"ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ဟုခေါ်သော ကာတွန်းပုံသည် လူတစ်ယောက်ကို
ဇဝေဇဝါဖြစ်စေနိုင်သော ပုံတစ်ခု ဖြစ်သည်။
ရာဇဝင်
အမေရိကန် ကာတွန်းဆရာ ဝီလီယံ အယ်လီ ဟစ်လ်(၁၈၈၇-၁၉၆၂)က "ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"ပုံကို ၁၉၁၅-ခုနှစ် နိုဝင်ဘာ ၆-ရက်နေ့တွင်
ပတ်ခ်ဟုခေါ်သော အမေရိကန်ဟာသမဂ္ဂဇင်းတစ်ခု၌ "သူတို့ နှစ်ယောက်စလုံး ဒီပုံမှာပါတယ်။ ရှာကြည့်ပါ။" ဆိုတဲ့ စာတမ်းလေးနှင့် တွဲပြီး ပုံနှိပ်ထုတ်ဝေခဲ့သည်။[၁]
အဆိုပါပုံနှင့် ဆင်တူသော ပို၍ ရှေးကျသောပုံကို ၁၈၈၈-ခုနှစ်က ထုတ်ဝေသော
ဂျာမန် ပို့စကတ်တစ်ခုတွင်လည်း တွေ့နိုင်သည်။[၂]
၁၉၃၀-ခုနှစ်တွင် အက်ဒဝင်ဘောရင်းက အဆိုပါပုံကို "ဇဝေဇဝါဖြစ်စေနိုင်သော ပုံအသစ်တစ်ခု"ဟူသော စာတမ်းတစ်စောင်ဖြင့် စိတ်ပညာရှင်များအား
မိတ်ဆက်ပေးလိုက်ချိန်မှ စပြီး၊ ထိုပုံသည် ကျောင်းသုံးစာအုပ်များနှင့်လက်တွေ့ပညာရပ်ဆိုင်ရာ စမ်းသပ်မှုများတွင် အသုံးများလာခဲ့သည်။[၃][၄]
|
၁၉၁၅-ခုနှစ်မှ "ကျွန်တော့် အမျိုးသမီးနဲ့ သူ့ရဲ့အမေ"
|
၁၈၈၈-ခုနှစ်ထုတ် ဂျာမန် ပို့စကတ်
|
ကိုးကား