ကျွန်းဆွယ်ကျွန်းဆွယ် (အင်္ဂလိပ်: Peninsula) (လက်တင်စကားလုံးမှ ဆင်းသတ်လာပီး paene က "almost" ဟုအဓိပ္ပာယ်ရပြီး insula ကတော့ "island(ကျွန်း)" ဟုအဓိပ္ပာယ်ရသည်။ ကျွန်းဆွယ်ဆိုသည်မှာ ကုန်းမြေ၏ တစိတ်တပိုင်းဖြစ်ပြီး ဘေးမျက်နှာပြင်သုံးဖက်၌ ရေများဝန်းရံထားပြီး ကျန်တဖက်မှာ ကုန်းမြေနှင့် ဆက်စပ်တည်ရှိနေသည်။ ကမ္ဘာ့ အကြီးဆုံးကျွန်းဆွယ်မှာ အာရေဗျကျွန်းဆွယ် (Arabian Peninsula) ဟုခေါ်ပြီး ၁ မီလီယံစတုရန်းမိုင်ကျော် ကျယ်ဝန်းပြီး ယီမင်နိုင်ငံ၊ အိုမန်နိုင်ငံ၊ကာတာနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ နှင့် ဂျော်ဒန်နိုင်ငံနှင့်အီရတ်နိုင်ငံ၏ တစ်စိတ်တပိုင်းတည်ရှိသည်။ အာရှတိုက်၏ အရေးပါသောကျွန်းဆွယ်မှာ ကိုရီးယားကျွန်းဆွယ်နှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံသည် အင်ဒိုချိုင်နားကျွန်းဆွယ်ပေါ်တွင်တည်ရှိသည်။ အာဖရိကတိုက်ဥရောပတိုက်အာရှတိုက်အရှေ့တောင်အာရှ
အင်ဒိုနီးရှားနိုင်ငံ
မလေးရှားနိုင်ငံ
ဖိလစ်ပိုင်နိုင်ငံ
ဗီယက်နမ်နိုင်ငံ
မြောက်အမေရိကတောင်အမေရိကအန္တာတိကကိုးကား1.Britannica:Planet Earth:Discover and understand our world's natural wonders. 2.Charles F. Keyes:The Golden Peninsula: Culture and Adaptation in Mainland Southeast Asia |
Portal di Ensiklopedia Dunia