ကာယဗလအားကစား
ကာယဗလအားကစားသည် ကျန်းမာကြံ့ခိုင်လိုသူ လူအများကို အဆွဲဆောင်နိုင်ဆုံးသော ယနေ့ခေတ်ပြိုင်ပွဲဝင်အားကစားနည်းတစ်ခုဖြစ်သည်။ လူ့သမိုင်းကြောင်း အစကတည်းက ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုခေတ်ကဲ့သို့ အားကစားတစ်ခုအဖြစ်။ ကိုယ်ကာယကြံ့ခိုင်မှုကို အထူးဂရုပြုပြီး သန်မာထွားကြိုင်းသူများကို နတ်ဘုရားများသဖွယ် စတင်ကိုးကွယ်ခဲ့ကြသည်မှာ ဂရိလူမျိုးများဖြစ်သည်။ ထိုလူမျိုးများ၏ရာဇဝင်တွင် ဟာကျူလီသည် သူရဲကောင်း နတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ ကမ္ဘာပေါ်ရှိ လူမျိုးများ၏ ရာဇဝင်သမိုင်းများတွင် လူသန်ကြီးများကို နတ်ဘုရားများသဖွယ်ကိုးကွယ်ခဲ့သည့်ကို အထင်အရှားတွေ့နိုင်သည်။ ဥပမာအားဖြင့် မြန်မာရာဇဝင်တွင် ပန်းပဲမောင်တင့်တယ် ကဲ့သို့ ဖြစ်သည်။ အထူးသဖြင့် သာမန်ယောက်ျားများအနေဖြင့် မိမိကိုယ်ကိုအလေးအပင် ကျောက်တုံးများကိုမကာ မိမိကိုယ်ကိုသန်စွမ်းကြံ့ခိုင်အောင်ပြုလုပ်ကြသည်ကို ဂရိလူမျိုးများ၊ အီဂျစ်လူမျိုးများနှင့် ရောမလူမျိုးများတို့၏ရာဇဝင်ကို လေ့လာကြည့်ပါက သိနိုင်သည်။ ထိုလူမျိုးများသည်ကာယဗလနှင့် သန်စွမ်းမှုအားကစား၏ သမိုင်းအတွက် ကနဦးလမ်းပြများဖြစ်ကြသည်။ ကာယဗလသမိုင်းရဲ့အစအာရှတိုက်တွင် ကာယကြံ့ခိုင်မှုကို အထူးဂရုပြုမှု စတင်ခဲ့သည့်နိုင်ငံမှာ အိန္ဒိယဖြစ်သည်။ အထောက်အထားများအရ အိန္ဒိယနိုင်ငံသည် ၁၁-ရာစုတွင် ကျောက်တုံးဒမ်ဘယ်များကို စတင်တီထွင်ခဲ့ကြသည်။ ၎င်းတို့က ထိုကျောက်တုံးဒမ်ဘယ်များကို နာလ်း (Nals) ဟုခေါ်တွင်ခဲ့ကြသည်။ အိန္ဒိယလူမျိုးများသည် ထိုနာလ်းများဖြင့် မိမိတို့ကိုယ်ကို ကျန်းမာအောင်သန်စွမ်းအောင် ကြီးထွားအောင်လေ့ကျင့်ခဲ့ကြသည်။ ထိုခေတ်က အိန္ဒိယတစ်နိုင်ငံလုံးတွင် ကိုယ်ကာယလေ့ကျင့်ရေးခန်းမ (Gym) များကို နိုင်ငံအနှံ့အပြားတွင်တွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် Gym များ ပထမဆုံးပေါ်ထွက်ခဲ့သောနိုင်ငံဖြစ်သည်။ အိန္ဒိယလူမျိုးများသည် ကိုယ်ကာယလေ့ကျင့်ခန်းများကို မိမိတို့၏ အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ လေ့ကျင့်ခဲ့ကြသည်။ ၁၁ ရာစုမှ ၁၆ ရာစုအထိ အိန္ဒိယလူမျိုးများ၏ ထိုကဲ့သို့ လေ့ကျင့်ခန်းများပြုလုပ်ခြင်းနှင့် အာဟာရများကို ဂရုတစိုက်မှီဝဲခဲ့ကြသည့်ဖြစ်ရပ်များက ယနေ့လူအများလိုက်လံလေ့ကျင့်နေကြသည့် ကာယဗလအားကစား၏ ပထမအခြေခံဖြစ်ခဲ့သည်။ ခေတ်သစ်ကာယဗလရဲ့ အစပိုင်းခေတ်သစ်ကာယဗလသည် ၁၉-ရာစုနှောင်းပိုင်းတွင်စတင်ခဲ့သည်။ ဂရိလူမျိုးများနှင့်အီဂျစ်လူမျိုး၏ကျောက်တုံးများဖြင့်လေ့ကျင့်ခဲ့သောနည်းစနစ်ဟောင်းသည်ထိုအချိန်တွင်ကားလုံး၀ပြောင်းလဲကာအသစ်ဖြစ်မည့်အချိန်ဖြစ်သည်။ စတင်ပြောင်းလဲခဲ့ပုံမှာ-ထိုအချိန်ကလူအများသည်လူတစ်ယောက်ကိုယ်မှကြွက်သားများကိုသိပ်စိတ်ဝင်စားရကောင်းမှန်းမသိသေးဘဲထိုသူသည် မည်မျှသန်စွမ်းသည်၊အလေးများများမနိုင်သည်ကိုသာစိတ်ဝင်စားကြ၏။(၁၉-ရာစု)မှစ၍ဥရောပတွင်အလေးမပြိုင်ပွဲများကိုလူထုဖျော်ဖြေရေးအသွင်ဖြင့်ပြိုင်ပွဲများပြုလုပ်လာကြသည်။(၁၈၉၀ မှ ၁၉၂၉ )အထိလူများသည်အလေးမပြိုင်ပွဲများတွင်ပြိုင်ပွဲဝင်များက မိမိ၏ပြိုင်ဖက်ကိုထမ်းပြီးတစ်မြို့မှတစ်မြို့ ထမ်း၍ ခရီးမည်မျှသွားနိုင်သည်အထိပါရူးသွပ်စွာ ယှဉ်ပြိုင်ခဲ့ကြသည်။ အချို့ကပြိုင်ပွဲများတွင်လှည်းများကိုအလေးများတင်၍ဆွဲသွားပြခြင်း၊ တိရစ္ဆာန်များကိုမပြခြင်းစသည်တို့ကိုပြုလုပ်ပြီးယှဉ်ပြိုင်ခဲ့ကြသည်။ ထိုကဲ့သို့ အင်အားပြယှဉ် ပြိုင်ခဲ့ကြသောပြိုင်ပွဲဝင်များ၏ရုပ်ပိုင်းဆိုင်ရာအနေအထားကိုကြည့်ပါကလူအများကိုစွဲဆောင် နိုင်စွမ်းမရှိသောဗိုက်ပူနံကားများသာဖြစ်ခဲ့သည်။ ထိုကဲ့သို့သောအခြေအနေမျိုးသည် ၂၀-ရာစုအစောပိုင်းအထိဖြစ်ပျက်ခဲ့သော်လည်းဆယ့်ကိုးရာစုနှောင်းပိုင်းမှစ၍အလေးမပြိုင်ပွဲဝင် များတွင်ယခင်အတိုင်းဗိုက်ပူနံကားများ၊လူပိန်လူသန်များနှင့်ကာယဗလမောင်များပုံစံကိုယ်ခန္ဓာ ပိုင်ရှင်ဟူ၍ပြိုင်ပွဲဝင်အမျိုးအစားများဖြစ်ပေါ်လာခဲ့သည်။ သို့သော်ပြိုင်ပွဲကတစ်ခုတည်းသာဖြစ် ပြီးကိုယ်ခန္ဓာအချိုးအစားများကားမိမိတို လေ့ကျင့်သည့်ပုံစံ၊စားသောက်သည့်အာဟာရပေါ်မူ တည်၍ပြောင်းလဲလာခြင်းဖြစ်သည်။ ထိုအချိန်တွင်ကာယဗလကိုအားကစားအဖြစ်ကမ္ဘာသို့ မိတ်ဆက်ပေးမည့်ခေတ်သစ်ကာယဗလဖခင် (father of modern bodybuilding )သည်ဥ ရောပမှပေါ်ထွက်ခဲ့ပေသည်။ သူ့ကို ၁၈၆၇-ခုနှစ်တွင် Friedric Muller တွင်မွေးဖွားခဲ့ပြီးသူ၏ အမည်မှာ ယူဂျင်းဆန်ဒို (Eugene Sandow) ဖြစ်သည်။ သူဝင်ပြိုင်သည့်အလေးမပြိုင်ပွဲ များတွင်သူ့ခွန်အားကိုမည်သူမျှမယှဉ်နိုင်သလိုသူ၏ကြွက်သားမျှင်များဖြင့်တည်ဆောက် ထားသောခန္ဓာကိုယ်ကိုလူအများရင်သပ်ရှုမောငေးကြည့်ရသည်အထိလှပခဲ့သည်။ ဆန်ဒိုပေါ်ထွက်လာခြင်းကရုပ်ပိုင်းဆိုင်ရာလှပစေရန်အလေးဖြင့်လေ့ကျင့်လျင်ရနိုင်သည်ဆို သည့်အချက်ကိုလူအများလက်ခံလာခဲ့ကြသည်။ ထိုအချိန်မှစ၍ဗိုက်ပူလူသန်များနှင့်လူပိန်လူ သန်များသည်လူတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာသည်ချန်ပီယံဖြစ်တည်မှုအပေါ်တွင်လည်း ကောင်းပရိသတ်များကိုစွဲဆောင်ရာတွင်လည်းကောင်းများစွာအကျိုးပြုသည်ကိုသဘော ပေါက်နားလည်လာပြီးဆန်ဒို၏အယူအဆများအတိုင်းလေ့ကျင့်လာကြသည်။ ဆန်ဒိုသည်အစ ပိုင်းတွင်လူသန်ပြိုင်ပွဲအလေးမပြိုင်ပွဲများတွင်မိမိကိုယ်ကိုပရော်ဖက်ရှင်နယ်အဆင့်ရောက်အ အောင်ကြိုးစားခဲ့ပြီးပြိုင်ပွဲတိုင်းတွင်အနိုင်ရသည့်ချန်ပီယံဖြစ်လာခဲ့သည်။ ဆန်ဒိုသည်သူ့ကိုယ် ကိုကမ္ဘာအသန်ဆုံးလူအဖြစ်အသိမှတ်ပြုနိုင်ရန် ၁၈၉၀-ခုနှစ်တွင်အမေရိကန်နိုင်ငံတွင်ကျင်းပ သောအလေးမပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော်အမေရိကန်မှလူအများကသူ့ ခွန်အားထက်ဆွဲဆောင်အားအပြည့်ရှိသောသူ့ခန္ဓာကိုယ်အလှအပကိုမျက်စိကျခဲ့ကြသည်။ ဆန်ဒိုသည်ခန္ဓာကိုယ်လှပသောအလေးမချန်ပီယံဖြစ်သော်လည်းသူသည်ကမ္ဘာ့ကာယဗလ အားကစားကိုစတင်ခဲ့သူဖြစ်သည်။ ဆန်ဒိုသည်ကမ္ဘာ့ပထမဦးဆုံးသောကာယဗလမဂ္ဂဇင်း နှင့်အချို့ သောကာယဗလလေ့ကျင့်နည်းစက်ပစ္စည်းများကိုစတင်တီထွင် ပြီးအမေရိကန်နှင့်အခြားသောနိုင်ငံများသို အလေးမပြိုင်ပွဲများသွားရောက်ယှဉ်ပြိုင်ရာတွင် သူ၏ပရိသတ်များကိုကာယဗလလေ့ကျင့်နည်းများအကြောင်းတင်ပြကာရောင်းချခဲ့သည်။ ဆန်ဒိုသည်ထိုပုံစံဖြင့်ကာယဗလကိုကမ္ဘာကိုစဉ်ဆက်မပြတ်မိတ်ဆက်ပေးခဲ့သည့်အပြင် အင်္ဂလန်နိုင်ငံတွင် ၁၈၉၁-ခုနှစ်တွင်ကမ္ဘာလုံးဆိုင်ရာအလေးမနှင့်ကာယဗလပြိုင်ပွဲ(World Championship bodybuilding and weight –lifting )ကိုကျင်းပပေးခဲ့သည်။ ဆန်ဒို၏ကျေး ဇူးကြောင့်ပင် ၁၈၉၆-ခုနှစ်ဂရိနိုင်ငံအေသင်မြို့တွင်ကျင်းပသောခေတ်သစ်အိုလံပစ်ပြိုင်ပွဲတွင် အလေးမပြိုင်ပွဲများသည်အားကစားပြိုင်ပွဲအဖြစ်ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ ကာယဗလလေ့ကျင့်နည်းပစ္စည်းများဖြစ်သောဘားတို(dumbell) နှင့်ဘားရှည် (barbell) များ သည်ဆန်ဒို၏ရောင်းမလောက်သောပစ္စည်းများဖြစ်ခဲ့သည်။ ထိုကြောင့်လည်းဆန်ဒိုသည်အချိန် တိုအတွင်းအလွန်အမင်းတိုးတက်ချမ်းသာလာခဲ့သည်။ ဆန်ဒိုသည် ၂၁-ရာစုမျိုးဆက်များ နှစ်ခြိုက်ခုံမင်စွာလေ့ကျင့်နေကြသောကာယဗလအားကစားနှင့်အိုလံပီယာပြိုင်ပွဲများကိုအစပျိုး တည်ထောင်ပေးခဲ့ပြီးကာယဗလဒိုင်များအတွက်စည်းမျဉ်းများကိုစတင်ရေးဆွဲပေးခဲ့သောခေတ် သစ်ကာယဗလ၏ဖခင် Father of Modern Bodybuilding ဖြစ်သည်။ ပထမဦးဆုံးသောကာယဗလပြိုင်ပွဲကိုဆန်ဒိုသည် ၁၈၉၁-ခုနှစ်တွင်ကျင်းပခဲ့ပြီးထိုပြိုင်ပွဲအပြီး တွင်ဥရောပနှင့်အမေရိကတို့တွင် ကာယဗလပြိုင်ပွဲများသည်ရေပန်းစားလာခဲ့ပြီးလူအများက တောင့်တလာခဲ့ပေသည်။ ထိုအချိန်တွင်ဆန်ဒိုကကာယဗလပြိုင်ပွဲဝင်မောင်များ၏အဆင့်အ တန်းမြင့်မားလာစေရန်ရည်ရွယ်၍သူ၏တပည့်များကိုအင်္ဂလန်နိုင်ငံတွင်စုဆောင်းစခန်းသွင်း ကာလေ့ကျင့်ပေးခဲ့သည်။ သုံးနှစ်ကြာပြီးနောက်တွင်အောင်မြင်နေသောသူ၏ကာဗလမဂ္ဂဇင်း ကိုစပွန်ဆာပြုလုပ်ပြီးဆုကြေးစားကာယဗလပြိုင်ပွဲတစ်ပွဲကိုပြုလုပ်ပေးခဲ့သည်။ ပြိုင်ပွဲတွင်စုစု ပေါင်းချီးမြှင့်မည့်ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ငါးထောင်ခန့်ဖြစ်ပြီးပထမဆုရှင်ကို ဒေါ်လာနှစ်ထောင့်ငါးရာနှင့်ရွေတံဆိပ်ဆုချီးမြှင့်ပေးသည်။ ဒုတိယနှင့်တတိယများကိုငွေနှင့် ကြေးတံဆိပ်များချီးမြှင့်ပြီးထိုက်သင့်သောဆုကြေးများ(အတိအကျမသိရပါ)ကိုလည်းချီးမြှင့် ပေးသည်။ ပြိုင်ပွဲဝင်များ၏ဝင်ခွင့်မှာလည်းကောင်းတို့သည်ဒေသဆိုင်ရာပြိုင်ပွဲငယ်များတွင်ဆု ရဖူးသူများဖြစ်ရမည်ဟုပါဝင်သည်။ ထိုစည်းကမ်းချက်များသတ်မှတ်ပြီးနောက် ၁၉၀၁-စက်တင် ဘာ ၁၄ရက်နေ့ စနေနေ့တွင်အင်္ဂလန်နိုင်ငံရှိ England Royal Albert Hall တွင်ပရိသတ် များထောင်နှင့်ချီ၍ခြိမ့်ခြိမ့်သဲသဲစည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ဆန်ဒို၏မြင့်မြတ်သော စိတ်ထားတစ်ခုမှာကာယဗလပြိုင်ပွဲကိုဝင်ကြေးပေး၍ကြည့်၍သောပရိသတ်များသည်လည်း ကောင်းတို့ ကုန်ကျသောငွေနှင့်တူညီသောဖျော်ဖြေမှုကိုခံစားနိုင်စေရန်အစွမ်းကုန်ကြိုးစားပြီး ကာယဗလပြိုင်ပွဲကိုလူထုဖျော်ဖြေရေးအသွင်ဖြင့်ကြိုးစားတင်ဆက်ခဲ့သည်။ ထို့အပြင်ပြိုင်ပွဲမစ တင်ခင်တွင်ဆန်ဒိုသည်ပရိသတ်များကိုနပမ်းပွဲများ၊အလေးမပြိုင်ပွဲများနှင့်အခြားသော အစီအစဉ်ကောင်းများဖြင့်တင်ဆက်ပေးခဲ့သည်။ သူ၏မှန်ကန်သောစေတနာကြောင့်ကာယဗလ သည်လူကြိုက်များသောအားကစားတစ်ရပ်ဖြစ်လာခဲ့ပေသည်။ ဆန်ဒို၏ပထမဆုံးသောဤကာ ယဗလပြိုင်ပွဲတွင်ပြိုင်ပွဲဝင်ပေါင်း ၆၀-ပါဝင်ယှဉ်ပြိုင်ခဲ့ပေသည်။ ပြိုင်ပွဲဝင်အားလုံးသည်ဆန်ဒို သတ်မှတ်ထားသောဘောင်းဘီ၊ခါးပါတ်တို့ကိုသာတူညီဝတ်ဆင်ပြီးယှဉ်ပြိုင်ခဲ့ပေသည်။ ထိုကဲ့သို့စည်းစနစ်ကျနသော၊ အချိုးအစားကျနလှပသောကာယဗလပြိုင်ပွဲဝင်များဖြင့်ကျင်းပ သောကာယဗလပြိုင်ပွဲသည်ပရိသတ်များ၏အထူးနှစ်ခြိုက်ခြင်းကိုခံခဲ့ရပေသည်။ ထိုပွဲသို့ လာရောက်ကြည့်ရှုသောဂျာနယ်လစ်တစ်ဦးက to stand in these men’s rank is a distinction ဟုမှတ်ချက်ချခဲ့သည်။ ထိုပြိုင်ပွဲတွင်ဆန်ဒိုသည်အောက်ဖော်ပြပါအချက်များဖြင့်ပြိုင်ပွဲဝင်များကိုအကဲဖြတ်အမှတ်ပေးခဲ့သည်။
အထက်ပါအရည်အချင်းများဖြင့်ပြည့်စုံသောဂရိတ်ဗြိတိန်နော်တင်ဟမ်မှ William L Murray သည်ကမ္ဘာ့ပထမဆုံးသော၊ဆုကြေးစားကာယဗလပြိုင်ပွဲ၏ချန်ပီယံရွှေတံဆိပ်ဆုရှင်ဖြစ်လာ ခဲ့ပေသည်။ ထိုပြိုင်ပွဲပြီးနောက်တွင်ကာယဗလသည်အရှိန်အဟုန်ဖြင့်တွင်ကျယ်လာခဲ့ပေသည်။ ထိုနောက်ပိုင်းတွင်ကာယဗလစာပေနှင့်လေ့ကျင့်နည်းကိရိယာများကိုပိုမိုထုတ်လုပ်လာခဲ့ပေ သည်။ ဆန်ဒို၏နောက်ပိုင်းတွင် ကာယဗလဖခင်ဟုတင်စားခံထိုက်သူတစ်ဦးထပ်မံပေါ်ထွက် လာခဲ့ပေသည်။ သူ၏အမည်မှာဘားနာမက်ဖင်ဒင်ဖြစ်သည်။ မက်ဖင်ဒင်၏အကျော်ကြားဆုံး သောကာယဗလလေ့ကျင့်ရေးကိရိယာမှာရင်အုပ်လေ့ကျင့်သည့် chest expander ဖြစ်ပြီး ၂၀-ရာစုဦးတွင်အကျော်ကြားဆုံးသောကာယဗလလေ့ကျင့်ရေးကိရိယာဖြစ်သည်။ မက်ဖင်ဒင် သည်၂၀-ရာစု၏ပထမဆုံးသော ကာယဗလမဂ္ဂဇင်း(Physical Culture)ကိုထုတ်ဝေခဲ့သည်။ မက်ဖင်ဒင်နှင့်ခေတ်ပြိုင်ကာယဗလသူရဲကောင်းတစ်ဦးပေါ်ထွက်လာပြန်သည်။ သူ၏အမည်မှာ ချားလ်အက်တလက်စ်ဖြစ်သည်။ သူသည်ခန္ဓာဗေကိုပြောင်းလဲပေးနိုင်သူနည်းပြတစ်ယောက် ဖြစ်ပြီးသူ၏ dynamic tension ဟုခေါ်သောစာပေးစာယူသင်တန်းမှာနှစ်ပေါင်းနှစ်ဆယ် ကျော်လောက်အထိကျော်ကြားခဲ့သည်။၁၉၂၀-နောက်ပိုင်းတွင်ဒမ်ဘယ်၊ဘာဘယ်များကိုလူအများကကျန်းမာသန်စွမ်းစေသော အထောက်အကူပြုကာယဗလလေ့ကျင့်နည်းပစ္စည်းများအဖြစ်နားလည်လာပြီး ကာယဗလ အားကစားနည်းသည်လည်းကမ္ဘာတစ်လွားကျော်ကြားလာခဲ့ပေသည်။ ကာယဗလပြိုင်ပွဲများကို လည်းမကြာခဏကျင်းပလာခဲ့ပြီးကာယဗလဖြင့်အသက်မွေးဝမ်းကျောင်းမှုပြုနိုင်သောနာမည် ကျော်ကာယဗလမောင်များနှင့်ကာယဗလနည်းပြများပေါ်ထွက်လာခဲ့ပေသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia