ဂျိုးဇက် ဟိုင်းဒင့်ဖရန့်ဂျိုးဇက် ဟိုင်းဒင်သည် ဆင်ဖနီဂီတ (တူရိယာသံစုံ တီးကွက်)ကို တီထွင်ခဲ့သူအဖြစ် ထင်ရှားသော ဩစတြီးယန်းအမျိုးသား ဂီတစာဆိုဖြစ်သည်။ ဂီတပညာကျော်များဖြစ်သော မိုးဇက် နှင့် ဘီသိုဗင်တို့က နောင်အခါ၌ ဟိုင်းဒင်ဆင်ဖနီ ဂီတ (သံစုံတီးကွက်)ကို အချောကိုင်ခဲ့ကြသည်။ ယခုခေတ် အနောက်တိုင်းတူရိယာတီးဝိုင်းသည် ဟိုင်းဒင်ဆင်ဖနီဂီတ (သံစုံ တီးကွက်)ကို အခြေခံ၍ ပေါက်ပွားလာသည်ဟု ဆိုနိုင်သည်။ ဂီတပညာလောကမှ အပေါင်းအဖော်များသည် ဟိုင်းဒင်ကို ဖခင်ကြီးသဖွယ် ချစ်ခင်လေးစားကြသည်။
မိုးဇတ်သည် ဟိုင်းဒင်၏ ပညာစွမ်းကို ချီးကျူးခဲ့သည့်နည်းတူ ဟိုင်းဒင်ကလည်း မိုးဇတ်ထံမှ တီးလုံးတီးကွက်ကို ထိမိအောင် စပ်ဆိုမှုပညာကို ရရှိခဲ့သည်။ အက်စတာဟာဇီမင်းသား ကွယ်လွန်ပြီးနောက် ၁၇၉၁ ခုနှစ် တွင် ဟိုင်းဒင်သည် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍အော်ဖီယိုခေါ်တေးသံစုံဇာတ်ကိုလည်းကောင်း၊ ဆင်ဖနီဂီတ(တူရိယာသံစုံတီးကွက်)ကိုးပုဒ်နှင့် အခြား တေးဂီတပေါင်းမြောက်မြားစွာကိုလည်းကောင်း ရေးစပ်ခဲ့လေသည်။ အင်္ဂလန် နိုင်ငံတွင် ဟိုင်းဒင်၏ တေးဂီတကို လူကြိုက်များသည်။ အောက်စဖို့တက္ကသိုလ်ကလည်း သူ့အား ဂီတပါရဂူဘွဲ့ဖြင့် ဂုဏ်ပြု ချီးမြှင့်သည်။ ၁၇၉၈ ခုနှစ်တွင် ဟိုင်းဒင်သည် သမ္မာကျမ်းစာကို အခြေခံ၍ ဖန်ဆင်းခြင်းခေါ် တေးသီချင်းကြီးကို စပ်ဆိုခဲ့သည်။ ဩစတြီးယားနိုင်ငံ အမျိုးသားသီချင်းကိုလည်း ရေးစပ်ခဲ့၏။ ဂီတစာဆို ဟိုင်းဒင်သည် တေးသီချင်းများကို စေ့စပ်သေချာစွာ ရေးစပ်လေ့ရှိသည်။ တီးဝိုင်းရှိဆိုင်ရာ တူရိယာနှင့် စပ်အပ်သော တေးသံကိုလည်း စီကုံးလေ့ရှိသည်။ ထို့ပြင် တေးသံဖြင့် ဟာသဂုဏ်ကိုလည်း ထုတ်ဖော်နိုင်စွမ်းရှိသည်။ ငယ်စဉ်က ကြားနာမှတ်သားခဲ့ရသော ရိုးရာတေးသီချင်းများကိုလည်း သီချင်းကြီး သီချင်းခန့်များအဖြစ်သို့ ပြောင်းလဲစပ်ဆိုခဲ့သည်။ ဂီတပညာသည်တို့က ဖခင်ဟိုင်းဒင်ဟု ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့သော ဂီတစာဆိုကြီးသည် ၁၈ဝ၉ ခုနှစ်၊ မေလ ၃ဝရက်နေ့တွင် ဗီယင်နားမြို့၌ ကွယ်လွန်လေသည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia