ကျော်မင်းဦး (ဘောလုံးသမား)
ကျော်မင်းဦး သည် အသက် ၂၃ နှစ်အောက် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ အလယ်တန်း ကစားသမား တစ်ဦးဖြစ်သည်။ မိခင်ကလပ်အသင်းမှာ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း ဖြစ်သည်။ ကျော်မင်းဦးကို ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့တွင် မွေးဖွားခဲ့သည်။ မန္တလေးဘောလုံးအကယ်ဒမီတွင် ၂၀၁၁ ခုနှစ်မှ စ၍ သုံးနှစ်ကြာ ပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသောအခါ ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ပြီး ထပ်မံစာချုပ်ချုပ်ခဲ့သည်။ 2011 AFF U-16 လူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှစတင်ပြီး မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ကာ နိုင်ငံအတွက် ပထမဆုံး စတင်ကစားခဲ့သည်။ ထို မြန်မာ ယူ-၁၆ အသင်းမှ စတင်ကာ နိုင်ငံအသင်းများတွင် အဆင့်ဆင့် ကစားခဲ့သည်။ သူသည် အလိမ်အခေါက်ကျွမ်းကျင်ပိုင်နိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် ကစားခဲ့သော FIFA U-20 World Cup တွင် မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ဂုဏ်ပြုဆုများ
ကိုးကား
|
Portal di Ensiklopedia Dunia