ကမ္ဘာလောက

Hubble Space Telescope ဖြင့် ရိုက်ကူးထားသော ရုပ်ပိုင်းဆိုင်ရာကမ္ဘာ၏ ပုံရိပ်

ယေဘူယျသဘောအရ " ကမ္ဘာလောက" (အင်္ဂလိပ်: World) ဟူသော ဝေါဟာရသည် အရာဝတ္တုများ စုစုပေါင်း၊ အဖြစ်မှန် တစ်ခုလုံး သို့မဟုတ် အရာအားလုံးကို ရည်ညွှန်းသည်။[] ကမ္ဘာလောက၏ သဘောသဘာဝကို နယ်ပယ်အသီးသီးတွင် အယူအဆများ ကွဲပြားစွာ ခံယူထားကြသည်။ လောက(Universe) ဟူသည်မှာ တစ်ခုတည်း ရှိသည်ဟု အချို့က ခန့်မှန်းယူဆ၍၊ တစ်ခုမကသော "ကမ္ဘာလောကများ (Multiverses)" ရှိသည်ဟု အချို့က ခန့်မှန်းယူဆသည်။ ကမ္ဘာလောကကို ရိုးရှင်းသော အရာဝတ္ထု တစ်ခုအဖြစ် အချို့က သတ်မှတ်ကြပြီး စိတ်အပိုင်းများစွာဖြင့် ရှုပ်ထွေးသော အရာတစ်ခုအဖြစ် အချို့က သတ်မှတ် ခွဲခြမ်းစိတ်ဖြာကြသည်။ သိပ္ပံ(စိုင်းယန့်စ်နည်း)ကျ လောကဗေဒ တွင် ကမ္ဘာကြီး သို့မဟုတ် လောကကို "အာကာသနှင့် အချိန်၊ အရာအားလုံး၊ ဖြစ်ခဲ့ပြီးသော၊ ဖြစ်လိမ့်မည်ဖြစ်သော" ဟု အများအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ အခြားတစ်ဖက်တွင် Modality သီအိုရီများက အရာဝတ္ထုများ မည်သို့မည်ပုံ ဖြစ်နိုင်ခြင်းဟု ပြီးပြည့်စုံပြီး တသမတ်တည်းဖြစ်နိုင်သော နည်းလမ်းအဖြစ် ပြောဆိုကြသည်။ ရှုမြင်သုံးသပ်မှုဗေဒ အရ ကမ္ဘာကြီးအား အကြီးဆုံး မိုးကုတ်စက်ဝိုင်း သို့မဟုတ် "မိုးကုပ်စက်ဝိုင်းအားလုံး၏ မိုးကုတ်စက်ဝိုင်း" အဖြစ် သတ်မှတ်သည်။ စိတ်၏ဒဿန တွင် လောကသည် စိတ်၏ကိုယ်စားပြုသောအရာအဖြစ် စိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဓမ္မပညာ သည် ဘုရားသခင်နှင့်စပ်လျဉ်း၍ လောကကို အယူအဆပြုသည်။ ဥပမာ၊ ဘုရားသခင်၏ ဖန်ဆင်းမှုအဖြစ်သော်လည်းကောင်း၊ နှစ်ခုသည် အပြန်အလှန်မှီခိုနေသကဲ့သို့ဖြစ်ခြင်း သို့မဟုတ် ဘုရားသခင်နှင့် တူညီသည် ဟု ဆိုကြသည်။ ဘာသာတရား များတွင်၊ ဘာသာရေးကျင့်စဉ်အားဖြင့် ရှာဖွေရန် ဝိဉာဏလောကကို နှစ်သက်စေရန် ရုပ်ဝတ္ထု သို့မဟုတ် အာရုံလောကကို အဆင့်နှိမ့်ချရန် သဘောထားမျိုး ရှိတတ်သည်။ ဘာသာတရားများတွင် အများအားဖြင့် တွေ့ရသကဲ့သို့ ကမ္ဘာနှင့် ကျွန်ုပ်တို့၏နေရာတို့ကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုခြင်းအား လောကအမြင် ဟု လူသိများသည်။ Cosmogony သည် ကမ္ဘာလောကကို ဖန်တီးမှု သို့မဟုတ် မူလဇစ်မြစ်ကို လေ့လာသော ဘာသာရပ်ဖြစ်ပြီး eschatology သည် နောက်ဆုံးအရာများ သို့မဟုတ် ကမ္ဘာ၏အဆုံးပိုင်း၏ သိပ္ပံ သို့မဟုတ် အယူဝါဒကို ရည်ညွှန်းသည်။

ကိုးကား

  1. World။ Princeton University။ 14 August 2021 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya