ခင်မောင်ထွေး(ပျဉ်းမနား)

ဦးခင်မောင်ထွေးသည် အားကစားကလောင်ရှင်တစ်ဦးဖြစ်သည်။"ခင်မောင်ထွေး (ပျဉ်းမနား)"ကလောင်အမည်ဖြင့် အားကစားကဏ္ဍနှင့်ပက်သက်သော ဆောင်းပါးများစွာရေးသားခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဘဝအစနှင့်ပညာရေး

ဦးခင်မောင်ထွေးကို ၁၉၃၁ခုနှစ် စက်တင်ဘာလ ၄ရက်နေ့တွင် ထိုစဉ်က မန္တလေးတိုင်း၊ပျဉ်းမနားမြို့၊မင်္ဂလာရပ်၊ ဗိုလ်တောက်ထိန်လမ်း၌ဖွားမြင်သည်။ အမျိုးသားကျောင်း၊ABMကျောင်း၊ဂျပန်စာသင်ကျောင်း၊အစိုးရအထက်တန်းကျောင်းတို့ တက်ရောက်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။၁၉၅၁ခုနှစ်တွင် အားကစားဒီပလိုမာ၊၁၉၆၇ခုနှစ်တွင် သတင်းစာဒီပလိုမာတို့ ရရှိခဲ့သည်။ ခရိုင်ကိုယ်လက်ကြံ့ခိုင်ရေးမှူးသင်တန်း၊ဘောလုံးနည်းပြဆရာသင်တန်း၊သတင်းစာပညာသင်တန်း စသည်တို့ကို တက်ရောက်ခဲ့သေးသည်။

၁၉၅၂ခုနှစ်တွင် ဒေါ်ခင်မြရင်နှင့် လက်ထပ်ခဲ့သည်။[]

အလုပ်အကိုင်

အားကစားမှူး

အိမ်ထောင်ကျပြီးနောက် ၁၉၆၄ခုနှစ်တွင် ရန်ကုန်သို့ပြောင်းရွှေ့ခဲ့ကာ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အားကစားမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သတင်းထောက်ဘဝ

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် အားကစားမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် အားကစားအစဘေဘီလုံကဟူသော ဆောင်းပါးဖြင့် အားကစားစာပေလောကသို့ ဝင်ရောက်ခဲ့သည်။[]ရှုမဝမဂ္ဂဇင်း၊ အိုးဝေ၊မြဝတီ၊ငွေတာရီ၊ တို့ကျောင်းသား၊နွယ်နီ၊ရနံ့သစ်နှင့် အားကစားဂျာနယ်များတွင် ဆောင်းပါးများ ရေးသားခဲ့သည်။၁၉၆၀ပြည့်နှစ်တွင် ဗိုလ်တစ်ထောင်သတင်းစာ၏ အားကစားကဏ္ဍ အငယ်တန်းသတင်းထောက်ဖြစ်လာခဲ့သည်။၁၉၇၈ခုနှစ်တွင် ထိုသတင်းစာတိုက်၌ အကြီးတန်းအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တာဝန်မှရပ်စဲခံခဲ့ရသည်။ ထိုအချိန်မှစ၍ ဂျာနယ်၊မဂ္ဂဇင်းများ၌ အားကစားဆောင်းပါးများစွာ အဆက်မပြတ် ရေးသားခဲ့သည်။ ထို့အပြင် အားကစားဝတ္ထုများလည်း ရေးသားခဲ့သေးသည်။

ဤအတောအတွင်း ၁၉၆၂ခုနှစ်တွင် တရုတ်နိုင်ငံ၊ဖင်လန်နိုင်ငံ၊အရှေ့ဂျာမနီနိုင်ငံဆိုဗီယက်နိုင်ငံ၊၁၉၆၉ခုနှစ်တွင် ဟောင်ကောင်၊ထိုင်းနိုင်ငံ၊၁၉၇၀ပြည့်နှစ်၊ ၂၀၀၀ပြည့်နှစ်၊၂၀၀၈ခုနှစ်တို့တွင် အိန္ဒိယနှင့် နီပေါနိုင်ငံများသို့ သွားရောက်ခဲ့သေးသည်။[]

နောက်ပိုင်းအလုပ်အကိုင်

မြန်မာနေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲတွင် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ အဖြစ် ၂၀၀၉ခုနှစ်မှ ကွယ်လွန်သည်အထိ ဆောင်ရွက်ခဲ့သည်။ မြန်မာအားကစားကလောင်ရှင်များအဖွဲ့ချုပ်၏ နာယကအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ကွယ်လွန်ခြင်း

ဦးခင်မောင်ထွေးသည် ၂၀၁၅ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ မွန်းလွဲ ၂နာရီခွဲတွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ SSCဆေးရုံသို့တင်ခဲ့ရပြီး ၃နာရီခွဲတွင် ကွယ်လွန်ခဲ့သည်။

ကိုးကား

  1. ၁.၀ ၁.၁ ဝါရင့်အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကွယ်လွန်
  2. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၆)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya