ထပ်အခါခါ ပြန်လည် ရွတ်ဆိုတတ်သည်။ ကတ္တဝါအစစ်ကို ကက်ကတ္တဝါဟု ခေါ် သည်။ ဩစတြေးလီးယားတိုက်နှင့် အရှေ့အိန္ဒိယကျွန်းစုတို့တွင် တွေ့ရ၏။ မျိုးစိတ်ပေါင်း ၂၁ မျိုးခန့်ရှိပြီး Cacatuidae ဟုခေါ်သည့် မျိုးတွင်ပါဝင်သည်။ အသွေးအရောင်မှာနေထိုင်ရာ အရပ်ဒေသအလျောက် အဖြူသက်သက်၊ ကိုယ်လုံးအဖြူအမောက်အဝါ ( Sulphur Crest) ၊ ကိုယ်အမဲပေါ် တွင် ရင်အုပ်အနီ၊ အမြီးအနီ၊ အဝါ၊ အဖြူ (Red tailed,White tailed, Yellow Tailed - Black Cockatoo)အမျိုးများ၊ Cockatiel ခေါ် အသေးဆုံး အနွယ်၊ ဒေသ အခေါ် Gang Gang မျိုး အဖို ၌ မျက်နှာ နှင့်အမောက်၌ အနီရောင်၊ တကိုယ်လုံး မီးခိုးရောင် အမျိုး၊ ဒေသ အခေါ် Plum Cockatoo သည် အကြီးဆုံး အမျိုးဖြစ်၍ မိတ်လိုက်ချိန် ၌ အဖိုသည် သစ်ခေါင်း ကို အရွယ်တော် သစ်ကိုင်းကို ချိုး၍ စည် တီးသလို တီးကာ အဖော်ရှာတတ်သောအမျိုး၊ ပန်းရောင်၊မီးခိုးစပ် Galah ဟုခေါ်သော အမျိုး၊ Major Mitchell ဟုခေါ်သော အမျိုး၊ စသည်ဖြင့် မြောက်မြားစွာ ရှိသည်။ ကတ္တဝါ၌ ကြီးမားသောဦးခေါင်းရှိ၍ ထိုဦးခေါင်းပေါ်တွင် အမျိုးကို လိုက်၍ အမောက်အရောင် ကွဲပြားပါသည်။ အဆိုပါအမောက်မှာ ယပ်တောင်သဖွယ်ဖြစ်လျက် စိတ်ဆန္ဒအလျောက် ထောင်ကြွ လာစေနိုင်၏။ အမွှေးအတောင် အရောင်အသွေး လှပရာ၌ ကက်ဗီးတားကတ္တဝါမျိုးမှာ ပြိုင်ဖက်ကင်းပေသည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia