ကာဂျီရို ယာမာမိုတို
ကာဂျီရို ယာမာမိုတို (山本 嘉次郎 ယာမာမိုတို ကာဂျီရို , ၁၉၀၂ မတ် ၁၅ – ၁၉၇၄ စက်တင်ဘာ ၂၁) သည် ဂျပန်လူမျိုး ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဇာတ်ညွှန်းဆရာ၊ သရုပ်ဆောင်မင်းသားလည်း ဖြစ်သူဖြစ်သည်။ သူ၏ စစ်ကားများ၊ ဟာသရုပ်ရှင်များဖြင့် လူသိများသည်။ အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ်ဖြစ်သည်။ ငယ်ဘဝတိုကျိုမြို့တွင် မွေးဖွားသော ယာမာမိုတိုသည် ကေအို တက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူစဉ်ကပင် ရုပ်ရှင် ရသခံစားမှုအဖွဲလေးတစ်ခု တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။[၁] ၁၉၂၁ တွင် ရုပ်ရှင်သရုပ်ဆောင်စဖြစ်ခဲ့သည်။ သူ၏ အိမ်က သဘောမတူ အမျက်ထွက်၍ သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်[၁] အသက်မွေးဝမ်းကြောင်းဘဝစင်တင်သရုပ်ဆောင်လုပ်ကိုင်ရာမှ နစ်ကတ်ဆုထံတွင် လက်ထောက်ဒါရိုက်တာအဖြစ် ဝင်လုပ်သည်။ ၁၉၂၄ တွင် ဒါရိုက်တာစဖြစ်သည်။[၁] နစ်ကတ်ဆုတွင် လုပ်နေစဉ်ပင် P.C.Lက ဆွဲဆောင်၍ ၁၉၃၄ တွင် ပြောင်းလာခဲ့သည်။ P.C.Lတွင် ဟာသကားများရိုက်ကူးပြီး နာမည်တစ်လုံးတည်ထောင်နိုင်ခဲ့သည်[၂] P. C. Lသည် တိုဟိုကုမ္ပဏီဖြစ်လာပြီးနောက် ယာမာမိုတိုသည် ပဲ့ကိုင်ဖြစ်လာသည်။[၂] ဒုတိယ ကမ္ဘာစစ်အပြီးတွင် သူသည် ရုပ်ရှင်များဆက်လက်ရိုက်ကူးခဲ့သော်လည်း ရုပ်မြင်သံကြားနှင့် ရေဒီယို ဘက်တွင် အလုပ်ပိုလုပ်ခဲ့သည်။[၂] အမွေခံသူများသူ့အား အကီရာ ကူရိုဆာဝါ၏ ရှေ့ဆောင်လမ်းပြအဖြစ် လူသိများသည်။ သူ၏ ရုပ်ရှင် ၁၇ကားတွင် ကူရိုဆာဝါက လက်ထောက်အဖြစ် ကူညီခဲ့ဖူးသည်။[၃] သူသည် တိုရှီရို မီဖူနီ၏ အသက်မွေးဝမ်းကြောင်းဘဝအပေါ်တွင်လည်း များစွာ ကျေးဇူးပြုခဲ့၏။ ဖန်တီးသမျှမှ အချို့လက်ရာများ![]() ဒါရိုက်တာအဖြစ်
ဇာတ်ညွှန်း
အကိုးအကား
|
Portal di Ensiklopedia Dunia