ကူဂါ
ကူဂါ (အင်္ဂလိပ်: Cougar) ဆိုသည်မှာ ကြောင်မျိုးရင်းဝင် သားရဲတိရစ္ဆာန်တစ်မျိုးဖြစ်ပြီး အမေရိကတိုက်၏ ဒေသရင်း မျိုးစိတ်လည်းဖြစ်သည်။ ကူဂါကြောင်ကြီးများသည် အနောက်ကမ္ဘာခြမ်းရှိ မည်သည့် ကုန်းနေ နို့တိုက်သတ္တဝါ တောရိုင်းတိရစ္ဆာန်ထက်မဆို အများဆုံးပျံ့နှံ့နေထိုင်သည့် တိရစ္ဆာန်ဖြစ်ပြီး ၎င်းတို့အား မြောက်အမေရိကတိုက်ရှိ ကနေဒါနိုင်ငံ၊ ယူးကွန်းနယ်ဒေသမှ တောင်အမေရိကတိုက်ရှိ အင်န်ဒီးစ် တောင်တန်း၏ တောင်ပိုင်းဒေသများအထိ ဖြန့်ကျက်တွေ့ရှိရသည်။[၃] ဂူဂါသည် သစ်ကျုတ်၊ လျင့်ဇ် ကြောင်မြီးတို၊ အိမ်ကြောင်၊ သစ်ကြောင်၊ ကရကယ် တောကြောင်တို့နှင့်အတူ မျိုးရင်းခွဲ "ဖယ်လီနီ (Felinae)" ထဲတွင်ပါဝင်ပြီး၊ မျိုးစုအမည် "ပူမာ (Puma)" နှင့် မျိုးစိတ်အမည်မှာ "ပူမာ ကွန်ကာလာ (P. concolor)" ဖြစ်သည်။[၂] ကူဂါသည် နေရာဒေသကျယ်ပြန့်စွာ နေထိုင်ကျက်စားသောကြောင့် နေရာဒေသအသီးသီးမှ ၎င်းအား "ပူမာ (Puma)၊ တောင်ခြင်္သေ့ (Moutain lion)၊ တောင်ကြောင် (Catamount)၊ ပန်သာ (Panther) နှင့် ပိန့်သာ (Painter)" စသဖြင့် အမည်အမျိုးမျိုး ခေါ်ဝေါ်ကြသည်။[၃]
ကိုးကား
|
Portal di Ensiklopedia Dunia