ဂျလန်းကျွန်း ဆရာတော်အရှင်ကုသလဇောတိသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ပိုင် ပင်လယ်တွင်း ဆလုံလူမျိုးများ နေထိုင်ရာ ဆလုံကျေးရွာ ဂျလန်းကျွန်းခေါင်ဖျား ငြိမ်ချမ်းအောင်ကျောင်းတိုက်တွင် သာသနာပြုရာမှ ဂျလန်းကျွန်းဆရာတော်ဟု ထင်ရှားသည်။ ဟောကြားတော်မူခဲ့သော တရားတော်များအနက် တစ်နိုင်ငံလုံးသို့ ဖြန့်ဝေခဲ့ရသော တရားတော် ပုဒ်ရေ ၂၀၀ ကျော် ရှိသည်။[၁] ဘဝခရီးဖွားမြင်တော်မူခြင်းဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဗိုလ်ကုန်းကျေးရွာတွင် ခမည်းတော် ဦးသိန်းဟန် + မယ်တော် ဒေါ်ခင်စန်းမြင့်တို့မှ ၁၃၃၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်နေ့ (၂၉ ဖေဖော်ဝါရီ ၁၉၇၆) တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။[၂] ရှင်ရဟန်းပြုတော်မူခြင်းဆရာတော်လောင်းလျာသည် ၁၃၅၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၅ ရက်နေ့တွင် သာစည်မြို့နယ် ကျောင်းတောင်ကျောင်း ဆရာတော် ဘဒ္ဒန္တဇောတိကကို ဥပဇ္ဈာယ်ပြု၍ ဒေါ်ခင်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေပြုခဲ့ပြီး ၁၃၅၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၅ ရက်နေ့တွင် ပြည်မြို့ ကြည်သာအေးမြကျောင်းတိုက် သာသနဝဋံသကာခဏ္ဍသိမ်တော်၌ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတကို ဥပဇ္ဈာယ်ပြု၍ ရွှေတောင်မြို့နယ် နွားမယံကျေးရွာနေ ဦးသွင်ထူးညွန့် + ဒေါ်စန်းရီတို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ပရိယတ္တိစာပေများသင်ယူလေ့လာဆည်းပူးတော်မူခြင်းဆရာတော်လောင်းလျာသည် သာစည်မြို့နယ် ကျောင်းတောင်ကျောင်း ဆရာတော် ဘဒ္ဒန္တဇောတိက၊ မိတ္ထီလာမြို့ ရွှေစောလူးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တရေဝတနှင့် စာချဆရာတော်များ၊ ပြည်မြို့ ဇောတိကာရုံပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)နှင့် စာချဆရာတော်များထံတွင် ပရိယတ္တိစာပေများသင်ယူလေ့လာဆည်းပူးတော်မူခဲ့ပြီး အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့၊ B.Sc (Zoology)ဘွဲ့တို့ကို ရရှိအောင်မြင်တော်မူခဲ့ပါသည်။ သာသနာရေးဆောင်ရွက်ချက်များဆရာတော်သည် ဝေလံခေါင်းပါးလှသော မြန်မာနိုင်ငံ တောင်ဘက်အစွန်အဖျား ဆလုံကျေးရွာ ဂျလန်းကျွန်းဒေသတွင် ၁၄ နှစ်တိုင်တိုင် ကြွရောက်သီတင်းသုံး၍ သာသနာပြုတော်မူခြင်း၊ ဘာသာရေးစာပေ ၃ အုပ် ရေးသားပြုစုခြင်း၊ ဆလုံလူမျိုးတို့အား ရဟန်းသံဃာ သာသနာနှင့် နီးစပ်၍ ဘာသာစာရိတ္တအသိဉာဏ်များ တိုးပွားစေရန် ဟောပြောဆုံးမခြင်း၊ အနယ်နယ်အရပ်ရပ် ပြည်တွင်းပြည်ပသို့ ကြွရောက်၍ တရားဒေသနာတော်များ ဟောကြားပြသခြင်း၊ ရဟန်းခံ ရှင်ပြုပွဲများ ကျင်းပပေးခြင်း၊ သာသနိကအဆောက်အဦများ တည်ဆောက်ပြုပြင်မွမ်းမံခြင်း စသော သာသနာပြုလုပ်ငန်းများစွာတို့ကို ဇွဲ လုံ့လ ဝီရိယ ကြီးမားစွာဖြင့် ဆောင်ရွက်တော်မူခဲ့ပါသည်။ ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူခြင်းဆရာတော်သည် ၁၃၇၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆပ်ကပ်လှူဒါန်းသော သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူပါသည်။[၂] ဘဝနိဂုံးဆရာတော်သည် ၂၀၂၁၊ ဇူလိုင်လ ၅ ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး သာစည်ဆေးရုံတွင် ဆေးကုသမှုခံယူတော်မူနေရင်း သက်တော် ၄၅ နှစ်၊ သိက္ခာတော် ၂၃ ဝါအရ ၂၀၂၁၊ ဇူလိုင် ၂၁ ရက်နေ့တွင် ဘဝနတ်ထံ ပျံလွန်တော်မူသည်။[၃] တရားတော်များအမှတ်စဉ် (၁) ဝန်တိုစိတ်ထား အပါယ်လား
အမှတ်စဉ် (၂) နိဗ္ဗာန်လိုချင် အားလုံးပြင်
အမှတ်စဉ် (၃) ရှိခိုး ဝန်ချ နိဗ္ဗာန်ရ
အမှတ်စဉ် (၄) ဆလုံလူမျိုးများ ဗုဒ္ဓဘာသာအဖြစ် ခံယူခြင်းနှင့် နိဗ္ဗာန်မျိုးစေ့ချ
အမှတ်စဉ် (၅) လက်ညှိုးထိုး မေးငေါ့
အမှတ်စဉ် (၆) အမေ့စကား နိဗ္ဗာန်သွား
အမှတ်စဉ် (၇) ရလေ လိုလေ မပြည့်လေ
အမှတ်စဉ် (၈)
အမှတ်စဉ် (၁၀)
အမှတ်စဉ် (၁၁)
အမှတ်စဉ် (၁၂)
အမှတ်စဉ် (၁၃)
အမှတ်စဉ် (၁၄) အမှတ်စဉ် (၁၅) အမှတ်စဉ် (၁၆)
အမှတ် (၁၇)
အမှတ် (၁၈)
အမှတ် (၁၉)
အမှတ် (၂၀)
အမှတ် (၂၁)
အမှတ် (၂၂)
အမှတ် (၂၃)
အမှတ် (၂၄)
အမှတ် (၂၅)
အမှတ် (၂၆) အမှတ် (၂၇) အမှတ် (၂၈)
သိမ်သမုတ် မင်္ဂလာ
သိမ်သမုတ် မင်္ဂလာ (၂)
လက်တွေ့ကောင်းကျိုးများ
ဘုရားသာသနာရောက်ပါပြီ အမှတ် (၂၉) အမှတ် (၃၀) အမှတ် (၃၁) အမှတ် (၃၂)
အမှတ် (၃၃) အမှတ် (၃၄)
အမှတ် (၃၅)
အမှတ် (၃၆) အမှတ် (၃၇)
အမှတ် (၃၈)
အမှတ် (၃၉) အမှတ် (၄၀)
အမှတ် (၄၁)
အမှတ် (၄၂)
အမှတ် (၄၃)
အမှတ် (၄၄) အမှတ် (၄၅)
အမှတ် (၄၆)
အမှတ် (၄၇)
အမှတ် (၄၈)
အမှတ် (၄၉)
အမှတ် (၅၀)
အမှတ် (၅၁)
အမှတ် (၅၂)
အမှတ် (၅၃)
အမှတ် (၅၄)
အမှတ် (၅၅)
အမှတ် (၅၆)
အမှတ် (၅၇)
အမှတ် (၅၈)
အမှတ် (၅၉)
အမှတ် (၆၀)
အမှတ် (၆၁) အကောင်းဆုံးတွေကို ယူသွားပါ
အမှတ် (၆၂)
အမှတ် (၆၃)
အမှတ် (၆၄)
အမှတ် (၆၅)
အမှတ် (၆၆)
အမှတ် (၆၇)
၂-၁၀-၂၀၁၅) အမှတ် (၆၈)
အမှတ် (၆၉) ဂျလန်းဆရာတော် ဓမ္မသီချင်းများ
ကြိုးစားစို့ အမှတ် (၇၀)
အမှတ် (၇၁)
အမှတ် (၇၂)
အမှတ် (၇၃)
အမှတ် (၇၄)
အမှတ် (၇၅)
ကိုးကား |
Portal di Ensiklopedia Dunia