ချုလာအို![]() ချုလာအို ( ဗမာ လာအိုဝတ်စုံ ၊ လာအို: ຊຸດລາວ လာအိုအသံထွက်: [sut.láːw] ) သည်အမျိုးသား၊ အမျိုးသမီးနှင့်ကလေးများဝတ်သော လာအို အမျိုးသားဝတ်စုံ ဖြစ်သည်။ "ချုလာအို" စာသားသည် "လာအိုအဝတ်အစား"ကို ဆိုလိုသည်။ ရိုးရာအဝတ်တန်ဆာချုလာအိုကို ဝတ်စားဆင်ယင်မှုသည် ပုံသဏ္ဌာန်အမျိုးမျိုးရှိသည်။ အမျိုးသား၊အမျိုးသမီးဝတ်စုံသည် ဒေသအလိုက် ကွဲပြားပါသည်။ ဥပမာအားဖြင့် အမျိုးသားများသည် အပေါ်ဝတ် အဖြူရောင်ပိုးထည် နေရူး-စတိုင်ဂျာကင်အင်္ကျီနှင့် ဖ ဟင်ဟုခေါ်သည့် အဖြူရောင်ခြေအိတ်ရှည်များ၊ ရှူးဖိနပ်များနှင့်အတူ တွဲဖက်ဝတ်ဆင်ကြသည်။ ထို့ပြင် လက်ဝဲဘက် ပခုံးပေါ်တွင် အဆင်းကွက်ပုံစံရှိသည့်ဖ ဘျင် ဟု ခေါ်သည့် ပခုံးတင်ပုဝါကိုလည်း ဆင်ယင်ကြသည်။ အမျိုးသမီးများသည် ပုဝါကို သိုင်း၍ ပခုံးပုဝါတင်သဏ္ဌာန်ဝတ်ဆင်ကြပြီးဆင်ဟ်ဟုခေါ်ရာထိုပုဝါကို ဖ ဘျင် နှင့် ပိုးထည် ဆူးအားပတ် တို့နှ၏ အရောင်နှင့် တွဲဖက်၍ ဝတ်ဆင်ကြသည်။ [၁] ကိုးကားချက်များနောက်ထပ်ဖတ်ရန်
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia