ဂျောန်းဒူဟွမ်းတောင်ကိုးရီးယားသမ္မတဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ချန်ဒူးဝှမ်ကို ကိုရီးယားနိုင်ငံ ကျုံဆမ်နမ်ဒို အရပ်ဒေသ၌ ၁၉၃၁ ခုနှစ်တွင် မွေးဖွားသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ အထက်တန်းပညာရေးအဆင့်ကို ၁၉၅၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တေဂူစက်မှုအထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၅၅ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် စစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၅၉ ခုနှစ်တွင် အမေရိကန်ကြည်းတပ် အထူးစစ်ဆင်ရေး ကျောင်းသို့ တက်ရောက်ခဲ့ပြီး ၁၉၆ဝ ပြည့်နှစ်တွင် အမေရိကန် ကြည်းတပ်မတော်ကျောင်းသို့ တက်ရောက်ခဲ့လေသည်။ ၁၉၆၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ အမျိုးသားပြန်လည်တည်ဆောက်ရေး ဦးစီးကောင်စီဥက္ကဋ္ဌရုံး ပြည်သူ့အယူခံရေးရာဌာနတွင် အမှုထမ်းခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ဗဟိုထောက်လှမ်းရေး အေဂျင်စီဝန်ထမ်း အုပ်ချုပ်ရေး ဌာနစိတ်အကြီးအကဲအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် တပ်မတော်ကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၆၆ မှ ၁၉၆၇ ခုနှစ်အထိ ပထမလေကြောင်းချီ တပ်မကြီး၏ ဒုတိယတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ မြို့တော်စောင့်တပ် တပ်ရင်းအမှတ် ၃ဝ ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် တောင်ဗီယက်နမ်သို့ စေလွှတ်ခဲ့သော အမှတ် ၉ တပ်မကြီး၏ အမှတ် ၂၉ တပ်ရင်း၏ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ချန်ဒူးဝမ်သည် ၁၉၇၁ ခုနှစ်မှစ၍ ပထမလေကြောင်းချီတပ်မကြီး၏ တပ်မှူး ဖြစ်လာသည်။ ၁၉၇၆ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် သမ္မတရုံးလုံခြုံရေးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် လည်းကောင်း၊ ၁၉၇၈ ခုနှစ်တွင် ပထမကြည်း တပ်မကြီး၏ တပ်မှူးအဖြစ်လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် ကာကွယ်ရေး လုံခြုံရေးဌာန၏ တပ်မှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ တောင်ကိုရီးယားသမ္မတ ပတ်ချုံဟီး လုပ်ကြံခံရပြီး ၁၉၈ဝ ပြည့်နှစ် ဧပြီလ ၁၄ ရက်နေ့တွင် ဗဟိုထောက်လှမ်းရေး အေဂျင်စီ၏ ခေတ္တညွှန်ကြားရေးမှူး ဖြစ်လာသည်။၁၉၈ဝ ပြည့်နှစ် ဇွန်လတွင် အမျိုးသားလုံခြုံရေးအထူးကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ သမ္မတ ပတ်ချုံဟီး လုပ်ကြံခံရပြီးနောက် သမ္မတဖြစ်လာ သော ချွိုင်ကျူဟာသည် ၁၉၈ဝ ပြည့်နှစ် ဩဂုတ်လ ၁၆ ရက် နေ့တွင် သမ္မတရာထူးမှ နုတ်ထွက်သွားခဲ့သည်။ ဗိုလ်ချုပ်ကြီး ချန်ဒူးဝှမ်သည် ဩဂုတ်လ ၂၇ ရက်နေ့တွင် တောင်ကိုရီးယား သမ္မတနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတဖြစ်လာသည်။ သမ္မတရွေးချယ်သူ ကိုယ်စားလှယ် ၂၅၂၅ ဦးရှိသည့်အနက် ထောက်ခံမဲ ၂၅၂၄ ရရှိခဲ့သည်။ တပ်မတော်တွင် အနှစ် ၃ဝ အမှုထမ်းဆောင်ခဲ့သော ချန်ဒူးဝှမ်သည် ၁၉၈ဝ ပြည့်နှစ်အတွင်း သမ္မတရာထူးကို လက်ခံပြီးနောက် ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီး ရာထူးမှ အငြိမ်းစားယူခဲ့သည်။ ၁၉၇၅ ခုနှစ် ဇန္နဝါရီလတွင် အမျိုးသားလုံခြုံရေးအတွက် ထူးချွန်းစွာဆောင်ရွက်နိုင်သည့်အတွက် ချွန်ဆူဆုတံဆိပ် ချီးမြှင့်ခံရပြီး ၁၉၇၆ ခုနှစ်၊ ဇွန်လတွင် သမ္မတက ချီးမြှင့်သော အမှုထမ်းကောင်းဆု ရရှိသည်။ ၁၉၇၉ ခုနှစ် မေလတွင် မေ ၁၆ အမျိုးသားဆုကြီး ချီးမြှင့်ခံရသည်။ သမ္မတချန်ဒူးဝှမ်၏ဇနီးမှာ နီးလ်ဆွန်ဂျာ ဖြစ်သည်။[၁] ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia