ခိုင်ထူး
ခိုင်ထူး (၂၈ ဇန်နဝါရီ ၁၉၅၆ – ၉ ဩဂုတ် ၂၀၁၇) သည် မြန်မာနိုင်ငံသား အဆိုတော် တစ်ဦး ဖြစ်သည်။ တေးရေးဆရာ မောင်သစ်မင်း၏ တေးမြုံငှက် အမည်ရှိသည့် တေးသီချင်းကို အဆိုတော် ခိုင်ထူးမှ သီဆိုခဲ့သည်။ မိသားစုခိုင်ထူးကို ဖခင်ဦးသာထို (စီးပွားရေးတက္ကသိုလ် ပါမောက္ခငြိမ်း) နှင့် မိခင် ဒေါ်တင်မြင့်မြင့်တို့ မှ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက် သားလတ် ဖြစ်သည်။ ဦးခိုင်ထူးသည် ပထမဆုံး ဒေါက်တာမေကျော့ခိုင်နှင့် အိမ်ထောင်ကျခဲ့သည်။ ၈၈ အရေးအခင်းတွင် ဒေါက်တာမေကျော့ခိုင်သည် နိုင်ငံရေးလုပ်ခဲ့သည့်အတွက် ထိုင်းနယ်စပ်မှတဆင့် ထိုင်းနိုင်ငံတွင် နိုင်ငံရေးခိုလှုံခဲ့ရာမှ ခိုင်ထူးနှင့်အလှမ်းကွာပြီး ကွဲကွာခဲ့ရသည်။ ယင်းနောက် ကချင်အမျိုးသမီး မီးဂိုင်နှင့် အိမ်ထောင်ပြုခဲ့ကာ ဂွမ်ဆန်လဖိုင် အမည်ရှိ သားတစ်ဦး မွေးဖွားခဲ့သည်။ ထို့နောက် ဒေါ်စောနွယ်နွယ်ထွန်းနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။ ၂၀၁၇ ခုနှစ် ဩဂုတ် ၉ ရက်နေ့တွင် အဆိုတော် ခိုင်ထူးသည် ပန်ကရိယကင်ဆာရောဂါဖြင့် ပါရမီဆေးရုံတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၆၁) နှစ် ရှိပြီဖြစ်ပြီး ဇနီးသည်၊ သား တစ်ဦး နဲ့ သမီး ဖြစ်သူတို့ ကျန်ရစ်သည်။[၁][၂] သီဆိုခဲ့သောတေးစုများ [၃]
ကိုးကား
|
Portal di Ensiklopedia Dunia