ဂျာမနီ အမျိုးသား ဘောလုံးအသင်း
ဂျာမနီ အမျိုးသား ဘောလုံးအသင်း(ဂျာမန်: Die deutsche Fußballnationalmannschaftသည် ဂျာမနီနိုင်ငံကိုယ်စားပြု အမျိုးသား ဘောလုံးအသင်းတစ်သင်းဖြစ်ပြီး ၁၉၀၈ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဖွဲ့စည်းခဲ့သည်။[၄] ဂျာမနီအမျိုးသား ဘောလုံးအသင်းကို ၁၉၀၀ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျာမနီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(German Football Association (Deutscher Fußball-Bund))မှ စီမံခန့်ခွဲသည်။[၈][၉] ၁၉၄၉ နှင့် ၁၉၉၀ နှစ်များကြားတွင် မဟယမိတ်တို့၏ ဂျာမနီကိုသိမ်းပိုက်၍ နယ်မြေကွဲထွက်မှုများကြောင့် သီးခြား ဂျာမနီအသင်းများကို ဖီဖာက အသိအမှတ်ပြုပေးခဲ့သည်။ သီးခြားဂျာမနီအသင်းများမှာ ၁၉၄၉ မှ ၁၉၉၀ အထိ အနောက်ဂျာမနီအမည်တွင်သည့် ဂျာမနီသမ္မတပြည်ထောင်စုနိုင်ငံ (Federal Republic of Germany) ကို DFB အသင်းက ကိုယ်စားပြုသည်။ ၁၉၅၀-၁၉၅၆ တွင် ဆား(Sarr) အထိန်းသိမ်းခံနိုင်ငံကို ဆားလန်း အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုသည်။ ၁၉၅၂-၁၉၉၀ ကြားကာလတွင် အရှေ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို အရှေ့ဂျာမနီ အမျိုးသား ဘောလုံးအသင်းက ကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။ ဖော်ပြခဲ့သော ဆားအသင်း၊ အရှေ့ဂျာမနီအသင်းတို့သည် အသင်းများနှင့်အတူ မှတ်တမ်းများလည်း ယခု၌ ပျက်ပြယ်ပြီဖြစ်သည်။[၁၀][၁၁] လက်ရှိအသင်းသည် ၁၉၉၀ ၌ ပြန်လည်ပေါင်းစည်းခဲ့သော နိုင်ငံကို ကိုယ်စားပြု၍ တရားဝင်အားဖြင့် Germany FR (FRG)၊ အတိုကောက် Germany (GER) ဟုသုံးစွဲ၏ ။ ဂျာမနီအသင်းသည် အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်၍ ဖီဖာ ကမ္ဘာ့ဖလားကို ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀၊ ၂၀၁၄ တို့တင် လေးကြိမ်ရရှိခဲ့ကာ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲကို ၁၉၇၂၊ ၁၉၈၀၊ ၁၉၉၆ တို့တွင်ရရှိခဲ့သည်။ ဖီဖာတိုက်ကြီးများဖလားပွဲတွင်လည်း ၂၀၁၇ ၌ အနိုင်ရရှိထားသည်။[၈] ဒုတိယနေရာကို ဥရောပဖလားပြိုင်ပွဲများ၌ သုံးကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် လေးကြိမ်စီရရှိခဲ့သည်။[၈] အရှေ့ဂျာမနီအသင်းသည် ၁၉၇၆ အိုလံပစ်ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိဖူးသေးသည်။[၁၂] ဂျာမနီသည် ဖီဖာ ကမ္ဘာ့ဖလား၊ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားတို့ကို ရရှိထားသော တစ်ခုတည်းသောနိုင်ငံဖြစ်၏ ။[၁၃][၁၄] ၂၀၁၄ ကမ္ဘာ့ဖလားအပြီး၌ အယ်လိုအဆင့်သတ်မှတ်ချက် (Elo rating) ကို အခြားသောနိုင်ငံများထက် အမှတ်ပိုရရှိခဲ့သောကြောင့် (၂,၂၀၅ မှတ်)ဖြင့် ကမ္ဘာ့အမြင့်ဆုံးနေရာကို ရရှိခဲ့သည်။[၁၅] ဂျာမနီအသင်းသည် အမေရိကတိုက်များ(တောင်၊ မြောက်) ၌ ဖီဖာကမ္ဘာ့ဖလားကို ရယူနိုင်သော တစ်ခုတည်းသော ဥရောပနိုင်ငံဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia