ဂလက်ဆီ အစုအပြုံ![]() ဂလက်ဆီ အစုအပြုံ သို့မဟုတ် ဂလက်ဆီများ အစုအဝေး ဆိုသည်မှာ ဒြပ်ဆွဲအားဖြင့် အတူတကွ စည်းနှောင်လျက်ရှိသော ရာဂဏန်းမှ ထောင်ဂဏန်းထိ ပါဝင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။[၁] ယေဘုယျအားဖြင့် နေထုထည်ပေါင်း ၁၀၁၄ - ၁၀၁၅ ကြားတွင် တည်ရှိကြသည်။ မဟာဂလက်ဆီ အစုအပြုံများကို ရှာမတွေ့ခင် ၁၉၈၀ ခုနှစ်များအထိ ယင်းတို့သည် လေ့လာနိုင်သော စကြဝဠာ၌ ဒြပ်ဆွဲအားဖြင့် စည်းနှောင်သည့် အကြီးမားဆုံး အဖွဲ့ဟုသိထားသည်။[၂] ယင်းတို့၏ ခရာကျသော ဂုဏ်သတ္တိတစ်ခုမှာ intracluster medium ဖြစ်ပြီး ဂလက်ဆီ အစုအဝေး၏ စုစုပေါင်းထုထည်ပေါ်မူတည်၍ အပူချိန် ၂ - ၁၅ keV ကြားရှိ ဓာတ်ငွေ့များ တည်ရှိသည်။ ဂလက်ဆီ အစုအဝေးကို ကြယ်အစုအဝေးနှင့် မရောထွေးသင့်ပေ။ အကြောင်းမှာ ကြယ်အစုအဝေးတို့သည် ဂလက်ဆီထဲ၌ တည်ရှိကြသည်။ သေးငယ်သော ဂလက်ဆီအဖွဲ့များကိုမူ ဂလက်ဆီ အုပ်စုဟု ခေါ်ဆိုသည်။ ဂလက်ဆီအုပ်စုနှင့် ဂလက်ဆီ အစုအဝေးတို့သည် မဟာဂလက်ဆီ အစုအဝေးအဖြစ် ဖွဲ့တည်နိုင်သည်။ သိသာထင်ရှားသော ဂလက်ဆီ အစုအဝေးတို့မှာ Virgo Cluster, Fornax Cluster, Hercules Cluster, နှင့် Coma Cluster တို့ဖြစ်ကြသည်။ အခြေခံ ဂုဏ်အင်များ![]() ဂလက်ဆီ အစုအဝေးများတွင် ယေဘုယျအားဖြင့် အောက်ပါဂုဏ်အင်များ ပါဝင်သည်။
ပြခန်းAbell 2744 galaxy cluster – extremely distant galaxies revealed by gravitational lensing (16 October 2014).[၅][၆]
ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia