ခရစ်ချပ်ချ်မြို့![]() ခရစ်ချပ်ချ်မြို့သည် နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး နယူးဇီလန်နိုင်ငံ၏ တတိယမြောက် အကြီးဆုံးသော မြို့ပြဒေသ ဖြစ်သည်။ ခရစ်ချပ်ချ်မြို့သည် တောင်ဘက်ကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်းဒေသ၏ သုံးပုံ တစ်ပုံမျှကို နေရာယူထားပြီး ဘန့်ကျွန်းဆွယ်၏ မြောက်ဘက်နား အထိပင် ဖြစ်သည်။ ဘန့်ကျွန်းဆွယ်သည်လည်း ၂၀၀၆ ခုနှစ်တွင် ခရစ်ချပ်ချ်မြို့၏ နယ်နိမိတ် အတွင်း ပါဝင်လာခဲ့သည်။ ခရစ်ချပ်ချ် မြို့ကို ထိုမြို့ ပတ်ဝန်းကျင်ရှိ ကင်တာဘူရီ ခရိုင် အတွင်း အခြေချခဲ့သော ကင်တာဘူရီ အသင်းမှ နာမည်ပေးခဲ့ခြင်း ဖြစ်သည်။ ၁၈၄၈ ခုနှစ် မတ်လ ၂၇ ရက် အသင်း၏ ပထမဆုံး အစည်းအဝေးတွင် ခရစ်ချပ်ချ်ဟု အမည်ပေးရန် သဘောတူညီမှု ရရှိခဲ့သည်။ အကြံပေးသူမှာ ဂျွန် ရောဘတ် ဂေါ့ဒ်လေ ဖြစ်ပြီး အောက်စဖို့ဒ် တက္ကသိုလ် ခရစ်ချပ်ချ် တွင် တက်ရောက်သူ တစ်ဦး ဖြစ်သည်။ တော်ဝင်မှတ်တမ်း၌ ၁၈၅၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ရေးထိုးခဲ့သဖြင့် နယူးဇီလန်နိုင်ငံ၏ ရှေးအကျဆုံးမြို့ဟု ဆိုနိုင်သည်။ |
Portal di Ensiklopedia Dunia