ကျော်ကျော်လှိုင်

ကျော်ကျော်လှိုင် (၁၉၅၁-) သည် မြန်မာနိုင်ငံသား ဘူမိရူပဗေဒပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ လူ့စွမ်းအားမြှင့်တင်ရေး (capacity building) ဟောပြောသူ၊ ကူးရေးကူးတင် စာရေးသူ (copy writer) နှင့် မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဖြစ်၏။ []

ငယ်ဘဝနှင့်ပညာရေး

၁၉၅၁ ခုတွင် ဦးညွန့်ရွှေ၊ ဒေါ်လှလှမြင့် တို့မှ မြင်သည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးဖြစ်၏။

၁၉၇၅ ခုတွင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ရူပဗေဒအဓိကဖြင့် မဟာသိပ္ပံဘွဲ့ ရသည်။

သက်မွေးလမ်းကြောင်း

၁၉၇၅-၈၀ ကာလတွင် ဘူမိရူပဗေဒအရာရှိအဖြစ် မြန်မာ့ရေနံကော်ပိုရေးရှင်းတွင် အလုပ်ဝင်သည်။

၁၉၈၁ ခုတွင် အစိုးရအလုပ်မှထွက်၍ ၁၉၈၁-၉၄ ကာလကို ဆလန်ဘာဂျာကုမ္ပဏီ (Schlum Berger) တွင် အလုပ်ဝင်ကာ ပြည်ပ၌ သွားရောက်လုပ်ကိုင်ရ၏။

၁၉၉၄ ခုတွင် မြန်မာပြည် ပြန်လာကာ SMART Technical ကုမ္ပဏီကို ထောင်သည်။ လက်ရှိ SMART ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည်။ မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း စတင်တည်ထောင်စဉ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ဖူးသည်။

စာရေးခြင်းနှင့် ဟောပြောပွဲများ

နိုင်ငံတကာ၌ သွားရောက်လုပ်ကိုင်စဉ် တတ်မြောက်လာသော အင်္ဂလိပ်စာအားကိုးဖြင့် မြန်မာပြည် ဂျွန်စီမက်စဝဲ (John C. Maxwell) ဖြစ်ရမည်ဟု သံန္နိဋ္ဌာန်ချကာ ဘဝအောင်မြင်ရေးဆိုင်ရာများ၊ ခေါင်းဆောင်မှုပညာဆိုင်ရာများ စသည့် လူ့စွမ်းအားမြှင့်တင်ရေးအကြောင်းအရာများကို ရေးသားဟောပြောခြင်းများ လုပ်သည်။ မြန်မာ B2B မဂ္ဂဇင်း၏ ပင်တိုင်စာရေးသူ ဖြစ်၏။

ရွှေအပ္ဖံ၌ တွေးခေါ်ရင့်သန်အောင်မြင်ရေးအစီအစဉ်၊ ပျော်ရွှင်တိုးတက်အောင်မြင်ရေး ရွှေတို့အမေး တို့တွင် ပါဝင်သည်။ မြဝတီရုပ်သံ၌ လူ့စွမ်းအားမြှင့်တင်ရေးအကြောင်းအရာများကို မေးမြန်းခန်းဖြင့် ဟောပြောသည်။ ကိုယ်ပိုင်ထုတ်ဝေရေး SMART Media မှလည်း ဟောပြောပွဲခွေများ ဖြန့်ချလျက် ရှိ၏။

ရေးသားသောစာအုပ်များ

ကိုယ်ပိုင်ထုတ်ဝေရေး SMART စာပေမှ အောက်ပါစာအုပ်များကို ထုတ်သည်။

ထုတ်ဝေနှစ် ခေါင်းစီး မှတ်ချက်
၂၀၁၅ ရှေးမြန်မာမင်းများ၏ခေါင်းဆောင်မှုအရည်အသွေးကိုလေ့လာခြင်း (ပထမမြန်မာနိုင်ငံတော်) ၂၀၁၅ သုတစွယ်စုံဆု (ဝိဇ္ဇာ)
၂၀၁၅ A Study of the Leadership Skills of Ancient Myanmar Monarchs: The First Myanmar Propre [၁]
ဘဝတိုးတက်အောင်မြင်ရေးမေးခွန်းများ ၁
၂၁ ရာစုတစ်လွှား လူသားအကျိုးပြု၍ ချမ်းသာအောင်မြင်လာသူများ
သန်းကြွယ်သူဌေးကြီး Donald Trump ၏ အောင်မြင်မှုကိုရနိုင်သောနည်းလမ်းများ
ဗုဒ္ဓအဆုံးအမဖြင့်အောင်မြင်ခြင်း
နှလုံးသားကိုဖြူစင်အောင်ထားပါ
လူတွေရဲ့ချစ်ခင်မှုကိုရအောင်
ပျော်ရွှင်ခြင်း
ခေါင်းဆောင်ကောင်းတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေး ၂၁ ခု
ရှေးမြန်မာမင်းများ ဒုတိယမြန်မာနိုင်ငံတော်
အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း
တန်ဖိုးရှိသောနေ့
လုပ်ငန်းခွင်ပြဿနာအမေးနှင့်အဖြေများ

လူမှုရေးလုပ်ဆောင်ချက်များ

အလှူရှင်များ၏အထောက်အပံ့ဖြင့် လည်ပတ်ကာ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် လူမှုအကူအညီပေးသည့် Ray of Hope ဖေါင်ဒေးရှင်းအား ထူထောင်ထားသည်။

မိသားစုဘဝ

သဇင်ညွန့်နှင့် လက်ထပ်ရာ ရတနာစုလှိုင်၊ ချစ်ညီညီလှိုင်ဟူသော သားသမီး ၂ ယောက်ရှိသည်။ []

နိုင်ငံရေးရေးရာစီးပွား ခံယူချက်

ရေနံနှင့်သဘာဝဓာတ်ငွေ့နယ်ပယ်တွင် ကျင်လည်၍ ဘဝအောင်မြင်တိုးတက်ရေးကို ဟောပြောနေသူဖြစ်ရာ ကျော်ကျော်လှိုင်သည် နိုင်ငံရှိ သဘာဝအရင်းအမြစ်များ (အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့) ကို ထုတ်ယူနိုင်သမျှထုတ်ယူကာ လူမှုဘဝတိုးတက်ရန် ဆောင်ရွက်သည့် အစိုးရမျိုးအား လိုလားသည်။ [] သို့ဖြစ်ရာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ကိုသုံးကာ နိုင်ငံအား အုပ်ချုပ်လိုသည့် ယခင်အစိုးရ (၂၀၁၅-၂၀၂၀ သက်တမ်းတွင် တာဝန်ယူသော NLD အစိုးရ) နှင့် သဘောထား မတိုက်ဆိုင်မှုများ ရှိခဲ့သည်။ [] သို့ဖြစ်ရာ ယခု အုပ်ချုပ်ဆဲဖြစ်သော အိမ်စောင့်အစိုးရနှင့် ယခင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို အူလှိုက်သည်းလှိုက် ထောက်ခံလျက် ရှိသည်။ [ကိုးကားချက်လိုသည်]

ပြင်ပလင့်များ

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya