ကျိုက်ထီးဆောင်းစေတီ
![]() ကျိုက်ထီးဆောင်းစေတီတော် (ကျိုက်ကလွတ်ဒက်စေတီတော်) သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ရွာတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁] သမိုင်းကြောင်းသာသနာနှစ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားသည် သုဝဏ္ဏဘုမ္မိသို့ ဒေသစာရီ ကြွတော်မူ၏။ ထိုအခါ ကော့ကလွတ်တကောနတ်ဘီလူးကျွန်းမှ ဘီလူးညီနောင်တို့သည် မြတ်စွာဘုရားကို ဖူးမြင်၍ ဆံတော်တစ်ဆူ ရကြ၏။ ထို့နောက် နေရပ်တွင် ဂဝံအုတ်ကျောက်တို့ဖြင့် ၁၁၃ ခုနှစ်တွင် စေတီတော်တစ်ဆူ တည်ခဲ့သည်။ မြတ်စွာဘုရားရုပ်တု၊ ဘီလူးညီနောင်ရုပ်တု၊ ရွှေငွေများအပြင်၊ နတ်သမီးဆံပင်တို့ကို ဖြတ်၍ ကျစ်ခွေကာ ပူဇော်ဌာပနာခဲ့သည်။[၁] အတိုင်းအတာများစေတီတော်၏ အတိုင်းအတာများမှာ −
ဘွဲ့တော်စေတီတော်၏ ဘွဲ့တော်မှာ ကျိုက်ကလွတ်ဒက် ဟု ခေါ်သည်။ အဓိပ္ပာယ်မှာ "နတ်တည်သော ဘုရား" ဖြစ်သည်။ ထို့ပြင် နတ်သမီးဆံပင်ကြိုး ဌာပနာထား၍ "ကျိုက်ဇုတ်သွတ်" ဟုလည်း ခေါ်သည်။ ကျိုက်ဇုတ်သုတ်၊ ထီးဆောင်းဘုရားဟု ထင်ရှား၍ တည်ရှိရာ ရွာကိုလည်း ဇုတ်သုတ်ရွာဟု ခေါ်သည်။[၁] ကိုးကား |
Portal di Ensiklopedia Dunia