ချေမှုန်းရေးရိုင်ဖယ်

Assault rifle ခေါ် ချေမှုန်းရေး ရိုင်ဖယ်များသည် မောင်းပြန်ရိုင်ဖယ်အမျိုးအစား ပင်ဖြစ်ပြီး ကျည်တစ်တောင့်ခြင်းရော အတွဲလိုက်ပါ ပစ်ခတ်နိုင်ကြသည်။ အဓိကဝိသေသမှာ ကျည်ဆန်သွားနှုန်းအရှိန် ဖြစ်ပြီး ပစ္စတိုသေနတ်နှင့် သာမန်ရိုင်ဖယ်တို့ ကြားတွင်ရှိသည်။ ထို့အပြင် အရွယ်အစားအားဖြင့် ပိုမိုသေးငယ် ပေါ့ပါးသလို၊ ပိုမိုသေးငယ်သည့် ကျည်တောင့်များကို အသုံးပြုသည်။

အဓိပ္ပာယ်သတ်မှတ်ချက်အရှုပ်အထွေး

ခြေမှုန်းရေးရိုင်ဖယ်များ နှင့်ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်မျိုး မရှိပဲ နိုင်ငံအသီးသီး စံသတ်မှတ်ချက် အမျိုးမျိုးကွဲ ပြားလျက် ရှိသည်။ ထို့ကြောင့် အချို့ရိုင်ဖယ်များအား မောင်းပြန်ရိုင်ဖယ်/ချေမှုန်းရေးရိုင်ဖယ် အဖြစ် အမည်နှစ်မျိုးဖြင့် ရောနှော တွေ့ရခြင်း ဖြစ်သည်။

ပေါ်ပေါက်လာပုံသမိုင်း

နာဇီဂျာမဏီ၏ Sturmgewehr44

၁၉ဝဝပြည့်နှစ်များအလွန်မှပင် မောင်းပြန်ရိုင်ဖယ်၊ စက်သေနတ်ငယ် နှင့် ကာဘိုင်တို့အကြား ရှိနိုင်မည့် ရိုင်ဖယ်အမျိုး အစားအား ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ်နှင့် အမေရိကန်တို့ စမ်းသပ်လျက် ရှိကြသည်။ သို့သော် ပထမဆုံးသော ထိုရိုင်ဖယ် အမျိုးအစားကို လက်တွေ့ အသုံးချနိုင် သူမှာ နာဇီဂျာမဏီ ဖြစ်သည်။ Maschinenkarabiner အမျိုးအစား အပါအဝင် စမ်းသပ်ပုံစံ အများအပြား ဖန်တီးအပြီး Sturmgewehr44 ခေါ် Stg44 တိုက်ခိုက်ရေး ရိုင်ဖယ်အား ၁၉၄၄တွင် နာဇီတို့ စတင်အသုံးပြုခဲ့သည်။ Sturmgewehr မှာ ဂျာမန်ဘာသာဖြင့် မုန်တိုင်းရိုင်ဖယ် ဟုအဓိပ္ပယ်ရပြီး ထိုမှတဆင့် Assault rilfe ဟူသော အယူအဆ စတင် လာခြင်းဖြစ်သည်။

ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၇တွင် Mikhail Kalashnikov မှ Stg44 ဒီဇိုင်းအား မှီငြမ်းပြီး AK47 အားစတင် တီထွင်ခဲ့အပြီး အခြားသော ချေမှုန်းရေး ရိုင်ဖယ်များ အသီးသီး ပေါ်ပေါက်လာသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ စစ်တပ်များတွင် ချေမှုန်းရေးရိုင်ဖယ် များအား အဓိကလက်နက်ငယ်အဖြစ် အသုံးပြုလျက် ရှိနေကြသည်။

ချေမှုန်းရေးရိုင်ဖယ်များ

M-16/အမ်၁၆

AK-47/အေကေ၄၇

TKB-059

AO-63

SAR-87

G-36

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya