ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့
WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization)သည် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်သည်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် တည်ထောင်ခဲ့သည်။ နိုင်ငံပေါင်း (၁၅၃) နိုင်ငံ ပါဝင်သည်။ ရုံးသုံး ဘာသာစကား အနေဖြင့် အင်္ဂလိပ်၊ ပြင်သစ်နှင့် စပိန် ဘာသာများကို အသုံးပြုသည်။ လက်ရှိ ညွှန်ကြားရေးမှူးချုပ်မှာ Pascal Lamy ဖြစ်သည်။ မူရင်း Website မှာ WTO ဖြစ်သည်။ သမိုင်းကြောင်းကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကိုဖွဲ့စည်းတည်ထောင်ရန် ကမ္ဘာ့နိုင်ငံများရည်သန်ခဲ့သည်မှာ ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ၌ အမေရိကန်နိုင်ငံ ဘရက်တန်ဝုဒ်တွင် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ ညီလာခံကျင်းပခဲ့စဉ်ကပင် ဖြစ်သည်။ ၁၉၄၄ ခုနှစ် ဘရက်တန်ဝုဒ် ညီလာခံတွင် စစ်အပြီးကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးပြန်လည်ထူထောင်ရန်၊ ကမ္ဘာ့ငွေကြေးစနစ် တည်ငြိမ်စွာ ရှင်သန်ဖွံ့ဖြိုးစေရန်၊ ကမ္ဘာ့ကုန်သွယ်မှုမျှတစွာ တိုးတက်ရန်နှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်တို့အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့တို့ကို တည်ထောင်ရန် ဆွေးနွေးခဲ့ရာတွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့ကို တည်ထောင်နိုင်ခဲ့ကြသော်လည်း နိုင်ငံတကာ ကုန်သွယ်မှုအဖွဲ့ တည်ထောင်ရေးအပေါ် အမေရိကန်ကွန်ဂရက်၏ သဘောတူညီမှု မရသဖြင့် ယင်းအဖွဲ့အစား ကုန်သွယ်မှုဆိုင်ရာ ပြဿနာများကို နိုင်ငံတကာဆွေးနွေးညှိနှိုင်းမှု ဖိုရမ်တစ်ရပ် ဖန်တီးကာ ထိုဖိုရမ်၌ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေထွေသဘောတူစာချုပ် (General Agreement on Tariff and Trade-GATT) တစ်ရပ်ကို ၁၉၄၇ ခုနှစ်တွင် နိုင်ငံ (၂၃) နိုင်ငံတို့ လက်မှတ်ရေးထိုးလျှက် GATT အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။ GATT စာချုပ်အဖွဲ့ ဖွဲ့စည်းပြီး ၁၀ နှစ်အကြာတွင် GATT ၏ဆောင်ရွက်မှုများအပေါ် လေ့လာသုံးသပ်သည့် အေဘနမူနမ အစီရင်ခံစာ၌ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကုန်သွယ်ရေးမူဝါဒများကြောင့် ကုန်သွယ်မှု၏ အကျိုးကျေးဇူးများကို ရသင့်သလောက်မရရှိဘဲ ဖွံ့ဖြိုးမှုနောက်ကျခဲ့ကြောင်း ဖော်ပြခဲ့သည်။ အေဘနမူနမ အစီရင်ခံစာနောက် ဆက်လက်၍ GATT ၏ ကော်မတီအများအပြားတို့က လေ့လာတင်ပြရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ သမားရိုးကျပို့ကုန်များအပြင် စက်မှုပို့ကုန်များကိုပါ အကောက်ခွန်၊ သွင်းကုန် အရေအတွက်ကန့်သတ်မှု၊ ပြည်တွင်းအခွန်များတို့ဖြင့် ကန့်သတ်တားဆီးကြကြောင်း ဖော်ပြခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဤပြဿနာများအားလုံးကို ၁၉၆၄ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံသို့ တင်ပြခဲ့ရာ ကမ္ဘာ့ကုန်သွယ်မှုစနစ်ကို သုံးသပ်ရန် United Nations Conference on Trade and Development (UNCTAD) အန်းတက်ကို ၁၉၆၅ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အန်းတက်၏ လေ့လာမှုအပေါ်အခြေခံ၍ GATT တွင် ပြုပြင်ပြောင်းလဲမှုပြုလုပ်ခဲ့သည် များအနက် အဓိက ပြောင်းလဲမှုတစ်ရပ်မှာ ၁၉၆၅ ခုနှစ် Kennedy Round တွင် ဖွံ့ဖြိုးမှု အဆင့်မတူသောနိုင်ငံများအား GATT အနေဖြင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် ခြားနားသော စည်းမျဉ်း များ differential treatment ဖြင့်ဆောင်ရွက်ရန် ပထမဦးဆုံးအနေဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ GATT အဖွဲ့၏ ချမ်းသာနိုင်ငံများအတွက် သီးခြားဦးစားပေးမှုသည်လည်း ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ ၁၉၇၃-၇၉ ခုနှစ် Tokyo Round ဆွေးနွေးမှုများတွင် ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အဓိက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရာ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်ခွင့်မရှိသည့် ပြဿနာကိုတင်ပြခဲ့သည့်အပြင် အနောက်အုပ်စုမှ လေ့လာသူ အချို့က GATT ၏ ဆွေးနွေးညှိနှိုင်းမှုများမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အကျိုးစီးပွားအတွက် အဓိပ္ပာယ်ရှိသော ညှိနှိုင်းဆောင်ရွက်မှုများကို ဆောင်ရွက်ပေးရန် ထည့်သွင်း စဉ်းစားမှုမပြုကြောင်း ဖော်ပြခဲ့သည်။ GATT ညှိနှိုင်းမှုများတွင် ဖွံ့ဖြိုးသော နိုင်ငံများ အချင်းချင်း ညှိနှိုင်းဆွေးနွေး သဘောတူထားသော ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကုန်သွယ်မှုတားဆီးခြင်း နည်းလမ်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများက ပါဝင်ဆွေးနွေးခွင့် မရှိဘဲ သဘောတူကြောင်း ပါဝင်လက်မှတ်ရေးထိုးကြရသည်ကိုလည်း ဖော်ပြခဲ့သည်။ ၁၉၇၀ နှစ်များမှစ၍ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးပြဿနာများ ကိုပြုပြင်ရန် ပိုမိုပြင်းထန်စွာ ဝေဖန်ပြစ်တင်မှုများ ပြုလုပ်လာရာ ကမ္ဘာ့ကုလသမဂ္ဂသည် ၁၉၇၄ ခုနှစ် အထွေထွေညီလာခံ၌ တရားမျှတမှုကို အခြေခံသော နိုင်ငံတကာစီးပွားရေးပုံစံသစ် တည်ထောင်ရေး (Establishment of New Internationl Economic Order - NIEO) မူကို ကြေညာခဲ့သည်။ ၁၉၇၀ နှစ်များမှ ၁၉၈၀ နှစ်များအထိ ကာလများတွင် စင်္ကာပူ၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် စက်မှုနိုင်ငံသစ်များ ပေါ်ထွန်းလာခြင်းနှင့် ယင်းနိုင်ငံတို့အပြင် အခြားထွန်းသစ်လာသော အာရှနိုင်ငံများ၊ လက်တင် အမေရိကနိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများ၏ နည်းပညာအမီလိုက်မှုနှင့် ပို့ကုန်တိုးချဲ့လာမှု၊ နိုင်ငံတကာ အရင်းအနှီး စီးဆင်းမှု အသွင်သဏ္ဌာန်ပြောင်းလဲကာ အမေရိကန်နိုင်ငံသည် ၁၉၈၀ နှစ်များမတိုင်မီက ကမ္ဘာ့အဓိက နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဇစ်မြစ်နှင့် ကမ္ဘာ့မြီရှင်အဖြစ်ရှိခဲ့ရာမှ၊ ၁၉၇၃ ခုနှစ် ရေနံအကြပ်အတည်း ဖြစ်ပေါ်ပြီး နောက်ပိုင်း ၁၉၈၀ ခုနှစ်များတွင် ကမ္ဘာ့အဓိက အရင်းအနှီးတင်သွင်းသောနိုင်ငံနှင့် ပြည်ပကြွေးမြီ အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိခြင်း၊ ဥရောပစီးပွားရေး ပေါင်းစည်းခြင်း၊ အရှေ့၊ အနောက် ဂျာမနီနိုင်ငံတို့ ပေါင်းစည်းခြင်း စီမံကိန်းစီးပွားရေးစနစ်နိုင်ငံများ ဈေးကွက်စနစ်သို့ ကူးပြောင်းခြင်း၊ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲကာ နိုင်ငံသစ် ၁၄ နိုင်ငံပေါ်ထွန်းလာပြီး ကမ္ဘာ့စီးပွားရေးစနစ်တွင် ပေါင်းစည်းပါဝင်လာခြင်း၊ အရှေ့အာရှနှင့် အရှေ့တောင် အာရှနိုင်ငံများ စီးပွားရေး မြင့်မားတိုးတက်ခြင်း၊ သတင်းဆက်သွယ်မှု နည်းပညာ လျင်မြန်တိုးတက်ဖွံ့ဖြိုးလာပြီး ထိုနည်းပညာကိုအသုံးပြု၍ နိုင်ငံတကာ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးထွားဖွံ့ဖြိုးလာခြင်း၊ နိုင်ငံစုံကော်ပိုရေးရှင်းများ၏ လုပ်ငန်းသည် နိုင်ငံတကာ၌ ရင်းနှီးမြုပ်နှံမှုများ ဖြန့်ကျက် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းများ နယ်စပ်ဖြတ်ကျော် ပေါင်းစည်းမှုများကြောင့်လည်းကောင်း၊ ရင်းနှီးမြုပ်နှံမှု ပမာဏများစွာ တိုးချဲ့ပြိုင်ဆိုင်မြှင့်တင်လာခြင်း၊ ရေနံတင်ပို့နိုင်ငံများအဖွဲ့ (Organization of Petroleum Exporting Countries-OPEC) ဖွဲ့စည်းကာ ရေနံထုတ်လုပ်ရောင်းချမှုကို လက်ဝါးကြီးအုပ်အဖွဲ့ (Cartels) အသွင် ထိန်းချုပ်ဆောင်ရွက်လာခြင်းနှင့် အခြားအလားတူ Cartel များ ပေါ်ပေါက်လာခြင်း၊ ရေနံဈေးနှုန်းကြီးမြင့်ခြင်း၊ ၁၉၆၀ နှစ်များ နောက်ပိုင်းတွင် အမေရိကန်နိုင်ငံပြင်ပရှိ ဒေါ်လာ ပမာဏ ကြီးထွားလာခြင်း၊ ၁၉၆၇ ခုနှစ် အမေရိကန်-ဗီယက်နမ်စစ်ပွဲဂယက် အကျိုးဆက်များကြောင့် အမေရိကန်ပြည်တွင်းစီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်လာခြင်း၊ အမရိကန်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို ရွှေဖြင့် လဲလှယ်ပေးခြင်းကို ရပ်စဲခဲ့ပြီး ပုံသေ နိုင်ငံခြားငွေလဲလှယ်နှုန်း ကျင့်သုံးမှုမှ နှုန်းရှင်စနစ်သို့ ပြောင်းလဲကျင့်သုံးမှုများ ဖြစ်ပေါ်ကာ နိုင်ငံတကာ ငွေလုံးငွေရင်း စီးဆင်းမှုများအပေါ် ထိမ်းချုပ်မှုများကို ဖြေလျော့ပေးမှုများ ဖြစ်ပေါ်လာခြင်း၊ ဒေသဆိုင်ရာ စီးပွားရေးအုပ်စုဖွဲ့မှုများ တိုးတက်များပြားလာခြင်း စသည့် အခြေအနေများသည် ကမ္ဘာ့နိုင်ငံများအကြား အပြန်အလှန်မှီခိုမှုကို လျင်မြန်စွာ တိုးမြင့်စေခဲ့သည်။ သို့ဖြစ်ရာ အမေရိကန်နိုင်ငံနှင့် အခြား ဖွံ့ဖြိုးပြီးနိုင်ငံများသည် တစ်ဖက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား လိုက်လျောမှုများ ပြုလုပ်လာသော်လည်း ဂတ်စည်းမျဉ်းနှင့် အကျုံးမဝင်သော အခြားနည်းလမ်းများ ဖန်တီး၍ ကုန်သွယ်မှုအတားအဆီးများကို ဆက်လက်ပြုလုပ် လာခဲ့သည်။ ၁၉၇၀-၈၀ နှစ်များတွင် ကမ္ဘာ့ဒေသများစွာ၌ စီးပွားရေး အကျပ်အတည်းများနှင့် အလုပ်လက်မဲ့ဦးရေ တိုးတက်မှုများဖြစ်ပေါ်ခဲ့ကာ ဥရောပနှင့် မြောက်အမေရိကနိုင်ငံများသည် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများ ချမှတ်ကျင့်သုံးခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ကြေးများ ပေးခြင်းတို့ကိုလည်း ပြုလုပ်လာကြသည်။ ၁၉၇၀ နှစ်များနောက်ပိုင်းတွင် အမေရိကန်နိုင်ငံ အပါအဝင် စက်မှုနိုင်ငံများ၏ စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်မှု နှေးကွေးကာ နိုင်ငံတကာ၌ ငွေကြေးဖေါင်းပွမှု အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဖွံ့ဖြိုးဆဲဲနိုင်ငံတို့၏ ပို့ကုန်ဈေးနှုန်းတို့နှင့် ပို့ကုန်ဝင်ငွေများ ကျဆင်းခဲ့သည်။ သို့ရာတွင် ဂတ်၏ ကြိုးပမ်းမှုအရ အကောက်ခွန်နှုန်းထားများ၊ အထူးသဖြင့် စက်မှုထုတ်ကုန်များအပေါ် ကောက်ခံသော အကောက်ခွန်နှုန်းထားများကို လျော့ချနိုင်ခဲ့ရာ ၁၉၉၀ နှစ်များ အစောပိုင်းတွင် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၉၀ နှစ်များအတွင်း GATT သည် ကမ္ဘာ့ကုန်သွယ်ရေး ဆွေးနွေးပွဲ ၈ ကြိမ်ပြုလုပ်ပြီး အကောက်ခွန်လျော့ချမှုများ ပြုလုပ်ခဲ့၍ ကမ္ဘာ့ကုန်သွယ်မှုများစွာ တိုးတက်ခဲ့ရာတွင် GATT ၏ ဆောင်ရွက်မှုများကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ကုန်သွယ်မှုမှ အကျိုးရရှိမှုများစွာ သာလွန်ခဲ့သည်။ မျက်မှောက်ကမ္ဘာ့ ကုန်သွယ်မှုတွင် အများဆုံးပါဝင်သော နိုင်ငံ ၂၅ နိုင်ငံတွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ စက်မှုနိုင်ငံသစ်များ (Newly Industrialization Economies - NIEs) ဖြစ်လာသော နိုင်ငံ ၈ နိုင်ငံတို့ပါဝင် လာသည်။ ၁၉၅၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်သောဝေစုမှာ ၃၅ %နှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့၏ ဝေစုသည် ၆၅ % ရှိခဲ့ရာမှ၊ ၁၉၇၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်မှုသည် ၂၀.၅ % ရှိသည်။ ၁၉၈၂-၉၂ ခုနှစ်များတွင် ယင်းနိုင်ငံများ၏ ကမ္ဘာ့ပို့ကုန်ပမာဏတွင် ပါဝင်မှုသည် ၁၆ % မှ ၂၀ % သို့ တိုးတက်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကမ္ဘာ့ကုန်သွယ်ရေးတွင် ပါဝင်မှုသည် ၂၅ % ရှိလာသည်။ GATT တည်ထောင်စမှ ၄၇ နှစ်တာ ကာလသက်တမ်းအတွင်း GATT ၏အခြေခံမူ ပြဋ္ဌာန်းချက်များကို မပြောင်းလဲခဲ့ဘဲ အကောက်ခွန် လျော့ချရေးနှင့် အဖွဲ့ဝင်ဦးရေ တိုးတက်ရေးကိုသာ ဆွေးနွေးခဲ့ကြသည်။ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး အဆောက်အအုံတွင် ဖွဲ့စည်းမှု ပုံသဏ္ဌာန်များ ပြောင်းလဲလာပြီးနောက် ၁၉၇၀ ပြည့်လွန်နှစ်များမှ စ၍ GATT ဆောင်ရွက်မှုများသည် ကမ္ဘာ့စီးပွားရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆီလျော်မှုမရှိသလို ဖြစ်လာခဲ့သည်။ ထိုနှစ်များတွင် ဖွံ့ဖြိုးပြီးနိုင်ငံများက ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒများ ကျင့်သုံးလာမှုများသည် GATT ၏ မျှော်မှန်းချက်များကို ထိခိုက်သည့်အပြင် GATT စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများကို ဖွံ့ဖြိုးသော နိုင်ငံများသာမက ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ကျင့်သုံးလာခဲ့ရာ ကုန်သွယ်ရေး အငြင်းပွားမှုများ ပိုမိုများပြားလာပြီး Tokyo Round ဆွေးနွေးမှုများ အောင်မြင်မှု နည်းပါးခဲ့သည်။ အထူးသဖြင့် ကုန်သွယ်ရေး အငြင်းပွားမှုများနှင့် ပတ်သက်၍ GATT တွင် ချို့ယွင်းချက်များ ရှိလာခဲ့ခြင်းနှင့် အခြား လိုအပ်ချက်များကြောင့် ဥရုဂွေး ဆွေးနွေးပွဲတွင် GATT အစား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ WTO အကြောင်းကို ဆွေးနွေးရာတွင် GATT စာချုပ်အဖွဲ့၏ အကြောင်းကို ပြည့်စုံစွာ ဖော်ပြရန်လိုသည်။ အမှန်အားဖြင့် GATT သည် ကမ္ဘာ့ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ပြုလုပ်သော နိုင်ငံများ၏ ကုန်သွယ်ရေး ပြဿနာများ ဆွေးနွေးညှိနှိုင်းရေး နိုင်ငံတကာ သဘောတူ စာချုပ်သာဖြစ်ပြီး၊ အာဏာပိုင်အဖွဲ့အစည်းအဖြစ် တည်ထောင်ထားခြင်း မဟုတ်ပါ။ GATT လုပ်ငန်းများကို အမြဲတမ်း ဝန်ထမ်းများဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ အဖွဲ့ဝင်နိုင်ငံများမှ ကျွမ်းကျင်သူများ၊ အဖွဲ့အစည်းများ၏ ယာယီသဘော ပါဝင်ဆောင်ရွက်မှုဖြင့် အတွင်းရေးမှုရုံး အဖွဲ့ငယ်၏ ဆောင်ရွက်မှုအရ လုပ်ကိုင်ပါသည်။ အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာ အထွေအထွေ သဘောတူစာချုပ်အဖွဲ့ General Agreement on Tariffs and Trade ခေါ်ဂတ် အဖွဲ့၏အကြောင်းကို အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုအပိုင်းတွင် GATT နှင့် ပက်သက်၍ ပိုမိုပြည့်စုံစွာတင်ပြပါမည်။ ၁၉၈၆-၁၉၉၃ နှစ်များတွင်ကျင်းပသော GATT ၏ ဥရုဂွေးဆွေးပွဲများ၌ ကမ္ဘာ့ကုန်သွယ်မှု ပြဿနာများကို ညှိနှိုင်းဆွေးနွေးရာတွင် GATT အနေဖြင့်ညှိနှိုင်းဖြေရှင်းမှု၊ အဆုံးအဖြတ်ပေးနိုင်မှု အခွင့်အာဏာမရှိသဖြင့် ကုန်သွယ်မှုပြဿနာများ ပြေလည်စေရေးအတွက် ဆုံးဖြတ်ပိုင်ခွင့် အာဏာအပ်နှင်းခံရသည့် ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ ဖွဲ့စည်းတည်ထောင်ရေးကို GATT စာချုပ်အဖွဲ့ဝင် နိုင်ငံများ သဘောတူခဲ့ကြသည်။ ဥရုဂွေးဆွေးနွေးပွဲ၏ အပြီးသတ် သဘောတူညီချက်အရ WTO ဖွဲ့စည်းတည်ထောင်ရန် သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၂၅ နိုင်ငံတို့က ၁၉၉၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် မိုရိုကိုနိုင်ငံ မာရာကတ်ရှ်မြို့၌ GATT ၏ ဝန်ကြီးအဆင့် အစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့ကာ ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် WTO အဖွဲ့စတင် အသက်ဝင်ခဲ့သည်။ WTO သည် GATT ကို ဆက်ခံသော်လည်း GATT ၏ ကုန်သွယ်မှုစနစ်၏ အားနည်ချက်များကို ရှောင်ရှားရန်နှင့် ကမ္ဘာ့ကုန်သွယ်မှုကို မျှတစွာ တိုးတက်ဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်ရန် ရည်ရွယ်ချက်များထားရှိသည်။ WTO ၏အခြေခံမူများ
လုပ်ငန်းတာဝန်များWTO စီမံခန့်ခွဲရသော နိုင်ငံတကာကုန်သွယ်မှု သဘောတူ စာချုပ်များသည် နိုင်ငံအစိုးရများနှင့် သီးခြားအကောက်ခွန်နယ်မြေများ ( Nation states and customs territories) အကြား သဘောတူညီချက်များနှင့် အစိုးရမူဝါဒ သဘောတူညီချက်များဖြစ်ပြီး၊ အစိုးရများက ကုန်သွယ်မှုနှင့်၊ သွင်းကုန်များ၏ ပြည်တွင်းဈေးကွက်တွင် ယှဉ်ပြိုင်မှုအခြေအနေတို့အပေါ် ကြီးကြပ်ဆောင်ရွက်မှုများအား ထိန်းချုပ်ပါသည်။ WTO ၏ လုပ်ငန်းများနှင့် တာဝန်များကို အောက်ပါအတိုင်း ဖော်ပြအပ်သည်- (က) ဥရုဂွေးရောင်းဆွေးနွေးပွဲမှ ပေါ်ထွက်လာသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု သဘောတူစာချုပ်များ (Multilateral Trade Agreements - MTAs) နှင့် ကမ္ဘာ့နိုင်ငံ အားလုံးမဟုတ်ဘဲ နှစ်နိုင်ငံအထက်ပါဝင်သော နိုင်ငံများအကြား ကုန်သွယ်မှု သဘောတူ စာချုပ်များ (Plurilateral Trade Agreements-PTAs) တို့၏ လုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေးအတွက် ပံ့ပိုးကူညီစီမံခန့်ခွဲခြင်း။ (ခ) အထက်ဖော်ပြပါ သဘောတူစာချုပ်များပါ နိုင်ငံတကာကုန်သွယ်မှု လုပ်ငန်းများဖြင့် ဆက်နွယ်သော ကိစ္စရပ်များအားလုံးကို WTO ဆွေးနွေးမှုဖိုရမ်တွင် အဖွဲ့ဝင်များ အချင်းချင်း ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခြင်းနှင့် WTO သည် အဖွဲ့ဝင်များ၏ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြဿနာများ ညှိနှိုင်းဆွေးနွေးရာ နေရာအဖြစ် ပံ့ပိုးခြင်း။ (ဂ) WTO ဝန်ကြီးအဆင့် ညီလာခံတွင် ချမှတ်သော ဆွေးနွေးညှိနှိုင်းမှု ရလဒ်များကို အကောင်အထည် ဖော်ရာတွင် ကူညီပံ့ပိုး ဆောင်ရွက်ခြင်း။ (ဃ) ကုန်သွယ်ရေး အငြင်းပွားမှုများအား ဖြေရှင်းမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုများအား နိုင်ငံတကာ သဘောတူညီမှုများ (MTAs) နှင့် နိုင်ငံအချို့တို့ သဘောတူညီမှုများ (PTAs) ဟူ၍ ပိုင်းခြားဆောင်ရွက်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် နားလည်မှုစာချွန်လွှာများ ပြုလုပ် ဆောင်ရွက်ခြင်း။ (င) ကုန်သွယ်မှုမူဝါဒ ပြန်လည်သုံးသပ်မှုယန္တရား၏ လုပ်ငန်း(Trade Policy Review Mechanism-TPRM) များဖြင့် နိုင်ငံတို့၏ ကုန်သွယ်မှု မူဝါဒများအား ကြီးကြပ်ခြင်း။ (စ) အပြည်ပြည်ဆိုင်ရာ စီးပွားရေးမူဝါဒ ပူးပေါင်းဆောင်ရွက်မှုများအတွက် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း၏ အခြားလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အပြည်ပြည်ဆိုင်ရာ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် သို့မဟုတ် ကမ္ဘာ့ဘဏ် ( International Bank for Reconstruction and Development- IBRD) နှင့် ၎င်းလက်အောက်ခံ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ (ဆ) ဖွံ့ဖြိုးဆဲနိုင်ငံများအား ကျွမ်းကျင်မှု အကူအညီပေးခြင်းနှင့် လုပ်နိုင်စွမ်း တည်ဆောက် မြှင့်တင်မှုတွင် အားပေးကူညီခြင်း။ (ဇ) WTO အဖွဲ့အစည်း ပိုမိုကြံခိုင်မှုရှိရန် ကြိုးပမ်းဆောင်ရွက်ခြင်း။ WTO ၏ဖွဲ့စည်းပုံအနေအထား(က) ဝန်ကြီးများအဆင့်ညီလာခံ Ministerial Conference (၂) နှစ်တစ်ကြိမ်ကျင်းပသည်။ (ခ) အထွေထွေကောင်စီ(General Council)။ ဝန်ကြီးများအဆင့် ညီလာခံ ကြားကာလတွင် တာဝန်ယူသည်။
(ဂ) ကောင်စီများ(Councils)
(ဃ) ကော်မတီများနှင့် အခြားအထောက်အကူပြုအဖွဲ့များ(Committees and other subsidiary bodies)ပါဝင်သည်။ ဝန်ကြီးအဆင့် ညီလာခံ (Ministerial Conference-MC)။ WTO အဖွဲ့တွင် ဝန်ကြီးအဆင့် ညီလာခံ (Minister Conference - MC) သည် အမြင့်ဆုံး အာဏာပိုင်ဖြစ်သည်။ MC တွင် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သည်။ MC သည် WTO ၏ အမှုဆောင်အဖွဲ့ဖြစ် သကဲ့သို့ WTO လုပ်ငန်းများဆောင်ရွက်မှုကို တာဝန်ယူရသည်။ MC သည် သက်ဆိုင်ရာ နိုင်ငံတကာကုန်သွယ်မှု သဘောတူစာချုပ် (MTA) အရ ဆောင်ရွက်ရန်ကိစ္စရပ်များအတွက် ဆုံးဖြတ်ချက် ပြုလုပ်ပိုင်ခွင့်ရှိသည်။ MC ကို အနည်းဆုံး (၂) နှစ် တစ်ကြိမ် ကျင်းပရသည်။ အထွေထွေကောင်စီ (General Council-GC)။ အထွေထွေကောင်စီသည် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အမှုဆောင် ဆွေးနွေးမှုဖိုရမ် တစ်ရပ်ဖြစ်သည်။ GC သည် ဝန်ကြီးအဆင့်ညီလာခံကို တာဝန်ခံရပြီး၊ ညီလာခံတစ်ခုနှင့် တစ်ခုအကြားတွင် ဝန်ကြီးအဆင့် ညီလာခံများက ချမှတ်သောလုပ်ငန်းများကို GC ကတာဝန်ယူ ဆောင်ရွက်ပါသည်။ GC သည် လိုအပ်သလို တွေ့ဆုံစည်းဝေးပါသည်။ GC သည် ၎င်း၏လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကိုလည်းကောင်း၊ WTO ၏ လုပ်ငန်းဆိုင်ရာ ကောင်စီများဖြစ်သည့် Council for Trade in Goods, Council for Trade in Services နှင့် Council for Trade-Related Aspects for Intellectual Property Rights (TRIPS) တို့အတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို အတည်ပြုချမှတ်ပေးပါသည်။ GC သည်-
GC သည် ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ကုန်သွယ်ရေးမူဝါဒ ပြန်လည် သုံးသပ်မှု လုပ်ငန်းအဖွဲ့တို့ကို သီခြားအဖွဲ့ဥက္ကဋ္ဌများ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင် ရွက်စေနိုင်သည်။ GC သည်၎င်း၏လမ်းညွှန်၊ ကြီးကြပ်မှုအောက်တွင် အောက်ပါလုပ်ငန်း ကောင်စီ ၃ ရပ်ကို ဖွဲ့စည်းထားရှိသည်-
အထက်ပါကောင်စီတို့၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို GC ကအတည်ပြုချမှတ် ပါသည်။ အဆိုပါ ကောင်စီတို့တွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များအားအဖွဲ့ဝင် အဖြစ် လွတ်လပ်စွာဝင်ရောက်ခွင့်ပြုပါသည်။ ထိုကောင်စီသုံးရပ်သည် လိုအပ်ပါက လက်အောက်ခံ အဖွဲ့အစည်းများဖွဲ့စည်းတည်ထောင်နိုင်သည်။ လက်အောက်ခံအဖွဲ့တို့၏ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းများကို သက်ဆိုင်ရာကောင်စီတို့က အတည်ပြုသတ်မှတ် ပေးပါသည်။ ဝန်ကြီးအဆင့် ညီလာခံက ဖွဲ့စည်းသောကော်မတီများ။ ဝန်ကြီးအဆင့်ညီလာခံသည်အောက်ပါလုပ်ငန်း ကော်မတီ ၃ရပ်ဖွဲ့စည်း၍ လုပ်ငန်းများ ကိုဆောင်ရွက်စေသည်-
အထက်ပါလုပ်ငန်းကော်မတီများသည် GC ကအထူးတာဝန်ပေးအပ်သည့် လုပ်ငန်းများကိုလည်းဆောင်ရွက်ရသည်။ ဤကော်မတီများသို့ WTO အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များလွတ်လပ်စွာဝင်ရောက်နိုင်သည်။ ကုန်သွယ်မှုဖွံ့ဖြိုးမှုကော်မတီ (Committe on Trade and Development)သည် MTA ပါ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အခွင့်အလမ်း ပေးသည့် အထူးပြဋ္ဌာန်းချက်စည်းကမ်းများအပေါ် ကာလအလိုက် ပြန်လည်သုံးသပ်ပြီး၊ သင့်လျော်သည့် အရေးယူဆောင်ရွက်မှုပြုနိုင်ရန် GC သို့ အစီရင်ခံရသည်။ PTA သဘော တူညီမှု လုပ်ငန်းအဖွဲ့များသည် WTO လုပ်ငန်းမူဘောင်အတွင်းဆောင်ရွက်ရပြီး ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို GC သို့ပုံမှန်တင်ပြရသည်။ အခြားအဖွဲ့အစည်းများနှင့်ဆက်ဆံရေး။ GC သည် WTOနှင့် လုပ်ငန်းဆက်နွယ်မှုရှိသော အခြား အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဥပမာ- UNCTAD , UNDP, ITC, IMF ကမ္ဘာ့ဘဏ်စသည်တို့နှင့် ထိရောက်သောပူးပေါင်းဆောင်ရွက်မှုပြုနိုင်ရန် အစီအစဉ်ချမှတ် ဆောင်ရွက်ရသည်။ စင်စစ်အားဖြင့် WTO, IMF, ကမ္ဘာ့ဘဏ် စသည်တို့သည် ကမ္ဘာ့စီးပွား ရေးမူဝါဒချမှတ်ဖော်ဆောင်သော အဖွဲ့အစည်း ၃ ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းသုံးခုတို့ အကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအတွက် WTO ၏ GC အစည်းအဝေးများ နှင့်ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် WTO အကြီးအကဲနှင့်အတူ IMF ကမ္ဘာ့ဘဏ် အကြီးအကဲတို့ တက်ရောက်ရသည်။ WTO လုပ်ငန်းများနှင့် သက်ဆိုင်မှုရှိသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့်အကြံပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများပြုလုပ်ရန် အတွက် အစီအစဉ်များချမှတ်ဆောင်ရွက်နိုင်သည်။ အထွေထွေအတွင်းရေးမှူးရုံးဤရုံးကို ညွှန်ကြားရေးမှူးချုပ်က ဦးစီးပါသည်။ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ မြို့တွင်ရုံးစိုက်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ကို ဝန်ကြီးအဆင့်ညီလာခံက ခန့်အပ်သည်။ ညွှန်ကြားရေးမှူးချုပ်ရုံး နှင့်စပ်လျဉ်းသည့်စည်းမျဉ်းစည်းကမ်းများကို ဝန်ကြီး အဆင့် ညီလာခံက ချမှတ်ပေးပါသည်။ လက်ရှိညွှန်ကြားရေးမှူးချုပ်မှာ Mr.Supachai Panitchpakdi ဖြစ်သည်။ ညွှန်ကြားရေးမှူးချုပ်ရုံး၏ အရာထမ်းများကို ဝန်ကြီးအဆင့်ညီလာ ခံကချမှတ်သောစည်းမျဉ်းများနှင့်အညီ ညွှန်ကြားရေးမှူးချုပ်က ခန့်အပ်နိုင်သည်။ ညွှန်ကြားရေး မှူးချုပ်ရုံးသည် နိုင်ငံတကာအဖွဲ့အစည်း အသွင်လက္ခဏာရှိပြီး မည်သည့်အဖွဲ့ဝင်နိုင်ငံ၏ လမ်းညွှန်မှု အကြံပြုမှုတို့နှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိစေရပါ။ ညွှန်ကြားရေးမှူးချုပ်သည် WTO ၏ နှစ်စဉ်ဘတ်ဂျက်နှင့် ဘဏ္ဍာရေးရှင်းတမ်းများပြင်ဆင်ရေးဆွဲရန် တာဝန်ရှိသည်။ ထိုစာရင်းရှင်းတမ်းများကို WTO ဘတ်ဂျက်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရသည်။ ကော်မတီက နှစ်စဉ် ဘတ်ဂျက်ခန့်မှန်းခြေများ၊ ဘဏ္ဍာရေးရှင်းတမ်းများကို သုံးသပ်၍ ထောက်ခံချက်များ ပြုလုပ်ပြီး GC သို့တင်ပြရသည်။ အထက်ပါကော်မတီသည် ၁၉၄၇ ခုနှစ် GATT စည်းမျဉ်းများနှင့် လက်တွေ့ဆောင်ရွက်မှုများကို အခြေခံ၍ ဘဏ္ဍာရေးစည်းမျဉ်းများ ရေးဆွဲရသည်။ ထိုဘဏ္ဍာရေးစည်းမျဉ်းများတွင် အောက်ပါတို့နှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ပါရှိရသည်-
အထွေထွေအတွင်းရေးမှူးရုံးတွင် နိုင်ငံတကာမှအမြဲတမ်းဝန်ထမ်းဦးရေ (၆၀၈)ဦးကို ခန့်ထား ဆောင်ရွက်ပါသည်။ ယင်းတို့အနက်အဆင့်မြင့်စီမံခန့်ခွဲမှု အရာရှိ(၆)ဦး၊ ဒါရိုက်တာ (၂၇)ဦး၊ ပုံမှန်ဝန်ထမ်း (၅၇၅)ဦးတို့ ပါဝင်သည်။ GC သည် WTO အဖွဲ့ဝင် ဦးရေ ထက်ဝက်ကျော်တို့၏ သဘောတူညီမှုဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် နှစ်စဉ်ဘတ်ဂျက်တို့ကို သတ်မှတ်ရသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် GC က။ ပြဋ္ဌာန်းသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ WTO။၏ ကုန်ကျစရိတ်များကာမိစေရန် ထည့်ဝင်ရမည့်ဝေစုကို။ စောလျှင်စွာ ထည့်ဝင်ရန် လိုအပ် ပါသည်။ ၂၀၀၄ ခုနှစ်တွင်အဖွဲ့ဝင် ၁၆၄ နိုင်ငံတို့၏ စုစုပေါင်း ထည့်ဝင်မှုပမာဏမှာ ၁၆၀ ,၃၇၈,၇၇၆ စီအိချ်အက်ဖ်(CHF) ရှိသည်။ WTO ၏ရပ်တည်မှု WTOသည်ဥပဒေပြုမှုအခွင့်အာဏာရှိသောအဖွဲ့အစည်းဖြစ်သည်။ WTO အဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များနှင့်အရာရှိများအားလုံးသည် ၁၉၄၇ ခုနှစ်နိုဝင်ဘာ ၂၁ ရက် နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လက်ခံအတည်ပြုထားသော အထူးအေဂျင်စီများ၏ အခွင့် အရေးခံစားခွင့်များနှင့်ကင်းလွတ်ခွင့်များဆိုင်ရာ သဘောတူညီချက်အရ ရရှိအပ်သောနိုင်ငံတကာ အခွင့်ထူးခံစားခွင့်များနှင့်သက်သာခွင့်များကို ခံစားနိုင်ခွင့်ရှိသည်။ WTO ၏ဆုံးဖြတ်ချက်ချမှတ်ပုံ။ WTO ၏ဆုံးဖြတ်ချက်များကို ဝန်ကြီးအဆင့်ညီလာခံ နှင့်အထွေထွေ ကောင်စီတို့တွင် ဆန္ဒမဲအများစုရရှိမှုအပေါ်မူတည်၍ ဆုံးဖြတ်ချက်ချမှတ် ပါသည်။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလျှင်ဆန္ဒမဲ တစ်မဲပေးပိုင်ခွင့်ရှိသည်။ ဥရောပနိုင်ငံများ အဖွဲ့အ နေဖြင့် ဥရောပသမဂ္ဂဝင်၊ WTO အဖွဲ့ဝင်နိုင်ငံများ အညီအမျှ ဆန္ဒမဲတစ်မဲစီပေး ပိုင်ခွင့်ရှိသည်။ ဝန်ကြီးအဆင့်ညီလာခံနှင့် အထွေထွေကောင်စီတို့သည် WTO တည်ထောင်ခြင်း ဆိုင်ရာ သဘောတူညီချက်နှင့်။ နိုင်ငံတကာ ကုန်သွယ်မှုသဘောတူညီချက်များကို ရှင်းလင်းဖော်ပြရန် အခွင့်အာဏာအပြည့်အဝရှိသည့် နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်ပါ အဓိပ္ပာယ်ရှင်း လင်းဖော်ပြချက်တစ်ရပ်ရပ်ကို ဝန်ကြီးအဆင့်ညီလာခံနှင့် အထွေထွေကောင်စီအနေဖြင့် သီးခြား ကောင်စီတစ်ရပ်ရပ်၏ ကြီးကြပ်မှုနှင့်ဆိုင်သော လုပ်ငန်းဆိုင်ရာ ရှင်းလင်းချက်ဖြစ်ပါက ထိုသီးခြားကောင်စီ၏ ထောက်ခံတင်ပြချက်များ ပေါ်အခြေခံ၍ ရှင်းလင်းဖွင့် ဆိုနိုင်သည်။ သဘောတူညီမှုပါစကားရပ်၏ အဓိပ္ပာယ်ရှင်းလင်းဖော်ပြမှုအပေါ် အဖွဲ့ဝင်နိုင်ငံများ၏ လေးပုံ သုံးပုံ တို့၏သဘောတူညီမှုရလျှင် ထိုစကားရပ်ရှင်းလင်းဖွင့်ဆိုမှုကို အတည်ပြုချမှတ်နိုင်သည်။ မူလအဖွဲ့ဝင်များWTO ၏မူလအဖွဲ့ဝင်များမှာ အောက်ပါတို့ပါဝင်သည်။
WTO အဖွဲ့ဝင်တို့၏အခွင့်အရေးများWTOအဖွဲ့ဝင်နိုင်ငံတို့သည် အောက်ပါအခွင့် အရေးများ ကို ရရှိခံစား နိုင်သည်-
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ခြင်းGATT အဖွဲ့ဝင်နိုင်ငံများသည် ဥရုဂွေးဆွေးနွေး ပွဲသ ဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး၊သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေပြု အဖွဲ့မှ အတည်ပြုပြီးပါက ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏အဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ အကယ်၍ယခင်က GATT အဖွဲ့ဝင်မဟုတ်ဘဲ ယခုမှကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင်ဖြစ်လိုပါက အောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်-
WTO ဝင်ရောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများWTO အဖွဲ့ဝင်ရောက်ပြီး ကမ္ဘာ့ ကုန်သွယ်မှု စနစ်တွင်ပါဝင်ခြင်းဖြင့် အောက်ပါအကျိုးကျေုးဇူးများရရှိနိုင်သည်။ WTO ကြီးမှူး သောကမ္ဘာ့ကုန်သွယ်မှုစနစ် သည်-
ကိုးကား
|
Portal di Ensiklopedia Dunia