ဂျိမ်းစ် ဂျော့ဂ်ျ စကော့တ်
![]()
Sir (James) George Scott ဆာ (ဂျိမ်းမ်) (ဂျော့ စကော့(ဒ်)) KCIE (အမည်ဝှက် ရွှေရိုး၊ ၂၅ ဒီဇင်ဘာလ ၁၈၅၁ ခုနှစ် - ၄ ဧပြီလ ၁၉၃၅ ခုနှစ်) သည် စကော့တလန်လူမျိုး သတင်းစာ ဆရာ တစ်ဦး ဖြစ်သည်သာမက မြန်မာနိုင်ငံ၌ ဗြိတိသျှ လက်အောက်ခံ ကိုလိုနီအုပ်ချုပ်ရေး ကို တည်ထောင် ရာတွင် အကူအညီပေးခဲ့သော ကိုလိုနီနိုင်ငံ၏ အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့်အပြင် ဗမာ (ယခု အခေါ် မြန်မာ) နိုင်ငံကို ဘောလုံးအားကစား နှင့် စတင်မိတ်ဆက် ပေးခဲ့သူ လည်း ဖြစ်သည်။ ငယ်ဘဝဂျိမ်း ဂျော့ စကော့(ဒ်) သည် Dairsie (ဒယ်ဆီ) အရပ်၌ မွေးဖွားခဲ့သော ဒုတိယမြောက် သားရတနာ တစ်ဦးဖြစ်၍ ဖခင်ဖြစ်သူမှာ စကော့တလန် ခရစ်ယာန်ဂိုဏ်း၏သင်းအုပ်ဆရာတစ်ဦးဖြစ်သည်။ အစ်ကိုကြီး ဖြစ်သူ Robert Forsyth Scott (ရောဘတ် ဖော်ဆစ် စကော့(ဒ်)) မှာနောင်အခါတွင် ကိန်းဘရစ် ခ်ျ ရှိ စိန့်ဂျွန်ကောလိပ် တွင် ကျောင်းဆရာတစ်ဦး ဖြစ်လာသည်။ ၎င်းတို့ ညီအစ်ကို နှစ်ဦးစလုံးသည် Stuttgart (စတုဂတ်) တွင် ပညာသင်ကြားခဲ့ကြပြီး၊ နောက်ပိုင်းတွင် Württem berg (ဝုဒ်တန်ဘတ်) ၏ မြို့တော်သို့ပြောင်းရွှေ့ခဲ့ကြသည်။ သူသည် ပထမတွင် သတင်းစာဆရာတစ်ဦးအနေဖြင့် စတင်ခဲ့သည်။ ၁၈၇၅ ခုနှစ်၊ Perak (ပါရက်) ၌ ဖြစ်ပွား ခဲ့သော J. W. W. Birch (ဂျေ ဒဗလျူ ဒဗလျူ ဘခ်ျ) ၏ လူသတ်မှုကို ပြန်လည်၍ လက်စားချေ သော သတင်းကို လန်ဒန် Evening Standard (အီးဗနင်း စတန်းတက်ဒ်) ဟု အမည်ရသည့် သတင်း စာတစ်စောင်၌ ရေးသားခဲ့သည်။ ထို့နောက် သူသည် လန်ဒန် Daily News (ဒေးလီးနယူး)နှင့်StJames'sGazette(စိန့်ဂျိမ်း(စ်)ဂေဇက်)ဟုအမည်ရသောသတင်းစာများအတွက်အများအားဖြင့်ရန်ကုန်မြို့တွင်နေ၍သော်လည်းကောင်း၊မန္တလေးမြို့သို့ခရီးသွားရင်းဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံ မှနေ၍ သတင်းများကို ပေးပို့ ခဲ့သည်။ သူသည် မြန်မာပြည်တွင် ၁၈၈၂ ခုနှစ်တိုင်အောင် နေထိုင်ခဲ့ပြီး၊ ထိုသို့နေထိုင်စဉ်အတောအတွင်း အချိန် ကာလအများစုမှာ ရန်ကုန် မြို့ရှိ စိန့်ဂျွန်ကော လိပ် ၌ ကျောင်းဆရာ တစ်ဦး (ယာယီကျောင်းအုပ်) အနေဖြင့် ဆောင်ရွက်ခဲ့သည်။ သူ၏ အကျော် ကြားဆုံး စာအုပ်၊ မြန်မာပြည်သား - သူ့ဘဝနှင့် ထင်မြင်ယူဆ ချက်များ- ကို ထိုအချိန်အတွင်း အမည် ဝှက် ဖြင့် ထုတ်ဝေခဲ့သည့်အတွက် လန်ဒန် စာပေလောက အတွက် လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့သော် လည်း ရန်ကုန်ပြည်သူများ အတွက်မူ လျှို့ဝှက်ချက် တစ်စုံတစ်ရာ မဟုတ်ပါ။ ![]() ၁၈၈၄ ခုနှစ်တွင် အချိန်ပြည့်သတင်းစာသမားတစ်ဦးထပ်မံဖြစ်ခဲ့ပြီး Tongking (တွန်ကင်း) (ယခု ဗီယက်နမ် မြောက်ပိုင်း) ကို ပြင်သစ် တို့ တိုက်ခိုက်သိမ်းပိုက်သည့် အကြောင်းအရာ သတင်း အချက် အလက်များအား အီးဗနင်း စတန်းဒက် သတင်းစာအတွက် နောက်ထပ် တစ်ဖန် သတင်း ပေးပို့ နေခဲ့သည်။ ထိုအချိန်သည် နောင်အခါ ကိန်းဘရစ်ခ်ျတက္ကသိုလ် စာကြည့်တိုက် တွင် စကော့(ဒ်) ၏ စုဆောင်းချက်များအနေဖြင့် ဖြစ်လာစေမည့် လက်ရေးစာမူများ၊ ပေါ်ပင်ပစ္စည်းများနှင့် အတည်မပြုနိုင် သေးသော အချက်အလက်များကို စတင်စုဆောင်းနေသည့် ကာလလည်းဖြစ်သည်။ ဗြိတိသျှတို့ အထက်မြန်မာပြည် ကို သိမ်းပိုက်သည့်အချိန်တွင် စကော့(ဒ်)သည် လက်အောက်ခံ ကိုလို နီမြို့ပြ အုပ်ချုပ်ရေး၏ ဗဟို အချက်အချာဖြစ်သော ဘားမားကော်မရှင်သို့ ဝင်ရောက်ရန် ကမ်းလှမ်းခြင်း ခံရ သည့်အတွက် သူသည် ၁၈၈၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တစ်ဖန်ပြန်လာခဲ့သည်။ ကနဦး၌ သူ သည် မန္တလေးမြို့၊ မိတ္ထီလာမြို့ နှင့် လှိုင်းတက်မြို့များ၌ နေထိုင်ခဲ့သည်။ ဘောင်းဘီဝတ်သူများ - ဟု အဓိပ္ပာယ်ရသော စာအုပ် - ဗြိတိသျှအင်ပါယာ၏ လောင်းရိပ်အောက်တွင် ရှိသော မြန်မာနိုင်ငံ ပုံဝတ္ထုတစ်ခု တွင် Andrew Marshall (အင်ဒရူး မာရှယ်) သည် စကော့(ဒ်)၏ စွန့်စားမှုများအား ပြန်လည်ဖော်ပြရာ၌ ဗြိတိသျှတို့၏ ကိုလိုနီအုပ်ချုပ်ရေးကို မြေပုံ တွင်မပါဝင်သော တောကြီးမှတဆင့် ရှမ်းပြည်နယ် တွင် တည်ထောင်ခဲ့သော သူ၏ နည်းလမ်းကို မြှောက်ပင့်၍ လည်း ကောင်း၊ အပြစ်တင်၍လည်းကောင်း ရေးသားခဲ့သည်။ အုပ်ချုပ်ရေးသည် စတက်မန်းခံတပ် တွင် ပထမဦးစွာ စတင်ခဲ့ပြီးနောက် မကြာမီတွင် တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ စကော့(ဒ်) အစ်ကို၏ဇနီးသည် မုဆိုးမဖြစ်သူ အမျိုးသမီးက စကော့(ဒ်) စုဆောင်းထားသည့် အရာများ ဖြစ်သည့် လက်ရေးစာမူများနှင့် မှတ်တမ်းမှတ်ရာများကို ၁၉၃၄ ခုနှစ်တွင် ကိန်းဘရစ်ခ်ျ တက္ကသိုလ် စာကြည့်တိုက် သို့ ပေးပို့ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့် နောက် စောဆိုင်မွန် နှင့် Andrew Dalby (အင်ဒရူး ဒယ်ဘီ) တို့က စကော့(ဒ်) စုဆောင်းထားသောအရာများကို စာရင်းရေးသွင်းပေး ခဲ့သည်။ သူ၏ဓာတ်ပုံများနှင့် ဒိုင်ယာရီ အချို့သည် အိန္ဒိယရုံး စာကြည့်တိုက် တွင်ရှိသည်။ ရန်ကုန်မြို့ ၌ တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းဈေး ကို မူလက ၎င်း၏ အမည်ဖြင့် မှည့်ခေါ်ခဲ့ ကြသည်။
မိသားစုအကြောင်းစကော့(ဒ်)သည် သုံးကြိမ်တိုင်တိုင် အိမ်ထောင်ပြုခဲ့သည်။ ၎င်း၏ တတိယဇနီးဖြစ်သူမှာ စာရေးဆရာမ Geraldine Mitton (ဂီရယ်ဒင်း မစ်တန်) ဖြစ်ပြီး သူမသည် အသက်ရှင်ကျန်ရစ်ခဲ့ကာ ခင်ပွန်းဖြစ်သူ စကော့(ဒ်)၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည်။ ထုတ်ဝေခဲ့သောစာအုပ်များ
ဂျီ အီး မစ်တန် နှင့် အတူတွဲဖက်ရေးသားချက်များ
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia