ကြိယာဝိသေသနကြိယာဝိသေသနကြိယာဝိသေသနသည် ဝါကျ၏ အင်္ဂါတစ်ခု ဖြစ်သည်။ ယင်းသည် ကြိယာ၏အဓိပ္ပာယ်ကို ပိုမို ထင်ရှားစေသည်။ တိကျလေးနက်စေသည်။ နာမ်ကို နာမဝိသေသနက အထူးပြုကူညီသကဲ့သို့ ကြိယာကို ကြိယာ ဝိသေသနက အထူးပြု ကူညီလေသည်။
အကယ်၍ 'လျင်မြန်စွာ လမ်းလျောက်သည်'ဟု ဆိုလျှင် ကြိယာ၏အဓိပ္ပာယ်သည် ပိုမိုတိကျ လေးနက်လာလေသည်။ ဤဝါကျ၌ ကြိယာကို အထူးပြုသည့် 'လျင်မြန်စွာ' ဟူသောပုဒ်သည် ကြိယာဝိသေသန ဖြစ်သည်။ ကြိယာတစ်ခု၌ 'စွာ'ဟူသော စာလုံးကို ဖြည့်စွက်လိုက်ခြင်းဖြင့်
ကြိယာ ဝိသေသနသည်၊ တစ်ခါတစ်ရံ နာမဝိသေသနကို အထူးပြုသည်ကို တွေ့ရသည်။
တစ်ဖန် 'ကောင်းသော' ဟူသော နာမဝိသေသနကိုပင် 'အလွန်'ဟူသော ကြိယာဝိသေသနက အထူးပြုလေသည်။ ကြိယာဝိသေသနများကို အချိန်၊ နေရာ၊ ပြုမူပုံ၊ အရေအတွက်တို့ကို ဖော်ပြသည့် စကားရပ်များ အဖြစ်ဖြင့်လည်း အသုံးပြုတတ်ကြသည်။
နိုင်သည်။
ဟူသော ဝါကျ ၂ ခု၌ 'ကျယ်လောင်စွာ'နှင့် 'တစ်ယောက်စီ တစ်ယောက်စီ'ဟူသောစကားတို့သည် ပြုမူပုံကို ထင်ရှားစေသော ကြိယာဝိသေသနများ ဖြစ်ကြသည်။ အောက်ပါ ဥပမာ( ၂) ခု၌ 'အလွန်'ဟူသော ကြိယာဝိသေသနသည် 'ပမာဏ'ကို ဖော်ပြသည်။
နာမဝိသေသနမှာကဲ့သို့ပင် ကြိယာဝိသေသနမှာလည်း နှိုင်းယှဉ်ချက်များ ရှိကြ၏။
ဤအလတ်စား၊ အမြတ်စား နှိုင်းယှဉ်ချက်များကို ဝါကျတွင် ကြိယာဝိသေသနအဖြစ် သုံးနိုင်သည်။ [၁] ကြိယာဝိသေသန (၅) မျိုးအနက်အဓိပ္ပာယ်အရ ကြိယာဝိသေသန (၅) မျိုးရှိသည်။ ၎င်းတို့မှာ ’ (က) အချိန်ပြကြိယာဝိသေသန (ခ) အမူအရာပြကြိယာဝိသေသန (ဂ) အခြေအနေပြကြိယာဝိသေသန (ဃ) ပမာဏပြကြိယာဝိသေသန (င) အမေးကြိယာဝိသေသန[၂] အချိန်ပြကြိယာဝိသေသနအချိန်ကာလကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသောပုဒ်ကို အချိန်ပြကြိယာဝိသေသန ဟုခေါ်သည်။ ဥပမာ။ ။ ယခင်က၊ ယနေ့၊ ယခု၊ နက်ဖြန်၊ နောက်နောင်၊ မကြာမီ၊ ချက်ချင်း၊ ခဏချင်း၊ ရုတ်တရက်၊ အစဉ်၊ အမြဲ၊ မပြတ်။
(ခ) ယခင်က ဆိုခဲ့သည့်အတိုင်း သဘောတူကြသည်။ (ဂ) မန္တလေး အမြန်ရထားသည် မကြာမီ ဆိုက်မည်။ (ဃ) မိမိ၏ အလုပ်တာဝန်ကို အစဉ် ရိုသေလေးစားပါ။ (င) ဤကိစ္စကို ယခုပင် ဆောင်ရွက်ပါ။ (စ) မီးလောင်လျှင် မီးသတ်ကို ချက်ချင်း အကြောင်းကြားပါ။ (ယခင်က၊ ယခု၊ မကြာမီ၊ ချက်ချင်း၊ အစဉ် စသည်တို့သည် အချိန်ပြကြိယာဝိသေသန များ ဖြစ်ကြသည်။[၂] အမူအရာပြကြိယာဝိသေသနဆောင်ရွက်ပုံအမူအရာကို ပြခြင်းဖြင့် ကြိယာကို အထူးပြုသော ပုဒ်ကို အမူအရာပြကြိယာဝိသေသန ဟု ခေါ်သည်။ ဥပမာ။ ။ ဒယိမ်းဒယိုင်၊ ယုယုယယ၊ တီတီတာတာ၊ ညီညီညာညာ၊ ချိုသာစွာ၊ အလျင်အမြန်၊ ကချော်ကချွတ်၊ တမြုံ့မြုံ့၊ တရိုတသေ။
(ခ) မိခင်သည် သားငယ်ကို ယုယုယယ ထွေးပိုက်သည်။ (ဂ) နိုင်ငံတော်အလံကို ညီညီညာ အလေးပြုကြသည်။ (ဃ) လူချစ်လူခင်မျာလိုလျှင် စကားကို ချိုသာစွာ ပြောပါ။ (င) ဘကြီးဖြိုးသည် ကွမ်းကို တမြုံ့မြုံ့ ဝါးနေသည်။ (ယုယုယယ၊ ညီညီညာညာ၊ ချိုသာစွာ၊ တမြုံ့မြုံ စသည်တို့သည် အမူအရာပြကြိယာဝိသေသန များ ဖြစ်ကြသည်။)[၂] ကိုးကား |
Portal di Ensiklopedia Dunia