ခလယ် - တံခွန်တိုင် တိုက်နယ်ဆေးရုံ
ခလယ်-တံခွန်တိုင်တိုက်နယ်ပြည်သူ့ဆေးရုံ သည် ခလယ်၊ တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ခလယ် - တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အဓိကကျသော တိုက်နယ်ဆေးရုံတစ်ရုံဖြစ်သည်။ ဆေးရုံဝန်းမှာ ၂ ဧကရှိပြီး ကုတင် ၁၆ ဆံ့ ဆေးရုံဖြစ်သည်။ ဆေးရုံတွင် အတွင်းလူနာများအတွက် ဆေးကုသဆောင် ၁ဆောင်၊ ခွဲစိတ်ကုသဆောင် ၁ဆောင်၊ ထိခိုက်ဒဏ်ရာနှင့် အရိုးရောဂါကုသဆောင် ၁ဆောင်ရှိသည်။[၁]
သမိုင်းကြောင်း၁၉၆၇ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့တွင် ကျေးလက်ကျန်းမာရေးအဆင့်မှ ခလယ်တံခွန်တိုင်တိုက်နယ် ပြည်သူ့ဆေးရုံအဆင့်သို့ လက်ရှိတိုက်နယ်ပြည်သူ့ဆေးရုံတည်ရှိရာနေရာတွင် ပြောင်းရွေ့တည်ဆောက်ခဲ့ပြီး ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာစောလှထွန်းနှင့် ဒေါက်တာဦးစံအောင် (လက်ထောက်ညွန်ကြားရေးမှူး)တို့က ၁၉၆၉ ခုနှစ်တွင် တိုက်နယ်ပြည်သူ့ဆေးရုံကို ဖွင့်လှစ်ပေးခဲ့သည်။ (၁၆) ခုတင်ဆံ့ တိုးချဲ့ ဆောင်သစ်ကို ဖေဖော်ဝါရီ ၁ဝ ရက် ၂၀၁၅ နေ့ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သညိ။[၂] ကုသဆောင်များခလယ်-တံခွန်တိုင် တိုက်နယ်ဆေးရုံတွင် အထူးရောဂါကုသဆောင် ၁ဆောင်နှင့် ရောဂါရှာဖွေဆောင် ၁ ဆောင်တို့ ရှိသည်။ ထို့အပြင် ဗဟိုအမျိုးသားသွေးလှူဘဏ်၊ စားဖိုခန်းနှင့် အဝတ်လျှော်ခန်း တို့လည်း ရှိသည်။ အစဉ်အဆက်အုပ်ချုပ်ခဲ့သော ဆရာဝန်များ
ကိုးကား
|
Portal di Ensiklopedia Dunia