ကွမ်းရွက်ပင်
ပေါက်ရောက်ပုံမြန်မာ နိုင်ငံ အနှံ အပြားတွင် ပေါက်ရောက်သည်။ စိုက်ပျိုးပင် ဖြစ်သည်။ အသုံးပြုပုံကွမ်းရွက် ညှစ်၍ ရသော သတ္တုနှင့် ဂျင်းပြုတ်ရည်၊ ဆားအနည်းငယ်နှင့် တိုက်ကျွေးပါက ပန်းနာ ရင်ကျပ်၊ ရင်အောင့် ရင်ကယ်၊ ကြက်ညှာ ချောင်းဆိုး ရောဂါများ ပျောက်၏။ ကလေးများ လေပွခြင်း၊ အစာ မကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်းများ၌ ကွမ်းရွက် သတ္တုရည်နှင့် ပျားရည်များ ရော၍ တိုက်ကျွေးလျှင် ပျောက်ကင်း နိုင်၏။ အဖျားကြောင့် ဖြစ်သော ခေါင်းကိုက် ရောဂါများ၌ ကွမ်းရွက် မျက်စဉ်းအဖြစ် ခတ်ပေးနိုင်သည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင် ကွမ်းရွက်ကို မျက်လုံး ပေါ်တွင် ကပ်ပေးနိုင်သည်။ ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သော အဖျား၊ လည်ချောင်းနာ ရောဂါများကို ပျောက်ကင်း စေနိုင်သည်။ သွေးတိုး ရောဂါတွင် သွေးတက်သည့် အခါ ချက်ချင်း ကျစေရန် ကွမ်းရွက် သတ္တုရည်ကို ညှစ်၍ တိုက်ကျွေးနိုင်သည်။ ပုံပမ်း သွင်ပြင်ကပ်ပါး နွယ်ပင်မျိုး ဖြစ်သည်။ ပင်စည်လုံး သေးသွယ် ပြောင်ချောသည်။ အမြစ်များ ထွက်နေသော ထစ်ဖုများ ရှိသည်။ တစ်ခါ တစ်ရံ ဂလင်းများ ပါရှိသည်။ မွှေးသော အနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ ၄ မျိုးခန့် ခွဲထားသည်။ ရွက်လွှဲ ထွက်သည်။ နှလုံးပုံ ရှိ၍ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းရှိ အဝိုက်များ ညီညာသည်။ ရွက်ညှာ ရှည်၍ အလယ်တွင် မြောင်းပါရှိ၏။ ပန်းပွင့် အလွန် သေးငယ်သည်။ ဖိုမ သီးသန့် ရှိသည်။ ပန်းခိုင်များသည် အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်၏။ အဖို ပန်းခိုင်သည် ပို၍ သေးသည်။ အသီးသည် အလွန် သေးငယ်သည်။ လုံးဝိုင်း၍ တစ်စေ့သီး ဖြစ်သည်။ အသုံးဝင်သောအပိုင်းအရွက် Betle Vine (ကွမ်း)
အသုံးပြုပုံ- အရွက် ၁။ ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နှင့် တိုက်က ကလေးများ လေပွခြင်း ၊ အစာမကြေခြင်း ၊ ဝမ်းသွားခြင်း ၊ ဖျားနာခြင်းများ ပျောက်၏။ ၂။ ကွမ်းရွက် ညှစ်ရည်ကို နွားနို့နှင့် သောက်က မီးယပ်ကြောင့် ဖြစ်သော စိတ္တဇ ရောဂါ ပျောက်၏။ ၃။ ကွမ်းရွက် ညှစ်ရည်တွင် ချင်းပြုတ်ရည် နှင့် သိန္ဓောဆား အနည်းငယ်ထည့်သောက်က ပန်းနာရင်ကျပ် ၊ ရင်အောင့် ရင်ကယ် ၊ ကြက်ညှာချောင်းဆိုးများ ပျောက်၏။ ၄။ ကွမ်းရွက်ညှစ်ရည်အား မျက်စဉ်းခတ်ပေးခြင်းဖြင့် ကြက်မျက်သင့်နာ ၊ မျက်စိနာ ၊ မျက်စိရောင်ခြင်း ၊ ကိုက်ခြင်း စသည့်မျက်စိနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း၏။ ၅။ ကွမ်းရွက်ကို နနွင်း နှင့် ကျိုပြီး ဆားအနည်းငယ် ခတ်သောက် က ဖျားနာရောဂါ ပျောက်၏။ ၆။ ကွမ်းရွက်ကို မီးကင်၍ ကလေးများငယ်ထိပ်တွင် အုန်းသီး နှင့်ဆွတ်ပြီး ကပ်ပေးထားပါက နှာစေးရောဂါ ပျောက်ကင်း၏။ ၇။ ကွမ်းရွက်ကို ထန်းလျက် ၊ ချင်း ၊ ဆားထည့်ပြုတ်သောက်သော် အပူလွန်၍ ဖျားသော ရောဂါပျောက်၏။ ၈။ ထို့ပြင် ကွမ်းရွက်ကို ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီး၊ ရှားစေးတို့ဖြင့် ယာပြီး ကွမ်းယာအဖြစ်လည်းဝါးကြသည်။ ကိုးကား |
Portal di Ensiklopedia Dunia