ကီဝီသီး![]() ကီဝီသီး (သို့) တရုပ်ဂုဘယ်ရီ သည် အတ်တီနီဒီယာ မျိုးစုဝင် သစ်နွယ်ပင်တို့မှထွက်သော စား၍ရသည့် ခြုံသီးတမျိုး ဖြစ်၏။ [၁][၂] အစိုက်များသော မျိုးစိတ်မှာ အတ်တီနီဒီယာ ဒယ်လီစီယိုဆာ ခေါ်သော ဘဲဥပုံဆန်ဆန် ကြက်ဥသာသာအရွယ်ရှိသည့် အသီးမျိုး ဖြစ်သည်။ [၃] အရွယ်မှာ အချင်း ၄.၅-၅.၅ စင်တီမီတာရှိပြီး အလျား ၅-၈ စင်တီမီတာ ရှည်၏။ အခွံမှာ ပါးပြီး အပေါ်တွင် အမွှေးကြမ်းများ ခပ်ကြဲကြဲပါသည်။ ၎င်းကိုလည်း စားနိုင်၏။ အသားမှာ အစိမ်းနုရောင်ဖြစ်ပြီး ထက်ခြမ်းခွဲက အနက်ရောင်အစေ့များကို အကွင်းလိုက် တွေ့နိုင်သည်။ အသားမှာ ပျော့၍ အရသာမှာ ချိုသည်။ ၂၀၁၈ ခုတွင် တကမ္ဘာလုံးစားသည့် ကီဝီသီးပမာဏတဝက်ကို တရုပ်ပြည်မှ ထုတ်သည်။ ကီဝီသီး အရင်းစရာသည်လည်း တရုတ်ပြည် အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဖြစ်သည်။ ကီဝီသီးအကြောင်း အစောဆုံးမှတ်တမ်း တွေ့ရသည်မှာ စုန်မင်းဆက်တွင် ဖြစ်၏။ [၄] ၂၀ ရာစုအစောပိုင်းတွင် ကီဝီသီးမှာ တရုတ်ပြည်မှ နယူးဇီလန်သို့ ရောက်သည်။ စီးပွားဖြစ်စိုက်ခြင်းအစမှာ ယင်းကတည်း။ ဒုတိယကမ္ဘာစစ်တွင် နယူးဇီလန်၌ စခန်းချသော ဗြိတိသျှ၊ အမေရိကန်တပ်သားတို့ အကြိုက်တွေ့သည်။ သို့ဖြင့် ၁၉၆၀ ကာလများတွင် နယူးဇီလန်မှ ဗြိတိန်သို့လည်းကောင်း၊ ကာလီဖိုးနီးယားသို့လည်းကောင်း တင်ပို့ရ၏။ [၅] ကိုးကား
|
Portal di Ensiklopedia Dunia