ခရုပတ်ပုံစံ ဂလက်ဆီ![]() ခရုပတ်ပုံစံ ဂလက်ဆီ သည် ၁၉၃၆ ခုနှစ် အက်ဒွင် ဟာဘယ် ဖော်ပြသော The Realm of the Nebulae မှ ဂလက်ဆီအမျိုးအစားတစ်ခုဖြစ်သည်။[၁] ခရုပတ်ပုံစံ ဂလက်ဆီများသည် ပြားချပ်ပြီး ကြယ်များဖြင့် အလယ်ဗဟိုတွင် ဖိသိပ်ကာ လည်ပတ်နေသည့် ဂလက်ဆီဖြစ်သည်။ ယင်းဂလက်ဆီများသည် ဝက်အူရစ်ပုံစံ သို့မဟုတ် ခရုပတ်ပုံစံရှိကြသဖြင့် ခရုပတ်ပုံစံရှိ ဂလက်ဆီဟု ခေါ်ဆိုခြင်းဖြစ်သည်။ ဂလက်ဆီ၏ လက်မောင်းတွင် ငယ်ရွယ်သည့်ကြယ်များ ရှိကြပြီး ဗဟိုထက် ပိုမိုတောက်ပသည်။ အလယ်ဗဟို၌မူ သက်တမ်းရင့်ကြယ်များ တည်ရှိသည်။ ခရုပတ်ပုံစံဂလက်ဆီအားလုံး၏ ၃ ပုံ ၂ ပုံတွင် တန်းလျားပုံစံရှိသော နောက်ထပ် ဂလက်ဆီပုံစံခွဲ ရှိကြသည်။[၂] လွန်ခဲ့သောနှစ်ပေါင်း ၈ ဘီလီယံအကြာက တန်းလျားပုံစံ ခရုပတ်ပုံစံသည် ၁၀ ရာခိုင်နှုန်းရှိရာမှ ယနေ့လက်ရှိအချိန်တွင် မြင်နိုင်သော စကြဝဠာ၌ ၃ ပုံ ၂ ပုံကျော် ဖြစ်လာသည်။[၃] မိမိတို့၏ နဂါးငွေ့တန်း ဂလက်ဆီသည်လည်း ယခင်က ခရုပတ်ပုံစံဟု ထင်မှတ်ခဲ့ရာ ၁၉၉၀ ခုနှစ်များတွင် တန်းလျားပုံစံ ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီဖြစ်သည်ဟု အတည်ပြုနိုင်ခဲ့သည်။ သို့သော် ယင်းတန်းလျားကိုမူ ကမ္ဘာမြေ၏ လက်ရှိ ဂယ်လက်တစ် တည်နေရာမှ လေ့လာရန် မလွယ်ကူချေ။[၄] ပုံစံမမှန်သော ဂလက်ဆီများဖြင့် ခရုပတ်ပုံစံရှိကြသဖြင့် ဂလက်ဆီများသည် local စကြဝဠာတွင် ဂလက်ဆီအားလုံး၏ ၆၀ ရာခိုင်နှုန်းနီးပါးခန့် နေရာယူထားလေသည်။[၅] ယင်းတို့ကို သိပ်သည်းမှုနည်းသော နယ်မြေတွင် အများစုတွေ့ရှိရပြီး ဂလက်ဆီ အစုအပြုံများ၏ အလယ်ဗဟို၌မူ တွေ့ရခဲသည်။[၆] ကိုးကား
|
Portal di Ensiklopedia Dunia