ကြက်ဟင်းခါးပင်
ကြက်ဟင်းခါးပင်၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား (Momordica charantia) ဖြစ်ပြီး ကျူကာဘိုက်တွေစီယေး (Cucurbitaceae) မျိုးရင်းတွင် ပါဝင်သည်။ အခါးအရသာရှိသော အသီးများထဲတွင် အခါးဆုံးဖြစ်ပြီး နွယ်ပင်တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်ဘာသာအမည်အားဖြင့် bitter melon, bitter gourd ဟုခေါ်ဆိုသည်။ ၎င်း၏ ဇာတိဒေသကို အတိအကျမသိရပေ။ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ အရှေ့တောင်အာရှ၊ တရုတ်၊ အာဖရိကတိုက်နှင့် ကရစ်ဘီယံဒေသတို့တွင် ပေါက်ရောက်သည်။ ဆေးဖက်ဝင်မှု
ကြက်ဟင်းခါးသီးတွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် ရင်သားကင်ဆာ ဖြစ်ပွားပျံ့နှံ့ခြင်းကို တားဆီးနိုင်သည့် အစွမ်းရှိကြောင်း အမေရိကန်မှ သုတေသနပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။ ကြက်ဟင်းခါးသီးတွင် ပါဝင်သည့်ဓာတ်ပစ္စည်းများသည် ရင်သားကင်ဆာ ဖြစ်ပွားတိုးတက်စေသည့် ဓာတုဖြစ်စဉ်လမ်းကြောင်းများကို တားဆီးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ရင်သားကင်ဆာဆဲလ်များ ကွဲပွားစေမှုကို ပိတ်ပင်နိုင်သလို ယင်းဆဲလ်များ ကို သေဆုံးစေရန်လည်း လှုံ့ဆော်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ယခုတွေ့ရှိမှုမှာ ထပ်မံလေ့လာ ရန်များစွာလိုအပ်နေသေးကြောင်း ကင်ဆာ သုတေသနဂျာနယ်တွင် ဖော်ပြခဲ့သည့် စစ်တမ်းကို ပူးတွဲရေးသားခဲ့သူ အမေရိကန်နိုင်ငံ ကော်လိုရာဒိုတက္ကသိုလ်မှ ဒေါက်တာ ရာဂျက်ရှ်အဂါဝယ်လ်က ပြောကြားခဲ့သည်။ ကြက်ဟင်းခါးသီးအမြောက် အမြားစားသုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်ဟု သက်သေပြုမပြောကြားနိုင်သေးကြောင်း ဒေါက်တာရာဂျက်ရှ်က ဆိုသည်။ ယခင်ကတည်းက ဆေးမြီးတိုများတွင် ကြက်ဟင်း ခါးသီးကို ဆီးချိုနှင့်ကူးစက်ရောဂါ များတွင် သုံးစွဲခဲ့ကြသည်။ ယခုတွေ့ ရှိမှုတွင်မှ ကင်ဆာကိုပါ ကာကွယ်နိုင် ဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ကြက်ဟင်းခါးသီးမှထုတ်ယူ သော ဓာတ်ပစ္စည်းများဖြင့် ရင်သား ကင်ဆာဖြစ်ပွားနေသူများအား ရောဂါမပျံ့နှံ့စေရန် အထောက်အကူ ပြုအာဟာရတစ်မျိုးအဖြစ် အသုံးပြု နိုင်ရေး ပညာရှင်များက ရည်ရွယ် ထားကြသည်။ ဗြိတိန်ကင်ဆာ သုတေသနမှ ဂျက်စီကာဟားရစ်က ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အပင်တော်တော်များများက ဓာတု ပစ္စည်းတွေဟာ ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအထဲက အနည်းငယ်ကပဲ အသုံးဝင်တဲ့ကင်ဆာဆေးဝါးတွေ ဖြစ်လာကြပါတယ်။ ဒါဟာ ကင်ဆာ ဝေဒနာရှင်တွေအတွက် အကျိုးရှိသလား၊ ဒါမှမဟုတ် အခြားဘေးထွက် ဆိုးကျိုးတွေ ရှိသေးလားဆိုတာ စမ်း သပ်မှုတွေအများကြီးလုပ်ဖို့လိုပါသေး တယ်ဟု သုံးသပ်ပြောကြားသည်။ [၁] မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများမြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာ၀ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးပုံစိုက်ခင်းပြုပြင်ခြင်းအစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။ စိုက်ခင်းမြေအား ကောင်းစွာပြုပြင်ပြီး မြေဆွေးနှင့် နွားချေးရော၍ ချပေးကာ တစ်ပင်နှင့် တစ်ပင် ၂ ပေ ၊ တစ်တန်းနှင် တစ်တန်း ၃ ပေ ခြား၍ စင်ခံပေးရမည်။ ခြံစည်းရိုးများတွင်လည်း စိုက်နိုင်သည်။ စိုက်ပျိုးခြင်းစိုက်ကျင်းတစ်ကျင်းလျှင် ၃ စေ့မှ ၅ စေ့အထိ ချပြီး စိုက်နိုင်သည် ။ မြန်မာနိုင်ငံ အလယ်ပိုင်း တွင်မူ လယ်ကွင်းများ၌ တစ်ကျင်းနှင့် တစ်ကျင်း ၄ ပေ ခွာ၍ စိုက်ကြသည်။ ပြုစုပျိုးထောင်ခြင်းပေါင်းလိုက်ခြင်း ၊ မြေဆွခြင်း လုပ်ငန်းများကို လိုအပ်သလို ပြုလုပ်ပေးရမည်။ ခဝဲ ၊ သခွားကဲ့သို့ အညွန့် များကို ဆိတ်ပစ်နိုင်လျှင် အသီးများသည်။ ရိတ်သိမ်းခြင်းစိုက်ပြီး ရက်ပေါင်း ၇၅ မှ ၉၀ ရက်အတွင်း အသီး သီးသဖြင့် ခူးယူသုံးစွဲနိုင်သည်။ အသုံးဝင်ပုံမြန်မာဆေးကျမ်း များ အလိုအရ ခါး၏ ၊ စပ်ရှားရှားရှိ၏ ။ အေး၏ ၊ ကြေကျက်လွယ်၏ ၊ ဝမ်းကို သက်စေ၏ ၊ ပိုးကို နိုင်၏ ၊ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏ ၊ သည်းခြေသလိပ်ကို နိုင်၏ ။ မျက်စိရောဂါ ၊ ယောနိ၌ ဖြစ်သောရောဂါများ ၊ သွေးအားနည်းခြင်း ၊ ဆီးနှင့် စပ်သောရောဂါများကို ပျောက်စေသည်။ အသုံးပြုပုံ![]() ![]() အရွက်
အသီး
ဓာတ်ပုံများ
ကိုးကား
ရင်းမြစ်များ
|
Portal di Ensiklopedia Dunia