Auricularia auricula-judae
|
|
A young fruit body on fallen wood in England
|
မျိုးရိုးခွဲခြားခြင်း
|
လောက:
|
Fungi
|
Division:
|
Basidiomycota
|
မျိုးပေါင်း:
|
Agaricomycetes
|
မျိုးစဉ်:
|
Auriculariales
|
မျိုးရင်း:
|
Auriculariaceae
|
မျိုးစု:
|
Auricularia
|
မျိုးစိတ်:
|
A. auricula-judae
|
ဒွိနာမ
|
Auricularia auricula-judae
|
Synonyms
|
Species synonymy
- 1753 Tremella auricula L.
- 1777 Peziza auricula (L.) Lightf.
- 1788 Merulius auricula (L.) Roth
- 1789 Tremella auricula-judae Bull.
- 1791 Peziza auricula-judae (Bull.) Bull.
- 1801 Tremella auricula-judae var. caraganae Pers.
- 1812 Tremella caraganae (Pers.) H. Mart.
- 1821 Gyraria auricularis Gray
- 1822 Exidia auricula-judae (Bull.) Fr.
- 1822 Auricularia sambuci Pers.
- 1860 Hirneola auricula-judae (Bull.) Berk.
- 1880 Hirneola auricula (L.) P. Karst.
- 1886 Auricularia auricula-judae var. lactea Quél.
- 1902 Auricularia auricula (L.) Underw.
- 1913 Auricularia lactea (Quél.) Bigeard & H. Guill.
- 1943 Auricularia auricularis (Gray) G.W. Martin
- 1949 Hirneola auricularis (Gray) Donk
- 1970 Hirneola auricula-judae var. lactea (Quél.) D.A. Reid
|
ကြွက်နားရွက် သည် စား၍ရသော အော်ရီကူလာရီယာလက် (Auriculariales) မျိုးစုဝင် မှိုတမျိုး ဖြစ်ပြီး ကမ္ဘာ့နေရာအများတွင် တွေ့ရသည်။ မှိုဦးထုပ်မှာ ခပ်ညိုညို ခပ်ဖားဖားနှင့် နားရွက်နှင့် တူသည်။ အရွယ်လွန်ပင်တို့တွင် အတွေ့များ၏။ ပါးစပ်ပြောစကားများအရ ယုဒသည် သူ့ကိုယ်သူ သစ်အိုပင်တခု၌ ကြိုးဆွဲချကာ သေလျှင် ထိုမှိုဖြစ်လာသည် ဆို၍ အနောက်တိုင်းတို့တွင် ယုဒနားရွက် ဟူ၍လည်း အခေါ်ရှိသည်။ အပူပိုင်းဒေသရှိ အပင်သေနှင့် သစ်အိုပင်တို့တွင် အပေါက်အရောက် များ၏။
၁၉ ရာစု၌ အနောက်တိုင်းမှ တိုင်းရင်းဆေးတို့တွင် လည်ချောင်းနာ၊ မျက်စိနာနှင့် အသားဝါရောဂါတို့ကို ကုရန် ကျောက်ချဉ်နှင့်တွဲ၍ သုံးသည်။ စားစရာအဖြစ်မူ အနောက်တိုင်း၌ အသုံးနည်း၏။ တရုပ်တွင် အသုံးများပြီး ဩစတေးလျက တရုပ်သို့ ၂၀ ရာစုရောက်သော် အများအပြား တင်ပို့သည်။ တရုပ်တွင် ဟင်းစာအဖြစ်သာမက ဆေးဝါးအနေနှင့်လည်း သုံးသည်။ ဂါနာတွင် သွေးအားတိုးဆေးအဖြစ် သုံးပြီး ခေတ်သစ်ဆေးပညာသုတေသနများအရ ကင်ဆာကျိတ်ပျောက်ရန်၊ သွေးကြောပိတ်ပျောက်ရန်၊ ကိုလစ်စထရော ခေါ် သွေးတွင်းအဆီဓာတ်လျော့ရန် သုံးနိုင်ကြောင်း တွေ့ထား၏။
ကိုးကား