ခရာ-တိုင် ဘာသာစကားများ
ခရာ–တိုင် ဘာသာစကားများ ( /ˈkrɑː.daɪ/ ၊ တိုင်–ခဒိုင် /ˈtaɪ.kəˌdaɪ/ နှင့် Daic /ˈdaɪ.ɪk/ DYE-ik) ဘာသာစကားအုပ်စုကို တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့တောင်အာရှကုန်းမကြီး နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတို့တွင် အသုံးပြုသည်။ ထိုင်းနှင့်လာအို နိုင်ငံတို့၏ တရားဝင်ရုံးသုံးဘာသာစကားဖြစ်သော ထိုင်းဘာသာစကားနှင့် လာအိုဘာသာစကားသည် ဤအုပ်စုတွင်ပါဝင်သည်။ ခရာ-တိုင် အုပ်စုဝင် ဘာသာစကား ပြောဆိုသူများမှာ ၉၃သန်းခန့်ရှိပြီး အဲဒီထဲတွင်း 60% သည် ထိုင်းစကား ပြောဆိုသူများဖြစ်သည်။ [၂] Ethnologue က ခရာ-တိုင်းဘာသာစကားပေါင်း 95 မျိုးစာရင်းပြုစုထားပြီး 62 သည် တိုင်(ရှမ်း)ဘာသာစကား၏ အကိုင်းအခက်များတွင်ပါဝင်သည်။ယခင်က တရုတ်-တိဗက်အုပ်စု(Sino-Tibetan) ၏ အခွဲ Sino-Tai theory (ထိုင်း-တရုတ်အုပ်စု သီအိုရီ) ကိုယုံကြည်ကြသော်လည်း၊ ယခုအချိန်တွင် တိကျသော ဆက်စပ်မှုအထောက်အထားသက်သေမရှိသဖြင့် 1980တွင် ပယ်ဖျက်ခံခဲ့ရသည်။ [၃] သမိုင်းကြောင်း နှင့် မျိုးရိုးဗီဇKra–Dai ဘာသာစကားများ၏ မူလဖြစ်ပေါ်ရာဒေသသည် ယခု တရုတ်နိုင်ငံ၏ တောင်ပိုင်း – ဂွမ်စီ (Guangxi), ယွမ်နန် (Yunnan) တို့အနီးဖြစ်သည်ဟု ယူဆရသည်။Zhuang, Dong, Li များသည် တရုတ်သမိုင်းစာတမ်းများတွင် Bai Yue (百越) ဟု ခေါ်ကြသော ရှေးလူ့အဖွဲ့အစည်းတွင် ပါဝင်သည်ဟု ယူဆရသည်။ထိုင်း၊ လာအို၊ ရှမ်းတို့သည် ထိုအုပ်စုမှ Tai-speaking groups တစ်ခုအဖြစ် အရှေ့တောင်အာရှသို့ ပြန့်နှံ့ခဲ့ကြသည်။ထိုပြန့်နှံ့မှုသည် ခန့်မှန်းခြေရာနှစ် ၁၀၀၀ – ၁၂၀၀ CE အတွင်း ဖြစ်ပေါ်ခဲ့သည်။ Kra–Dai peoples များတွင် ရှေးဟောင်း DNA Haplogroups ဖြစ်သော O1b1a1a (O-M95) နှင့် O2a2b (O-M7) တွေ့ရပြီး ထို Haplogroups များသည် အရှေ့တောင်အာရှ နှင့် တရုတ်တောင်ပိုင်းတွင် တွေ့ရများပြီး Tai-Kadai peoples ၏ မျိုးရိုးဗီဇမျှဝေမှု သက်သေ ဖြစ်နိုင်သည်။ထိုဗီဇတူမှုများကို မွန်-ခမာ(Austroasiatic) နှင့် တရုတ်-တိဗက်(Sino-Tibetan) နှစ်ဖက်လုံးတွင်အနည်းငယ်မျှသာ တွေ့ရသည်။ ဒါကြောင့် Kra–Dai သည် တစ်ခုတည်းသော မျိုးရင်း (language family isolate level) ဖြစ်နိုင်သည်ဟူယူဆနိုင်သည်။ အမည်သုံးစွဲမှုTai–Kadai ဆိုသည်မှာ Tai branch (ဥပမာ – ထိုင်း၊ လာအို၊ ရှမ်း) နှင့် Kadai branch (ယခင်တွင် အနည်းငယ်သာလူသိတဲ့ Kra group) တို့မှ ဆင်းသက်သည်။ ယနေ့တွင် ပညာရှင်အများစုက “Kadai” ဆိုသည်မှာ Tai နှင့် Kra တို့ကို သီးခြားသတ်မှတ်မှုမရှိဘဲ ပေါင်းခေါ်ခြင်းဖြစ်ပြီး မမှန်ဟုသတ်မှတ်ကြသဖြင့်, Kra–Dai (ခရာ–တိုင်(ဒိုင်)) ဟု ခေါ်ခြင်းမှာ ပညာရေးအခြေခံသုံးသပ်ချက်အရ သင့်တော်သည့်အမည်ဖြစ်သည်။ထို့ကြောင့် “Kra–Dai” ဟု ခေတ်သစ်ဘာသာစကားဗေဒအထောက်အထားတွင် သဘောတူသုံးစွဲလာကြသည်။ မှန်ကန်မှုမရှိသော ထိုင်း-တရုတ်အုပ်စုအားပယ်ဖျက်ခဲ့ပြီး သီးခြားဘာသာစကားအုပ်စုဖြစ်လာခဲ့ခြင်း
သဒ္ဒါနှင့် အသံဗေဒလက္ခဏာများKra–Dai ဘာသာစကားများတွင် စဉ်ဆက်မပြတ်တွေ့ရသည့်သဒ္ဒါပုံစံများမှာ - သဒ္ဒါပုံစံ SVO word order (Subject–Verb–Object) ဥပမာ – “ႁဝ်းႁၵ်ႉသူ-ငါ+ချစ်တယ်+နင်-ฉันรักคุณ“ (မြန်မာစကားဟာ SOV ဖြစ်သဖြင့် “ငါနင့်ကိုချစ်တယ်”ပြောမှသာ အဓိပ္ပာယ်သက်ရောက်သည်။) Tonal system Tone (နိမ့်မြင့်သံ) အစဉ်အလာဖြင့်ရှိသည်။ အထူးသဖြင့် တိုင်အနွယ်ဘာသာစကားများ တွင် tone များစွာရှိသည်။ Monosyllabic words Kra–Dai languages တော်တော်များများတွင် ဗျည်းတစ်လုံး/အသံတစ်လုံးတည်းဖြင့် စကားလုံးတစ်လုံးဖွဲ့နိုင်ခြင်းရှိသည်။ Serial verb constructions Verb တချို့ကို အတိုင်းအတာတူ ချိတ်ဆက်ရေးသားခြင်း။ (ဥပမာ: သွားယူ၊ လာစား) ကိုးကား
|
Portal di Ensiklopedia Dunia