ကမ္ဘာဒြပ်ထု
ကမ္ဘာဒြပ်ထု (ME သို့မဟုတ် M🜨 သည် ကမ္ဘာအတွက် နက္ခတ္တဗေဒဆိုင်ရာ သင်္ကေတဖြစ်သည်) သည် ကမ္ဘာမြေ၏ ဒြပ်ထုနှင့်ညီမျှသော ဒြပ်ထု ယူနစ်ဖြစ်သည်။ လက်ရှိ အကောင်းဆုံး ခန့်မှန်းချက်မှာ M🜨 = ×1024 kg 5.9722 ဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ±0.0036)×1024 kg ဖြစ်ခဲ့ပြီး ယင်း၏ ပျမ်းမျှသိပ်သည်းမှုမှာ (5.9742 ဖြစ်သည်။ 5515 kg.m−3 ကမ္ဘာဒြပ်ထုသည် နက္ခတ္တဗေဒတွင် အခြားသောဂြိုဟ်များ၊ နေအဖွဲ့အစည်းအပြင်ဘက်ရှိဂြိုဟ်များ၏ ဒြပ်ထုကိုတိုင်းတာရာ၌ အသုံးပြုသော စံဒြပ်ထုယူနစ်ဖြစ်သည်။ ၁ နေဒြပ်ထုသည် ကမ္ဘာဒြပ်ထု ၃၃၃၀၀၀ နှင့် ညီမျှသည်။ ကမ္ဘာ၏ဒြပ်ထုကိုတိုင်းတာရာတွင် လကမ္ဘာ၏ဒြပ်ထုကို ဖယ်ထုတ်ထားသည်။ လကမ္ဘာ၏ဒြပ်ထုမှာ ကမ္ဘာ၏ ၁.၂ ရာခိုင်နှုန်းရှိသည်။ ထို့ကြောင့် ကမ္ဘာ+လကမ္ဘာ စနစ်သည် ×1024 kg ခန့်ရှိသည်။ 6.0456 ဒြပ်ထုအများစုကို သံ၊ အောက်ဆီဂျင်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ အလူမီနီယမ်နှင့် နီကယ်တို့ဖြင့် ရေတွက်သည်။ ကမ္ဘာ၏ဒြပ်ထုကို အတိအကျ တိုင်းတာရာတွင် ခက်ခဲသည်။ ကမ္ဘာဒြပ်ထုအား ၁၇၇၀ ခုနှစ်များတွင် Schiehallion experiment ဖြင့် စမ်းသပ်ခဲ့ရာ ၂၀ ရာခိုင်နှုန်း မှန်ကန်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia