ဂိုးလ်ကို့စ်မြို့

ဂိုးလ်ကို့စ်မြို့
Gold Coast
မြို့တော်
နီရန်းမြစ်နှင့် ဆာ့ဖာ ပါရာဒိုက်စ်မြင်ကွင်း
နီရန်းမြစ်နှင့် ဆာ့ဖာ ပါရာဒိုက်စ်မြင်ကွင်း ၏ မြင်ကွင်းပုံ
နိုင်ငံ ဩစတြေးလျ

ဂိုးလ်ကို့စ်မြို့သည် ဩစတြေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ ကွင်းစလန်ပြည်နယ် အရှေ့တောင်ပိုင်းတွင် တည်ရှိသော ကမ်းရိုးတန်းမြို့တစ်မြို့ ဖြစ်သည်။ ကွင်းစလန်ပြည်နယ်တွင် ဒုတိယမြောက် လူဦးရေ အများဆုံး ဖြစ်ပြီး ဩစတြေးလျနိုင်ငံတွင် ဆဌမမြောက် လူဦးရေ အများဆုံး မြို့ ဖြစ်သည်။ ထို့ပြင် ပြည်နယ်မြို့တော် မဟုတ်သောမြို့များတွင် လူဦးရေ အများဆုံး မြို့ဖြစ်ပြီး ပြည်နယ်နှစ်ခု ဆက်စပ်တည်ရှိသော မြို့ကြီးဒေသ ရှိသည့် မြို့လည်း ဖြစ်သည်။ မြို့ကြီးဒေသ၏ မြောက်ဘက် အကျဆုံး နေရာဖြစ်သော အော်မျူးသည် ဘရစ်စဘိန်း မြိုလယ် စီးပွားရေး ရပ်ကွက်၏ အရှေ့တောင်ပိုင်း ၄၂ ကီလိုမီတာ အကွာတွင် တည်ရှိပြီး မြို့ကြီးဒေသသည် ကမ်းရိုးတန်းတလျှောက် ဆက်လက် တည်ရှိရာ နယူးဆောက်ဝေးပြည်နယ် တွိဟက် အထိ တိုင်အောင် ဖြစ်သည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya