ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်

ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[] (လူငယ်ရှက်က ငို၊ လူကြီးရှက်က ရယ် ဟူ၍လည်း အဆိုရှိသည်။)

အဓိပ္ပာယ်

ကလေးများသည် ရှက်သည့်အခါ မိမိတို့၏ ခံစားချက်ကို တိုက်ရိုက် ဖော်ပြလေ့ရှိပြီး ငိုခြင်းဖြင့် ထုတ်ဖော်ကြသည်။ အကြောင်းမှာ ကလေးများသည် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း မဖွံ့ဖြိုးသေးသောကြောင့် ဖြစ်သည်။ လူကြီးများမှာမူ လူမှုရေးအရ တုံ့ပြန်မှုနှင့် စိတ်ခံစားမှု ထိန်းချုပ်နိုင်မှု ပိုမိုကောင်းမွန်သောကြောင့် ရှက်သည့်အခါ အရှက်ပြေ ရယ်မောခြင်းဖြင့် ဖုံးကွယ်လေ့ရှိသည်။ ရယ်မောခြင်းသည် အာရုံပြောင်းလဲစေရန်၊ လူမှုရေးတင်းမာမှုကို လျော့ပါးစေရန်နှင့် အရှက်ကို ဖုံးကွယ်ရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြသည်။ လူငယ်များတွင်မူ ကလေးများကဲ့သို့ စိတ်ခံစားမှုကို တိုက်ရိုက်ဖော်ပြတတ်သော်လည်း လူကြီးများကဲ့သို့ ရယ်မောခြင်းဖြင့် တုံ့ပြန်သည့် အပြုအမူကိုလည်း ပြုလုပ်တတ်ကြသည်။

ကိုးကား

"လူတို့ရွာတွင်၊ နှိုင်းရာဆိုဖွယ်၊ လူငယ်ရှက်က၊ငိုကုန်ကြ၏၊ ထိုမှတစ်သီး၊ လူကြီးရှက်မူ၊ ရယ်သည်ဟူရှင့်၊" [] "ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ် ဆိုသကဲ့သို့ ဆာထွန်းအေး မှာလည်း အများတကာတွေရယ်ကြသည့်အထဲတွင် ၎င်းပါဝင်၍ ဟက်ဟက် ပက်ပက် ရယ်လေတော့၏။" []

ကိုးကား

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၈၉] ကုသ ၃၄၅။
  3. မြန်မာ့လင်းတင်းစာ။ (၂-၆-၄၁)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya