ဂျက္ကဗင်း

ဂျက္ကဗင်း ကလပ်၏ အဝင်တံခါးဝမှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ စိန့်ဟော်နာလမ်းတွင် ရှိသည်။

ဂျက္ကဗင်း။ ။ ဂျက္ကဗင်းဟူသည်ပြင်သစ် တော်လှန်ရေးအတွင်းက ထင်ရှား သော တော်လှန်ရေးအဖွဲ့ ဖြစ်လေသည်။ ထိုအဖွဲ့ကို ၁၇၈၉ ခုနှစ်တွင် ဗာဆေးမြို့၌ စတင်ဖွဲ့စည်းခဲ့၍ ပထမ၌ ဂျက္ကဗင်း သို့မဟုတ် ဒိုမင်နီကန် ဘုန်းကြီးကျောင်းအလွတ်တစ်ခု အတွင်း တွင် ယင်း၏ဌာနချုပ် ထားရှိခဲ့သည်ကို အစွဲပြု၍ နောင်အခါ ဂျက္ကဗင်းအဖွဲ့ဟု ခေါ်တွင်ခဲ့လေသည်။ အစကနဦးတွင် အဖွဲ့ဝင်များ ပြင်သစ်နိုင်ငံ တဝန်းလုံး၌ အဖွဲ့ခွဲများ ဖြန့်ထား၍ ဘုရင်အစိုးရ ခိုင်မြဲတည်တံ့ရေးကို ကြိုးပမ်း ခဲ့လေသည်။ လူဝီဘုရင် ပြင်သစ်နိုင်ငံမှ ထွက်ပြေးရန် ကြံစည်သောအခါ ဂျက္ကဗင်းတို့သည် ဘုရင်အစိုးရစနစ်ကို မလိုလားကြတော့ဘဲ သမ္မတ အစိုးရစနစ်ကို နှစ်သက် လိုလားလာကြလေသည်။ သူတို့အဖွဲ့ကိုလည်း ရောဗက်စပျဲ (Maximilien Robespierre) (၁၇၅၈-၉၄) စသော တစ်ယူသန်သမားများက ဦးစီး ကြိုးကိုင်လာကြလေသည်။

ဂျက္ကဗင်းအဖွဲ့မှာ တဖြည်းဖြည်း အင်အားကောင်းလာ၍ အရေးပါသောအဖွဲ့ ဖြစ်လာခဲ့ရာ နောက်ဆုံးတွင် တော်လှန်ရေး အတွင်း ပြင်သစ်နိုင်ငံကို အုပ်ချုပ်သော အဖွဲ့ကြီးပင် ဖြစ်လာ လေသည်။ ဂျက္ကဗင်းအဖွဲ့ဝင်တို့သည် လူထုဆန္ဒပြပွဲများ မကြာ ခဏလုပ်ခဲ့သော ပါရစ်ကွန်မျွမ်းကိုလည်း ကြိုးကိုင်ခဲ့၏။ ယင်း အဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြသော ရောဗက်စပျဲနှင့် ဒန်တွန် တို့သည် တစ်ယူသန်သမားများ ဖြစ်ကြ၍ နောင်အခါ ဂျက္ကဗင်း ဆိုလျှင် တယူသန်တော်လှန်ရေးသမားဟု အများက မှတ်ယူကြ လေတော့၏။( ဒန်တွန ဂျီ၊ဂျေ။)ထို့ပြင် သူတို့၏ခေါင်းဆောင် ရောဗက်စပျဲသည် ပြင်သစ်နိုင်ငံတွင် သွေးချောင်းစီးမျှ လူအများ ကို သတ်ဖြတ်ခဲ့စဉ်က အာဏာရှင်တစ်မျှ တန်ခိုးထွားခဲ့ပေ သည်။ သူတို့ကြောင့် လူဝီဘုရင်မှာ ၁၇၉၃ ခုနှစ်တွင် အသတ် ခံရလေသည်။

၁၇၉၄ ခုနှစ်၌ ရောဗက်စပျဲအား သူ၏ အတိုက်အခံလူစုက သတ်ပစ်လိုက်သည်။ ရောဗက်စပျဲ အသတ်ခံရပြီးနောက် အဖွဲ့မှာ တဖြည်းဖြည်း တန်ခိုးမှိန်၍ ပျက်လုမတတ် ဖြစ်လာ လေသည်။ ထိုနှစ် နိုဝင်ဘာလတွင်ကား ထိုပျက်လုမတတ်ဖြစ် သော အဖွဲ့ကို လုံးဝဖျက်သိမ်းလိုက်ရလေတော့သည်။ ( ပြင်သစ် တော်လှန်ရေး။) []

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya