ချောင်းသာကမ်းခြေ

ချောင်းသာကမ်းခြေ

ချောင်းသာကမ်းခြေသည် ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင်ချောင်းသာမြို့တွင် တည်ရှိပြီး ၂၀၁၁ ဖေဖော်ဝါရီလတွင် အရှည် ၁မိုင် ၄ ဖာလုံခန့် ရှိသည်။ စတင်ဖွင့်လှစ်စဉ်အချိန်က ချောင်းသာကမ်းခြေ ဟိုတယ် တစ်ခုတည်းဖြင့် စတင်ခဲ့သော်လည်း ၁၉၉၆ ခုနှစ် နောက်ပိုင်းမှ စ၍ ဆက်လက်တိုးချဲ့ ခဲ့ရာ ၂၀၁၁ တွင် ဟိုတယ် ၁၅ လုံး အထိ ရှိလာပြီ ဖြစ်သည်။ ချောင်းသာကမ်းခြေ အနီးရှိ ထင်ရှားသော လည်ပတ်စရာ နေရာများမှာ သဲဖြူကျွန်း၊ ဖိုးကုလားကျွန်း ခေါ် အောင်မင်္ဂလာကျွန်း၊ ကျောက်မောင်နှမ၊ ငှက်တောင် နှင့် ဥတိုချောင်း တို့ ဖြစ်ကြသည်။ လက်ရှိကမ်းခြေမှ ရွှေသောင်ယံ ကမ်းခြေ အထိ ၉ မိုင်ခန့် နှင့် ရွှေသောင်ယံမှ ဆက်၍ ၄ မိုင်ခွဲခန့် စုစုပေါင်း ၁၃ မိုင်ခွဲခန့် ဆက်လက်တိုးချဲ့ရန် လျာထားကြောင်း သိရသည်။[]


ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya