ခရမ်းရောင်လွင်ပြင်
ခရမ်းရောင်လွင်ပြင် (The Purple Plain) သည် ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကား တစ်ခုဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ကမြန်မာ နိုင်ငံ အခြေခံဇာတ်ကား ဖြစ်သည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က ရုပ်ရှင်ကား တစ်ကားဖြစ်သည်။ အနောက်တိုင်း သရုပ်ဆောင်နဲ့ မြန်မာ ရုပ်ရှင် မင်းသမီးနှင့် တွဲပြီး ရိုက်ကူးထားတဲ့ စစ်တွင်းခေတ် ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။ နာမည်ကျော် မင်းသားချော Gregory Peck ပါဝင်ထားပြီး မြန်မာ့အမျိုးသမီးအနုပညာရှင် ဝင်းမင်းသန်းဖြစ်သည်။ ဇာတ်လမ်း“သမားရိုးကျ ဇာတ်လမ်းဖြစ်သည်။ ဇနီးမယား အသစ်စက်စက်ကလေး ရုတ်တရက် ဆုံးပါးသွားတော့ အသဲကွဲနေတဲ့ ကနေဒါ လေတပ်က တိုက်လေယာဉ်မှူး တစ်ယောက် မြန်မာပြည် စစ်မြေပြင်ကို ရောက်လာပါတယ်...။ ချစ်ဇနီးက ဆုံးပါးသွားတော့ သေခါမှ သေရော... အချည်းနှီးတော့ အသေမခံ တိုင်းပြည်အတွက် အသက်စွန့်ရင်း ဆုတံဆိပ် ရပြီး သေသွားရင် ကောင်းမယ်ဆိုပြီး စစ်မြေပြင်ကိုပဲ သွားဖို့ ကြိုးစားပါတယ်...။ ဝင်းမင်းသန်းကတော့ ဒီကားမှာ ကျောင်းဆရာမလေး Anna အဖြစ် သရုပ်ဆောင်ထားလေရဲ့...။ လေယာဉ်မှူးတစ်ယောက် Anna နဲ့ တွေ့ရာက သူ့ရဲ့ တွယ်ရာမဲ့ လေလွင့်နေတဲ့ စိတ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းသွားပြီး ဆရာမလေးကို ချစ်ကြိုက်မိသွားတယ်...။ ဒါပေမဲ့ ကံဇာတ်ဆရာက လူတို့ရဲ့ ပျော်ရွှင်မှုကို မနာလို မရှုစိမ့်နိုင်တဲ့ အတွက် လေယာဉ်ပျက်ကျအောင် လုပ်လိုက်ပါသည်။” ထိုဇာတ်ကားသည် ရိုက်ကူးချိန် (၆)လကြာသည်။
|
Portal di Ensiklopedia Dunia