ခရာကောင်းမြို့ဟောင်း
ခရာကောင်း သမိုင်းဝင်ဒေသ သည် ပိုလန်နိုင်ငံ ခရာကောင်းမြို့ရှိ သမိုင်းဝင် မြို့လည်ဒေသ တစ်ခု ဖြစ်သည်။ [၁] ထိုဒေသမှာ ပိုလန်နိုင်ငံရှိ ရေပန်းအစားဆုံး မြို့ဟောင်းများထဲတွင် တစ်ခု အပါအဝင် ဖြစ်ပြီး ပိုလန်နိုင်ငံ နိုင်ငံရေး၏ အချက်အချာ ဒေသအဖြစ် ၁၀၃၈ ခုနှစ်မှ စတင် တည်ရှိခဲ့သည်မှာ ၁၅၉၆ ခုနှစ် ဆီဂစ်မွန် ၃ ဗာဆာ ဘုရင်မှ ၎င်း၏ နန်းတော်ကို ဝါဆောမြို့ သို့ ပြောင်းရွှေ့ခဲ့သည့် အချိန် အထိ ဖြစ်သည်။ ထိုအလယ်ခေတ် မြို့ဟောင်းတစ်ခုလုံး သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် နေရာများ စာရင်းတွင် ပထမဆုံး ရွေးချယ်ခဲ့သော ဒေသများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပြီး ခရာကောင်း သမိုင်းဝင်ဒေသ ဟု အမည်ရေးသွင်းခဲ့သည်။ [၂][၃]ထိုမြို့ဟောင်းသည် ပိုလန်နိုင်ငံ၏ တရားဝင် အမျိုးသား သမိုင်းဝင် အဆောက်အဦးများ အဖြစ် ရွေးချယ်ထားသော နေရာများတွင်လည်း ပါဝင်ပြီး ၁၉၉၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်က ပထမအကြိမ် ရွေးချယ်မှုတွင် ပါဝင်ခဲ့ကာ ပိုလန် အမျိုးသားအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကြီးကြပ်မှု အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia