ဂေါ်ရီးလားမျောက်ဝံ

ဂေါ်ရီးလားမျောက်ဝံ
Western gorilla
(Gorilla gorilla)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Primates
မျိုးစဉ်သေး: Haplorhini
Infraorder: Simiiformes
မျိုးရင်း: Hominidae
မျိုးရင်းသေး: Homininae
မျိုးဇာတ်: Gorillini
မျိုးစု: Gorilla
Isidore Geoffroy Saint-Hilaire, 1852
အမျိုးအစား မျိုးစိတ်
Gorilla gorilla
Savage, 1847
မျိုးစိတ်

Gorilla gorilla
Gorilla beringei

Distribution of gorillas
Synonyms
  • Pseudogorilla Elliot, 1913

ဂေါ်ရီလာမျောက်ဝံတို့သည် အာဖရိကတိုက် အနောက်ပိုင်းရှိ တောနက်ရာဒေသများတွင် နေထိုင်ကြသည်။ ဂေါ်ရီးလားသည် လူနှင့်အတူဆုံးသော မျောက်ဝံမျိုး ဖြစ်သည်။ မျောက်ဝံ မျိုးအားလုံးတွင် ဂေါ်ရီးလားသည် အကြီးဆုံးဖြစ်၏။ ရှားလည်း အရှားပါးဆုံး ဖြစ်သည်။

ဂေါ်ရီလာ၌ အမြီးမရှိ။ ခြေ ၂ ချောင်း၊ လက် ၂ ဖက် ရှိသည်။ မတ်တတ်ရပ်၍သွားနိုင်သည်။ လူ၏ ခြေသည်း၊ လက်သည်းမျိုး ရှိသည်။ ဤသည်တို့ကား လူနှင့်တူသော အချက်များဖြစ်ကြသည်။ သို့ရာတွင် လူနှင့်မတူသောအချက်များလည်း ရှိသည်။ ဂေါ်ရီလာ၏ ကိုယ်အနေအထားမှာ တုတ်ခိုင်၍ အချိုးမကျ၊ အရုပ်ဆိုးသည်။ ခြေထောက်များသည် တို၍ လက်များမှာ ရှည်သည်။ တစ်ခါတစ်ရံ ခြေဖြင့်လျှောက်သောအခါ သစ်ကိုင်းများကို လက်ဖြင့်အားပြု၍ လျှောက်တတ်သည်။ အမွေးအမှင် ထူထပ်ပေါများသည်။ ရှေးက အာဖရိကတိုက် တောနယ်အတွင်း ခရီးလှည့်လည်သွားလာသူတို့သည် ယင်းတို့ကို ကြောက်မက်ဖွယ်ကောင်းသော လူရိုင်းတစ်မျိုးဟု ထင်မှတ်ခဲ့ကြလေသည်။

အမြင့်ဆုံးသော ဂေါ်ရီလာသည် ၅ ပေခွဲ၊ ၆ ပေခန့် ရှိသည်။ ကိုယ်အလေးချိန်ပေါင် ၄ဝဝ မှ ၄၅ဝ ခန့်အထိ ကြီးမားသော ဂေါ်ရီလာများ ရှိခဲ့ဖူးသည်။ အသားအရေမှာ မည်းနက်၏။ ခြေဖဝါး လက်ဖဝါး၌ အမွေးမပေါက်သော်လည်း ခြေလက်နှင့် တစ်ကိုယ်လုံး၌ ညိုမည်းသော အမွေးကြမ်းများ ဖုံးအုပ်လျက်ရှိသည်။ ဦးခေါင်းမှာ ကြီးသည်။ လည်ကုပ်တိုသည်။ နှာခေါင်းပြား၍ မျက်ခုံး မို့မောက်သည်။ အလွန် ရက်စက်ကြမ်းကြုတ်သော မျက်နှာထားရှိသည်။ လူနှင့် တွေ့လျှင် ရှောင်ရှား ပြေးလွှားတတ်၏။ သို့သော် စိတ်ထွက်သောအခါနှင့် ရန်စခံရသောအခါမျိုးတွင်မူ အလွန်ပြင်းထန်စွာ ပြန်လည် ရန်မူတတ်သည်။ စိတ်ဆိုးလာသောအခါ ရင်ဘတ်ကို လက် ၂ ဖက်ဖြင့် ထု၍ ကျယ်လောင်စွာ အော်ဟစ်တတ်သည်။ ရက်စက်ကြမ်းတမ်းလှသဖြင့် ခြင်္သေ့ကျားသစ်ကျား စသော သားရဲ တိရစ္ဆာန်များတို့ပင်လျှင် ယင်းတို့အား အလွယ်တကူနှင့် ရန်မမူဝံ့ကြချေ။

ဂေါ်ရီလာတို့သည် အလွန်နက်သော တောကြီးထဲတွင် တစ်နေရာတည်း၌ အတည်မနေဘဲ နေ့စဉ်နှင့်အမျှ လှည့်လည် နေထိုင်လေ့ ရှိကြသည်။ မိသားတစုတွင် အထီးကြီးတကောင် အမ ၂ ကောင်၊ ၃ ကောင်နှင့် သားငယ်၊ သမီးငယ်များ ပါဝင်တတ်သည်။ အိပ်ချိန်တွင် အမနှင့် သားသမီးများက သစ်ပင်ပေါ်၌ အိပ်ကြ၍ အထီးက သစ်ပင်ခြေရင်း၌ စောင့်အိပ်လေ့ရှိကြသည်။ ယင်းတို့၏ အစားအစာများမှာ သစ်သီးသစ်ရွက်များ ဖြစ်ကြလေသည်။ ဂေါ်ရီလာကို လွယ်ကူစွာ ဖမ်းဆီး၍ မရပေ။ ဖမ်းဆီးရမိထားသော ဂေါ်ရီလာတို့သည် များသောအားဖြင့် အသက်ရှည်ရှည် မနေနိုင်ကြချေ။[]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya