ကရင်အမျိုးသားအသင်း

ကရင်အမျိုးသားများဟာ ကရင်အမျိုးသားအသင်းကြီးဖြစ်တဲ့ (KNA) ကို (၁၈၈၁) ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့သည်။ Karen National Association (KNA) ကို ကရင်အမျိုးသားတွေကတော့ ဒေါကလူ လို့ ခေါ်ဝေါ်ကြပြီး၊ ပထမဆုံး သော ဥက္ကဋ္ဌဟာ ဒေါက်တာ တီးသံပြာ ဖြစ်သည်။ ကရင်မျိုးနွယ်စု အားလုံး တလုံးတစည်းရှိရေး ကို ဦးတည်ပြီး၊ ကရင် လူမျိုးများ ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုများ ကို ပညာပေး ဆောင်ရွက်ရန်၊ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ဆောင်ရွက်ပြီး ကရင် လူမျိုးများ အား မြန်မာ လူမျိုးများ ရဲ့ လွှမ်းမိုးခြင်းတို့မှ ကာကွယ်စောင့်ရှောက်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်း ခဲ့တာ ဖြစ်သည်။ ဒေါကလူဟာ ကရင်အမျိုးသားတွေ ရဲ့ ပထမဆုံးသော အမျိုးသားအဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ရုံမက၊ ဗမာပြည်မှာ အဦးဆုံး အစောဆုံးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးအဖွဲ့အစည်းကြီးလဲ ဖြစ်သည်။

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya