ကိုကိုနိုင်၊ မွန်ပြည်နယ် (ရွှေဆိုင်းတော်မင်္ဂလာ)
မွန်ပြည်နယ် ကိုကိုနိုင် သည် မြန်မာနိုင်ငံသား ဆိုင်းဆရာဖြစ်သည်။[၁] [၂] "မွန်ပြည်နယ် ကိုကိုနိုင် မင်္ဂလာဆိုင်း" အမည်ဖြင့် ဆိုင်းအဖွဲ့ ကို တည်ထောင်ထားသည်။ ငယ်ဘဝဖခင် ဦးစံပွင့် နှင့် မိခင် ဒေါ်ဖွားသင် တို့မှ ၁၉၆၆ မတ်လ ၁၄ ရက်နေ့ တွင် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက် တွင် ဖွားမြင်သည်။ မွေးချင်း ဆယ်ယောက်တွင် အငယ်ဆုံးဖြစ်သည်။ ဂီတမျိုးဆက်ဆရာ ဦးကိုကိုနိုင် ၏ သား မင်းကိုကိုထက် သည် ဖခင် အမွေကို ဆက်ခံပြီး ဆိုင်းဆရာတဦး ဖြစ်လာသည်။ ဆိုင်းပညာဆိုင်းကို အသက် ၆ နှစ်သားမှ စတင်တီးခတ်ခဲ့သည်။ လက်ဦးဆရာမှာ စိန်မြတင်ဖြစ်သည်။ အသက် ၁၆ နှစ် အရွယ်တွင် ဆိုင်းဆရာကြီး ကြို့ပင်ကောက် ဦးကြည်လှိုင်၏ သင်ကြားပြသမှုဖြင့် "မွန်ပြည်နယ်ကိုကိုနိုင်" ဆိုင်းအဖွဲ့ကို တည်ထောင်ခဲ့သည်။ ဆရာများမှာ မော်လမြိုင်စိန်ကုလား၊ စိန်သန်းမြင့်၊ စိန်လှမြိုင်၊ စိန်စတင်း၊ မြစတင်း တို့ဖြစ်သည်။ မြန်မာ့ရိုးရာ အဆို အက အရေး အတီး ဗဟိုအဆင့် ပြိုင်ပွဲများတွင် ပညာရှင်အဆင့် ဆိုင်းအတီး ရွှေတံဆိပ် (၆) ဆုရှင်ဖြစ်သည်။ ဆိုင်းပြိုင်ပွဲ ဒိုင်လူကြီး အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထုတ်လုပ်ဖြန့်ချိခဲ့သော ဆိုင်း တီးလုံးစီးရီးများကမ္ဘာကျော် တေးသံသွင်းမှ ထုတ်လုပ်ဖြန့်ချိခဲ့သော ဆိုင်းတီးလုံး စီးရီး (၁၇) ခု ထွက်ရှိခဲ့ပြီးဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia