ကောက်ချ်ဆာ့ဖ္ဖင်း

ကောက်ချ်ဆာ့ဖ္ဖင်း (ဆိုဖာငှားခြင်း) ဆိုသည်မှာ လိုအပ်သူများအား မိမိပိုင် ဆိုဖာကို အခမဲ့ ငှားရမ်းပေးခြင်း၊ မိမိမှ လိုအပ်သောအခါ ပြန်လည်ငှားယူရန် တောင်းဆိုခြင်းကို ဆိုလိုသည်။ တနည်းအားဖြင့် အခြားသူများအိမ်တွင် ခေတ္တတည်းခိုခြင်းကို ဆိုလိုသည်။

CouchSurfing International Inc.သည် အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ်္စကို မြို့တွင် တည်ရှိပြီး၊ အသုံးပြုသူများအကြား အပြန်အလှန် ဧည့်ခံနိုင်ရေးအတွက် အကျိုးဆောင်ပေးသည့် လူမှုဆက်သွယ်ရေး ကွန်ယက်တစ်ခုဖြစ်သည်။

အသုံးပြုပုံ

ဆိုလိုပုံသည် သူငယ်ချင်းတစ်ယောက်ဆီမှ နောက်တစ်ယောက်၏ အိမ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး၊ ၎င်းအိမ်တွင် အားလပ်သည့်နေရာ၊ ကြမ်းပြင်၊ ဆိုဖာ၊ မွေ့ယာစသည့် အိမ်ရှင်မှ ခွင်ပြုသည့်နေရာတွင် တည်းခိုခြင်းဖြစ်ပြီး၊ ရက်အနည်းငယ်နေပြီးနောက် တခြားအိမ်သို့ ဆက်လက်ကူးပြောင်းကြသည်။ ဟော်တယ်များတွင် တည်းခိုခြင်းမပြုလုပ်သောကြောင့်၊ အိမ်ရှင်ဖိတ်ခေါ်သည့် နေရာများ၊ အိမ်ရှင်သိကျွမ်းသည့် နေရာများ၊ ၎င်းနိုင်ငံ၏ နိုင်ငံသားများနှင့် ပိုမိုထိတွေ့မှုရှိခြင်း၊ ကမ္ဘာလှည့်ခရီးသွားများ မမြင်တွေ့ရသည့် နေရာများကို အများအားဖြင့် ဆိုဖာငှားရမ်းလှည့်လှယ်သူများမှ ပိုမိုအတွေ့အကြုံရကြသည်။

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya