ကရင်ဆိုဒါ

ကရင်ဆိုဒါ (အင်္ဂလိပ်: cream soda) သည် အချိုရည်တမျိုးဖြစ်သည်။ အိုက်ကရင်ဆိုဒါ၏အရသာကို အခြေခံကာ သစ်ခွအရသာဖြည့်ထားခြင်း ဖြစ်သည်။ ကမ္ဘာအနှံ့၌ မျိုးကွဲများစွာကို တွေ့နိုင်သည်။

နောက်ခံသမိုင်း

ကရင်ဆိုဒါလုပ်နည်းကို အက်ဒဝပ်ရှယ်ဒန်က ရေးသား၍ မီရှီဂန်လယ်သမား မဂ္ဂဇင်းတွင် ၁၈၅၂ ခုက ဖော်ပြခဲ့သည်။  သူ့နည်းမှာ ရေ၊ တာတာမှုန့် (ပိုတက်ဆျံ ဘိုင်တာထြိတ်)၊ ဆားခါး၊ သကြား၊ ကြက်ဥ၊ နို့တို့ကို ရောမွှေပြီး ကြိုသည်။ နောက် အအေးခံကာ မုန့်ဖုတ်ဆော်တာ (ဆိုဒျံ ဘိုင်ကာဘွန္နိတ်) ထည့်ပြီး အမြှုပ်ထွက်စေသော သောက်စရာကို ဖန်တီးသည်။ ထိုကာလက မိန်းဥပဒေကြောင့် အရက်ချက်ခွင့်များ ပိတ်ထားရာ အရက်ပုန်းသောက်နေရသူတို့အတွက် အပြင်းလျှော့ရည်အဖြစ် ဖော်စပ်ထားခြင်း ဖြစ်သည်။

အလားတူနည်းကို နယူးဂျာစီပြည်နယ်၊ ဗီယင်နာမြို့မှ အလက်ဇန္ဒြားဟိုဝဲဆိုသူက ၁၈၆၅ ခု၊ ဇွန်လ ၂၇ ရက်တွင် ကရင်ဆိုဒါရည်အဖြစ် မူပိုင်ခွင့်တင်သည်။ သူ့နည်းတွင် ဂျုံမှန့်ထပ်ဖြည့်ထားပြီး အရသာအတွက် သစ်ခွအပြင် သံပရာ နာနတ်တို့ကိုလည်း သုံးနိုင်ကြောင်း ဆိုထားသည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya