ကရင်အမျိုးသားအလံတော်
၁၉၃၆ခုနှစ် ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရလက်ထက်တွင် ကရင်အမျိုးသား အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အရ လွှတ်တော်အတွင်းရှိ ကရင်အမတ်များသည်
ဤတောင်းဆိုချက်များရရှိသောအခါ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားများထံ ကရင်အမျိုးသားအလံ ပုံစံများရေးဆွဲ၍ တင်ပို့ကြရန်မေတ္တာရပ်ခံခဲ့သည်။ ကရင်အမျိုးသား အဖွဲ့ချုပ်ကြီး ၏ မေတ္တာရပ်ခံချက်အရ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများထံမှ အလံပုံစံပေါင်း တစ်ရာကျော်ရောက်ရှိလာခဲ့ သည်။ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးသည် ရှောက်ရှိလာသော ကရင်အလံပုံစံတစ်ရာအနက်မှ အလံပုံစံ ၁၂ ခုကို ပဏာမအဆင့် ရွေးချယ်လိုက်သည်။ ထိုမှတဆင့် (၁၂)ခုအနက်မှ စိတ်ကြိုက်(၃)ခုကို ထပ်မံရွေးချယ်ခဲ့သည်။ နောက်ဆုံး(၃)ခုမှ အသင့်တော်ဆုံး အကြိုက်ဆုံးတစ်ခုကို အတည်ပြုရွေးချယ်ခဲ့သည်။ ဤသို့နောက်ဆုံးအတည်ပြု ရွေးချယ်လိုက်သော အလံမှာ မန်းဘခင် (ဝန်ကြီးဟောင်း) ရေးဆွဲသောအလံ ပုံစံပင်ဖြစ်သည်။ ယခုတရားဝင် အတည်ပြုသုံးစွဲနေသော အလံတော်သည် ဤအလံပင်ဖြစ်သည်။ အနီရောင်၊ အဖြူရောင်၊ အပြာရောင် သုံးရောင်ခြယ်ပေါ်တွင် တက်သစ်စနေဝန်းနှင့် ဖားစည်ပါရှိသော အလံသည် ကရင်အမျိုးသားအလံပင်ဖြစ်သည်။ ဤသို့အနီ၊ အဖြူ၊ အပြာ သုံးရောင်ခြယ်နှင့် တက်သစ်စနေဝန်း ဖားစည်ပါရှိသော အလံနှင့်ပတ်သက်၍ အဓိပ္ပယ်အနှစ်သာရကို အလံပုံစံရှင် မန်းဘခင်သည် အောက်ပါအတိုင်း အဓိပ္ပာယ်နှင့် အနှစ်သာရကို ဖော်ဆောင်ထားပေသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားအလံတော်ကို လူထုအစည်းအဝေးပွဲများနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားများတွင် ပြည်ထောင်စုအလံတော်နှင့် ယှဉ်တွဲ၍ စိုက်ထူကြသည်။ အခြားကြည့်ရန် |
Portal di Ensiklopedia Dunia