ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (အင်္ဂလိပ်: Karenni National Solidarity Organization; အတိုကောက် KNSO) သည် ကရင်နီပြည်မော်ချီးဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့ ဖြစ်သည်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ - ကြယ်ဖြူ(KNSO) က ခွဲထွက်ပြီး ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် တပ်မတော်နှင့် ပစ်ခတ်ရပ်စဲရေးယူခဲ့သည်။[][]

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့၊ ဌာနချုပ်ရုံးတည်ရှိသော ခဲမဖြူရွာအတွင်းသို့ တပ်မတော်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ မော်ချီးရှိ ကျေးရွာများသို့ ရှော့တိုက်ဒုံးများပစ်ခတ်ခြင်းများကြောင့် ကရင်နီပြည် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်သွားမည်ဟု ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။[]

ကိုးကား


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya