ကာနဲလ် (ကွန်ပျူတာ)

ကာနဲလ်သည် အသုံးချ ဆော့ဝဲလ်မှ ကွန်ပျူတာ ဟဒ်ဝဲလ်ဆီသို့ ဆက်သွယ်ပေးသည်။

ကွန်ပျူတာနှင့် သက်ဆိုင်သော အသုံးအနှုန်းတွင် ကာနဲလ် (kernel) ဆိုသည်မှာ ကွန်ပျူတာ စက်လည်ပတ်ရေး စနစ် အတော်များများ၏ အဓိက အစိတ်အပိုင်းပင် ဖြစ်သည်။ ၎င်းသည် ဟတ်ဒ်ဝဲလ် အဆင့်တွင် လုပ်ဆောင်သော ဒေတာ ကိုင်တွယ်ထိန်းသိမ်းမှုများ (data processing) နှင့် အသုံးချဆော့ဖ်ဝဲလ် (application) တို့ကြားတွင် ပေါင်းကူးသဖွယ် ဆက်သွယ်ပေးသည်။ ကာနဲလ်၏ လုပ်ငန်းဆောင်တာများတွင် စနစ်၏ အရင်းအမြစ် (system's resources) များကို စီမံခန့်ခွဲခြင်း (ဟတ်ဒ်ဝဲလ် နှင့် ဆော့ဖ်ဝဲလ် အစိတ်အပိုင်းတို့ကြား ဆက်သွယ်ပေးခြင်း) လည်း ပါဝင်သည်။ ကွန်ပျူတာ စက်လည်ပတ်ရေး စနစ်များ၏ အခြေခံ အစိတ်အပိုင်း ဖြစ်သည့် အတွက် ကာနဲလ်သည် ရင်းမြစ်များ (အထူးသဖြင့် ပရိုဆက်ဆာ နှင့် I/O device များ) အတွက် အောက်ခြေ အကျဆုံး စိတ်ကူးပုံဖော်နိုင်သည့် အလွှာ အဖြစ် ပံ့ပိုးပေးနိုင်သည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya