ဂျွန်ဒီး
ဂျွန်ဒီး (၁၃ ဂျူလိုင် ၁၅၂၇ - ၁၆၀၈ သို့မဟုတ် ၁၆၀၉) သည် အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင်၊နက္ခတ္တဗေဒပညာရှင်၊ နက္ခတ်ဗေဒင်ဆရာ၊ဂမ္ဘီရပညာရှင်နှင့် နယ်ချဲ့ဝါဒီတစ်ဦးဖြစ်သည်။[၅] ထို့ပြင် အယ်လီဇဘက် ပထမ၏ အကြံပေးတစ်ဦးလည်းဖြစ်သည်။ သူ့ဘဝ၏ အချိန်အများစုကို အဂ္ဂိရတ်၊ ဂမ္ဘီရဉာဏ်နှင့် ဝိဇ္ဇာဓိုရ်အတတ်များအား လေ့လာခြင်းဖြင့် ကုန်ဆုံးခဲ့သူဖြစ်သည်။ ဒီးသည် သိပ္ပံပညာနှင့် မှော်ပညာတို့သည် ခွဲခြားမရနိုင်သော နယ်ပယ်နှစ်ခုဖြစ်ကြောင်း ခြေစုံရပ်တည်ခဲ့သူဖြစ်သည်။ သူ့ခေတ်သူ့အခါက ပညာတတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော ဒီးသည် အသက်နှစ်ဆယ်ဝန်းကျင်ကပင် ယူကလစ်၏ ဂျီဩမေတြီပညာကို လာရောက်သင်ကြားပေးပါရန် ပါရီတက္ကသိုလ်မှ ဖိတ်ကြားခြင်းခံရသူလည်းဖြစ်သည်။ ဒီးသည် လေးစားဖွယ် နက္ခတ္တဗေဒပညာရှင်ဖြစ်သည့်အပြင် တက်ကြွသော သင်္ချာသမားတစ်ဦးလည်းဖြစ်သည်။ ထို့ပြင် ရေကြောင်းသွားလာရေးအတတ်ပညာတွင်လည်း ထိပ်တန်းရှေ့ဆောင်တစ်ဦးဖြစ်သည်။ ဤသို့ တဖက်တွင် ကြိုးသားအားထုတ်နေသကဲ့သို့ အခြားတဖက်တွင်လည်း ဒီးသည် ဝိဇ္ဇာဓိုရ်ပညာ၊ မှော်ပညာနှင့် နက္ခတ်ဗေဒင်ပညာကို နှစ်မြုပ်လေ့လာနေလေသည်။ သူ့ဘဝ၏ နှောင်းပိုင်းနှစ်သုံးဆယ်တွင် ကောင်းကင်တမန်တော်(ဝါ) နတ်များဖြင့် ဆက်သွယ်မှုပြုကာ စကြ၀ဠာ ဘာသာစကားကို လေ့လာနိုင်ရန် ကြိုးစားခဲ့သည်။
ဘဝဖြစ်စဉ်ငယ်ဘဝဒီးကို လန်ဒန်မြို့၊ တာဝါရပ်တွင် ဖွားမြင်သည်။[၆][၇][၈][၉][၁၀]သူ၏ မျိုးရိုးနာမည် "ဒီး"ဟူသည်မှာ ဝေ့လရှ်စကား ဒူ (အနက်ရောင်)မှဆင်းသက်လာခြင်းဖြစ်ပြီး သူ၏အဖိုးမှာ ဘေဒိုဒူဖြစ်သည်။ သူ၏အဖေ ရိုလန်မှာ ပိုးကုန်သည်တစ်ဦးဖြစ်သည့်အပြင် ဟင်နရီ အဌမဘုရင်မင်းမြတ်ထံ ခစားရသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း နန်းတွင်းသားတစ်ဦးဖြစ်သည်။ ဒီးမိသားစု လန်ဒန်သို့ စတင်ရောက်ရှိလာချိန်မှာ ကျူဒေါမင်းဆက်၏ ဟင်နရီ သတ္တမ နန်းတက်နေစဉ်ဖြစ်သည်။[၁၁] ဒီးသည် အသက် ဆယ့်ငါးနှစ်အရွယ်၁၅၄၂ခုနှစ် နိုဝင်ဘာလတွင် ကိန်းဘရစ်ရှိ စိန့်ဂျွန်းကောလိပ်ကို စတင်တက်ရောက်သည်။ ၁၅၄၅ သို့မဟုတ် ၁၅၄၆ အစောပိုင်းတွင် ဝိဇ္ဇာဘွဲ့ရသည်။[၁၂][၁၃]၁၅၄၆ တွင် ဟင်နရီ အဌမ ဘုရင်မင်းမြတ်တည်ထောင်သော ကိန်းဘရစ်၊ ထရီနီတီကောလိပ်တွင် တက်ရောက်ရန် အရည်အချင်းပြည့်မှီသူအဖြစ် သတ်မှတ်ခံရသည်။[၁၄]၁၅၄၀၊ ၁၅၅၀နှစ်များတွင် သူသည် ဥရောပတခွင်လှည့်လည်သွားလာခဲ့ပြီး လူဗိန်းတက္ကသိုလ်၊ ဘရက်ဆဲလ်တို့တွင် ပညာသင်ခဲ့ပြီး ပါရီတွင် ယူကလစ်၏ပညာကို ပို့ချခဲ့သည်။ ဂမ္မာ ဖရစ်ဆီးယတ်စ်နှင့်အတူ ပညာဆည်းပူးခဲ့ပြီး မြေပုံဆွဲသူ ဂရားဒတ်စ် မာကေတာ နှင့် အရင်းနှီးဆုံးသူငယ်ချင်းဖြစ်လာသည်။ သင်္ချာနှင့် နက္ခတ္တဗေဒဆိုင်ရာ ကိရိယာများစုဆောင်းပြီး အင်္ဂလန်သို့ပြန်လာသည်။ ၁၅၅၂ တွင် လန်ဒန်၌ ဂျီရိုလာမို ကာဒါနိုနှင့်ပူးပေါင်းပြီး အစဉ်ရွေ့လျားနိုင်သည့် စက်တစ်မျိုးနှင့် မှော်အစွမ်းသတ္တိရှိသော ကျောက်မြတ်တစ်လုံးကို စူးစမ်းလေ့လာခဲ့သည်။[၁၅] ၁၅၅၅တွင် ဒီးသည် ပိုးကုန်သည်များအသင်းဝင်ဖြစ်လာသည်။[၁၆] ထို ၁၅၅၅ခုနှစ်မှာပင် မေရီဘုရင်မနှင့် အယ်လီဇဘက် ပထမတို့၏ ဇာတာခွင်ကို တွက်ချက်ကာ ဟောကိန်းထုတ်၍ အဖမ်းခံလိုက်ရသည်။[၁၇]ဒီးသည် ကြယ်ခန်းမဆောင်တွင် မိမိအပြစ်မှကင်းလွှတ်ကြောင်း လျှောက်လှဲခဲ့သော်လည်း ကတ်တလစ်ဘုန်းတော်ကြီး ဘိုနာ၏ ဘာသာရေးအရ စစ်ဆေးမှုကို ခံယူရ၏။ လျှို့ဝှက်မှုအပေါ် သူ၏ ခိုင်ခံ့သော ရာသက်ပန်ခုံမင်မှုမှာ အဆိုးဘက်သို့သာဦးတည်လာပြီး ဤဖြစ်ရပ်ကြောင့် သူ့ဘဝတစ်လျောက်လုံး ထိုးနှက်တိုက်ခိုက်မှုများကို ကြုံရလေသည်။ ၁၅၅၆ခုနှစ်တွင် ဒီးသည် ရှေးဟောင်းစာအုပ်များ၊ လက်ရေးမူများ၊မှတ်တမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် နိုင်ငံတော်စာကြည့်တိုက်တည်ထောင်ရန် အမြော်အမြင်ဖြင့် မေရီဘုရင်မထံ တင်ပြသော်လည်း သူ၏တင်ပြမှုကို အရေးမလုပ်ခံရပေ။ ထို့ကြောင့် မော့လိတ်ရှိ သူ၏နေအိမ်မှ စာကြည့်တိုက်ကိုသာ တိုးချဲ့ပြီး အင်္ဂလန်နှင့် ဥရောပတိုက်တခွင်မှ စာအုပ်များ၊ လက်ရေးမူများကို တရပ်စပ်စုဆောင်းတော့၏။ တက္ကသိုလ်စာကြည့်တိုက်များမှလွဲ၍ ဒီး၏စာကြည့်တိုက်သည် အင်္ဂလန်တွင် အကြီးဆုံးစာကြည့်တိုက်ဖြစ်လာပြီး ပညာသင်များကို ဆွဲဆောင်နိုင်ခဲ့သည်။[၁၈] ![]()
၁၅၇၀တွင် ယူကလစ်၏ အခြေခံသဘောတရားများကျမ်းကို ဟင်နရီ ဘီလင်စလေက အင်္ဂလိပ်ဘာသာပြန်ဆိုသော ကျမ်းတွင် ဒီးက သင်္ချာဆိုင်ရာ ကျမ်းဦးနိဒါန်းရေးသားခဲ့သည်။ ထိုကျမ်းဦးနိဒါန်းတွင် ဒီးက သင်္ချာ၏ ဗဟိုအရေးပါမှုနှင့် သိပ္ပံနှင့် အခြားအနုပညာများအပေါ် သင်္ချာ၏လွှမ်းမိုးမှုများကို အကြမ်းဖျဉ်းဆွေးနွေးခဲ့သည်။[၂၂]ထိုဆွေးနွေးချက်သည် တက္ကသိုလ်ပြင်ပမှ လေ့လာသူများကိုရည်ရွယ်ပြီး ဒီး၏ လွှမ်းမိုးမှုအရှိဆုံးနှင့် အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရသော လက်ရာဖြစ်သည်။ [၂၃] နှောင်းပိုင်းဘဝ![]() ၁၅၈၀ ခုနှစ် အစောပိုင်းတွင် ဒီးသည် သူ၏ သဘာဝတရားလျှို့ဝှက်ချက်များကို လေ့လာမှုများနှင့် လွှတ်ရုံးအတွင်း သူ၏ ဩဇာအခြေအနေကျဆင်းလာခြင်း အပေါ် မကျေမနပ်ဖြစ်လာသည်။ ပြက္ခဒိန်ကို ပြန်လည်ပြင်ဆင်ရန်နှင့် မြောက်အမေရိကကို စူးစမ်းရှာဖွေရန် သူပေးသမျှ အကြံတို့ကျရှူံးခဲ့ရသည့်အတွက် သူ၏ နိုင်ငံရေးမှာ ဆုံးခန်းတိုင်ပြီဖြစ်သည်။ သို့သော် အခြားတစ်ဖက်ကကြည့်လျင်မူ သဘာဝလွန်ကိစ္စများကို ပိုမိုစူးစမ်းလေ့လာနိုင်လာသည်။ အထူးသဖြင့် သူသည် ဖန်လုံးကြည့်သူများကို ကြားခံအဖြစ်သုံး၍ ကောင်းကင်တမန်တို့နှင့် ဆက်သွယ်နိုင်ရန် အပူတပြင်းကြိုးပမ်းခဲ့သည်။[၂၄]
![]() ၁၅၈၃ ခုနှစ်တွင် ဒီးထံသို့ အထည်ကြီးပျက် ပို့လစ်ရှ်တော်ဝင်လူကြီးလူကောင်းတစ်ဦးဖြစ်သူ အယ်လဘတ် လာစကီး ရောက်လာသည်။ သူ ပိုလန်သို့ပြန်ရာတွင် ဒီးကို အတူ လိုက်ခဲ့ရန် လာရောက်ဖိတ်ကြားခြင်းဖြစ်သည်။[၁၇]ကယ်လီမှတဆင့် ကောင်းကင်တမန်တို့က ဒီးကို ခရီးထွက်ရန် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ၁၅၈၃ စက်တင်ဘာတွင် ဒီး၊ ကယ်လီနှင့် သူတို့၏မိသားစုများ အတူ ထွက်ခွာခဲ့သည်။ သို့သော် လာစကီးမှာ သူ၏နိုင်ငံတွင် ဒေဝါလီခံထားရအောင် အခြေအနေကျဆင်းနေသူဖြစ်သည်။[၂၉]ဒီးနှင့် ကယ်လီသည် သူတို့၏ ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံမှုများလုပ်ရင်းကပင် အလယ်ဥရောပတွင် ရေကြည်ရာမြက်နုခဲ့ရသည်။[၂၇][၂၈]သူတို့သည် ရိုမန်အင်ပါယာပြည့်ရှင် ရူးဒေါ့ ဒုတိယ၊ ပိုလန်ပြည့်ရှင် စတီဖင် ကတ်ဆယ်တို့နှင့် ပရာ့ဂ်ရဲတိုက်တွင် တွေ့ဆုံခဲ့ပြီး ကောင်းကင်တမန်များနှင့် ဆက်သွယ်ရန်အားထုတ်နေမှု၏ အရေးပါပုံကို ဖျားယောင်းဆွဲဆောင်ခဲ့သည်။ ဒီးအား အသိဉာဏ်ပညာနှင့် ပြည့်စုံသော ပညာရှိတစ်ဦးအဖြစ် ၎င်းတို့က အသိအမှတ်ပြုလက်ခံကြသော်လည်း ဒီး၏ အယ်လီစဘက် ပထမ နှင့် အဆက်အသွယ်ရှိမှုကြောင့် မယုံကြည်ကြပေ။ သူတို့တွေ့ဆုံမှု၏ နောက်ကွယ်တွင် နိုင်ငံရေးအရဖုံးကွယ်မှုများ ရှိနိုင်သည်ဟု မသေချာကြပေ။ အချို့က ဒီးသည် ဗြိတိသျှ ဧကရာဇ်၏ သူလျှိုဖြစ်သည်ဟု ထင်ကြသည်။( အချို့က ထင်ဆဲဖြစ်သည်။) ပိုလန်ဘုရင်သည် ဘာသာတရားကိုင်းရှိုင်းသော ကတ်တလစ်တစ်ယောက်ဖြစ်ပြီး သဘာဝလွန်ကိစ္စများအပေါ်တွင် သတိထားလေ့ရှိသူဖြစ်သော်ငြားလည်း သူတို့၏အစည်းအဝေးများသည် ပုပ်ရဟန်းမင်းကြီး၏ခွင့်ပြုချက်နှင့်အတူ ကတ်သလစ်ကျောင်းတော်၏ သာသနာပြုမူဘောင်အတွင်း၊ ယေရှု ခရစ်၏ သင်ကြားမှုများမှ သွေဖည်ခြင်းမရှိရဟူသော ကန့်သတ်ချက်များနှင့် လက်ခံတွေ့ဆုံခဲ့သည်။ ၁၅၈၇ ခုနှစ်၌ ဘိုဟီးမီးယားဘုရင့်နိုင်ငံအတွင်း ပြုလုပ်သော ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံပွဲတစ်ခုအတွင်းတွင် ကယ်လီက ကောင်းကင်တမန်တော် ယူရီယယ်သည် လူသားတို့အား မိမိတို့ပိုင်ဆိုင်သမျှ(ဇနီးမယားများပါ အပါအဝင်) အရာအားလုံးကို မျှဝေသုံးစွဲကြရန် ညွှန်ကြားလာသည်ဟု ဒီးအားသတင်းပို့သည်။ ထိုကာလတွင် ကယ်လီသည် အဂ္ဂိရတ်ဆရာတစ်ယောက်အဖြစ် လူသိလူသိများလာပြီဖြစ်သည်။ ဒီးမှာမူ ကောင်းကင်တမန်တို့နှင့် ဆက်သွယ်ရန်သာ အားသန်နေပြီး ၎င်းတို့က သူ့အား ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အလင်းဆိုင်ရာပညာရပ်၊ နက္ခတ်အတတ်၊ သိပ္ပံနှင့် သင်္ချာမှတဆင့် ဖြေရှင်းနိုင်ရန် ကူညီလမ်းညွှန်စောင်မမည်ဟုသာ ယုံကြည်နေသည်။ တကယ်တမ်းတွင် ကယ်လီသည် သူ့အားကြားခံအဖြစ် ဒီး၏မှီခိုနေရမှုကို အဆုံးသတ်စေချင်၍ဖြစ်သည်။[၂၉]မယားမျှသုံးရေးညွှန်ကြားချက်သည် ဒီးအား အတော်ကလေး မချိတင်ကဲဖြစ်စေခဲ့သော်လည်း သံသယနည်းနည်းမှ ဖြစ်ပုံမရချေ။ တကယ်တမ်းလည်း မယားများကို မျှသုံးခဲ့ကြသည်။ သို့ရာတွင် နောက်ပိုင်းတွင် ဒီးက တွေ့ဆုံပွဲများကို တောက်လျှောက်ဆက်တိုက် ချက်ချင်းဖျက်ပစ်သည်။ ၁၅၈၉ခုနှစ်တွင် ဒီး အင်္ဂလန်သို့ပြန်လာသည်။ ကယ်လီကမူ ရူးဒေါ့ ဒုတိယထံတွင် အဂ္ဂိရတ်ဆရာအဖြစ် အမှုထမ်းရစ်သည်။[၂၉][၃၀] ကိုးလကြာအပြီး ၁၅၈၈ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဒီး၏ဇနီးမှ သားကလေးတစ်ယောက်ဖွားမြင်သည်။ ထိုကလေးကို ဒီးက သီယိုဒိုးယတ်စ် ထရီဘနျောယတ်စ် ဒီးအဖြစ် နှစ်ခြင်းခံကာ သူ၏သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည်။ ထိုစဉ်က ဒီးမှာ အသက် ၆၀ ရှိနေပြီး ကယ်လီမှာ ၃၂နှစ် သာရှိသေး၍ ထိုကလေးမှာ ကယ်လီ၏ ကလေးသာဖြစ်နိုင်သည်ဟု ဆိုကြသည်။ နောက်ဆုံးနှစ်များ![]() ![]() ပြည်ပတွင် ခြောက်နှစ်ကြာပြီးနောက် မော့လိတ်သို့ ဒီးပြန်ရောက်သောအခါ သူ၏အိမ်မှာ လက်သရမ်းဖျက်ဆီးခံထားရပြီး သူ၏ စာကြည့်တိုက်မှာလည်း ပျက်စီးနေပြီဖြစ်ကာ တန်ဖိုးရှိ ကိရိယာများ၊ စာအုပ်များမှာလည်း အခိုးခံရလိုက်လေသည်။[၁၈][၂၉]နောက်ထပ်၍ ဒီးတွေ့ကြုံရသည်မှာ ထိုအချိန်တွင် အင်္ဂလန်၌ ပုံမှန်မဟုတ်သော ဘာသာရေးအသစ်များကို ဝေဖန်ဆန့်ကျင်မှုမှာ မြင့်တက်နေပြီး ဒီး၏ မှော်ပညာကို လေ့လာမှုနှင့် သဘာဝတရားဆိုင်ရာ အတွေးအခေါ်သစ်အတွက် ကောင်းသော ဝန်းကျင်တစ်ခုမဟုတ်ပေ။ အဂ္ဂိရတ်ဖြင့် အင်္ဂလန်၏ စီးပွားရေးကို အထောက်အပံ့ဖြစ်စေခြင်းငှာ ကယ်လီ့ကို အိမ်ပြန်လာအောင် ဒီးက ကြိုးစားနိုင်လိမ့်မည်ဟု မျှော်လင့်ပြီး အယ်လီစဘက် ဘုရင်မက ဒီးကို ကူညီသည်။ ၁၅၉၅တွင် မန်ချက်စတာရှိ "ခရစ်တော်၏ ကောလိပ်" တွင် ဒီးအား ကြီးကြပ်မှူးအဖြစ် ခန့်အပ်သည်။[၃၁] ၁၆၀၅ ခုနှစ်တွင် မန်ချက်စတာမှ လန်ဒန်သို့ပြန်လာသည်။[၃၂]သို့သော်လည်း သူသေသည်အထိ သူ့အား ကြီးကြပ်မှူးအဖြစ် ခန့်အပ်ထားဆဲဖြစ်သည်။[၃၃]အယ်လီစဘက် နတ်ရွာစံ၍ ဂျိမ်းစ် ပထမ နန်းတက်လာသော် ဒီးမှာ အထောက်အပံ့မရတော့ပေ။ ကွယ်လွန်သည်အထိ သူနှင့်အတူနေကာ စောင့်ရှောက်သော သမီး ကတ်သရင်းနှင့်အတူ သူ့ဘဝနောက်ဆုံးကာလကို ရှိစုမဲ့စုမှန်သမျှ ကို ရောင်းချစားသောက်ကာ အသက်ဆက်ရလေသည်။[၃၂] အသက် ၈၂ နှစ်ဝန်းကျင် ၁၆၀၈ သို့မဟုတ် ၁၆၀၉ခုနှစ်တွင် မော့လိတ်၌ ကွယ်လွန်သည်။ (ကွယ်လွန်သည့် ရက်စွဲအတိအကျကို မှတ်တမ်းမှတ်ရာမရှိပေ။ ဒီး၏ သင်္ချိုင်းဂူ အမှတ်တရကျောက်တိုင်မှာလည်း ပျောက်ဆုံးနေသည်။)[၃၄] ၂၀၁၃ ခုနှစ်တွင် စိန့်မေရီဘုရားကျောင်း၏ တောင်ဘက်နံရံတွင် ဒီးအမှတ်တရ ပလိတ်ပြားတစ်ခုကို ချိတ်ဆွဲခဲ့သည်။[၃၅] ပုဂ္ဂလိက ဘဝဒီးသည် အိမ်ထောင် သုံးကြိမ်ပြုခဲ့ပြီး သားသမီး ရှစ်ယောက်ထွန်းကားခဲ့သည်။ ၁၅၆၅ တွင် ကတ်သရင်း ကွန်စတေဘယ်နှင့် ပထမဆုံး အိမ်ထောင်ကျခဲ့သည်။ သူမမှာ ၁၅၇၄ တွင် ကွယ်လွန်သည်။ သားသမီးမရရှိခဲ့ပေ။ ဒုတိယအိမ်ထောင်မှာ အမည်မသိအမျိုးသမီးတစ်ဦးဖြစ်ပြီး အိမ်ထောင်သက်မှာလည်း သူမကွယ်လွန်သွားသည့် ၁၅၇၆ ထိ တစ်နှစ်သာကြာမြင့်ပြီး သားသမီးမထွန်းကားခဲ့ပေ။[၃၆]၁၅၇၇ခုမှ ၁၆၀၁ခုထိ ဒီးသည် ပြတ်တောင်းပြတ်တောင်း မှတ်တမ်းရေးလေ့ရှိရာ ထိုကာလအတွင်း ကျွန်ုပ်တို့သိရသမျှ သူ့အကြောင်းသတင်းတို့မှာ ထိုမှတ်တမ်း၌ ပါသမျှသာဖြစ်သည်။ ၁၅၇၈ တွင် တတိယအိမ်ထောင်အဖြစ် အသက် ၂၃ နှစ်အရွယ် ဂျိန်း ဖရိုမွန်နှင့် လက်ထပ်ခဲ့သည်။ ထိုအချိန်တွင် ဒီးမှာ ငါးဆယ့်တစ်နှစ်ရှိနေပြီဖြစ်သည်။ ၁၅၈၇တွင် ကယ်လီလုပ်ဇာတ်ထိုးသည့် ဇနီးမယားမျှသုံးရန် ကောင်းကင်တမန်က မှာကြားသည်ဆိုသောကာလက ဇနီးမှာ ထို ဂျိန်း ဒီး( အပျိုဘဝက ဖရိုမွန်)ပင်ဖြစ်သည်။ ဂျိန်းမှာ ၁၆၀၄ ခုနှစ် မန်ချက်စတာတွင်ပင် အကျိတ်ထွက်သော ပလိပ်ရောဂါဖြင့် ကွယ်လွန်ရှာလေသည်။[၃၇] ပရာ့ဂ်တွင် မွေးသော သား မိုက်ကယ်မှာ ၁၅၉၄ခုနှစ် ဒီး၏ မွေးနေ့တွင်ပင် ကွယ်လွန်သည်။ ထရီဘိုနျောတွင် မွေးသော သား သီယိုဒိုမှာ ၁၆၀၁ခုနှစ်တွင် မန်ချက်စတာ၌ ကွယ်လွန်သည်။ သူကွယ်လွန်သည်အထိ အနီးကပ် စောင့်ရှောက်သော သမီး ကတ်သရင်းနှင့် သားနှစ်ဦးဖြစ်သော အာသာ ဒီးနှင့် ရိုလန် ဒီးတို့သာ အသက်ရှည်သည်။[၃၈]သူ၏ သမီးအငယ်များဖြစ်သော မက်ဒီနီယာ၊ ဖရန်စစ်နှင့် မာဂရက်တို့အကြောင်း ၁၆၀၄ ခုနှစ်နောက်ပိုင်းတွင် မှတ်တမ်းမှတ်ရာ မတွေ့ရ၍ ၎င်းတို့အမေကွယ်လွန်သော ပလိပ်ရောဂါဘေးတွင်ပင် ကွယ်လွန်ခဲ့ကြပုံရသည်ဟု မှန်းဆကြသည်။ ဝက်မင်စတာကျောင်းတွင် အာသာကျောင်းတက်နေစဉ် ဒီးက ထိုကျောင်းအုပ်ထံ သူ့သားအတွက် စိတ်ပူကြောင်း စာရေးပို့ခဲ့သည်။ အာသာသည် သူ့ဖခင်၏ သိပ္ပံပညာ၊ အဂ္ဂိရတ်ပညာများကို လက်ဆင့်ကမ်းသင်ယူနိုင်သူဖြစ်ပြီး အထူးသဖြင့် ကယ်လီနှင့် လမ်းခွဲပြီးနောက် သူ့ဖခင်၏ နတ်ဝင်သည်အဖြစ် ကူညီခဲ့သူဖြစ်သည်။ အာသာသည် နောက်ပိုင်းတွင် အဂ္ဂိရတ်ဆရာဖြစ်လာပြီး အဂ္ဂိရတ်၊ ဂမ္ဘီရစာရေးဆရာလည်းဖြစ်လာပြီး သူ၏စာအုပ်များကို အဲလိယတ်စ် အတ်ရှ်မိုးက ထုတ်ဝေပေးခဲ့သည်။ ရှေးဟောင်းပစ္စည်းများ စုဆောင်းလေ့လာသူ ဂျွန် အော်ဘရေ[၃၉]က ဒီး၏ ရုပ်ပုံသွင်ပြင်နှင့်ပတ်သက်၍ ဤသို့ဆိုခဲ့သည်။ "သူက အရပ်ရှည်ပြီး ကျစ်လျစ်သွယ်လျတယ်။ အနုပညာရှင်တစ်ယောက်ဝတ်လေ့ရှိတဲ့ ဝတ်ရုံလိုမျိုး ဝတ်ရုံကိုဝတ်ဆင်ထားတယ်။ လက်ကသီစတွေကျလျက်နဲ့ဟာပေါ့။ အဆင်းလှပြီးရှင်းလင်းတဲ့ အသားအရည်မျိုးရှိတယ်။ နို့လို ဖြူဖွေးနေတဲ့ မုတ်ဆိတ်ဖြူကြီးတွေနဲ့။ ရုပ်အရမ်းဖြောင့်တယ်။"[၃၄] အောင်မြင်ပိုင်ဆိုင်မှုများ![]() အတွေးအမြင်ဒီးသည် အပြင်းအထန် ဘာသာတရားကိုင်းရှိုင်းသော ခရစ်ယာန်တစ်ဦးဖြစ်ခဲ့သည်။ သို့သော် သူ၏ယုံကြည်မှုအမြင်တွင် ဝိဇ္ဇာဓိုရ်နှင့် ရီနေးဆွန့်ကာလတွင် ပျံ့နှံ့ခဲ့သော ပလေတိုးနစ် ပိုက်သာဂိုရီယန် အယူဝါဒ၏ လွှမ်းမိုးမှုများပါသည်။[၄၀] ကိန်းဂဏန်းတို့သည် အရာအားလုံးတို့၏ အခြေခံအကြောင်းတရားဖြစ်ပြီး အသိဉာဏ်ပညာအတွက်အခရာဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းမှုသည် ကိန်းဂဏန်းအရဖြစ်သည်ဟု ယုံကြည်သည်။[၁၉]ဝိဇ္ဇာဓိုရ်အတတ်မှ သူ၏ယုံကြည်ချက်မှာ လူသားတို့သည် သိဒ္ဓိတန်ခိုးရရှိနိုင်သည့် အလားအလာရှိပြီး ထိုသိဒ္ဓိတန်ခိုးကို ကိန်းဂဏန်းများကို လေ့ကျင့်ခြင်းမှ ရရှိနိုင်သည်ဟု ယုံကြည်သည်။ သူ၏ လျှို့ဝှက်နက်နဲသော ဒေဝတာမှော်နှင့် လက်တွေ့အသုံးချသင်္ချာတို့သည် ၎င်းတို့အား ယနေ့အများက ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်နယ်ပယ်နှစ်ခုအဖြစ်မြင်နေသကဲ့သို့ မဟုတ်ဘဲ တူညီသောလမ်းစဉ်တစ်ခုတည်းမှ ကြီးမြတ်သောနှင့် သူလိုငါလိုဟူသည့် အစွန်းနှစ်ဖက်သာဖြစ်သည်။[၂၃]သူ၏ အန္တိမရည်မှန်းချက်မှာ ရိုးရှင်း၍ ညီညွှတ်သော ကမ္ဘာလုံးဆိုင်ရာ ဘာသာတရားတစ်ရပ်ကို တည်ထောင်ရန်ဖြစ်သည်။[၁၉] ဂုဏ်သတင်းနှင့် အရေးပါမှုပြက္ခဒိန်ဒီးသည် တိုင်ချို ဘရာဟီ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်အပြင် နီကိုးလတ်စ် ကော့ပါးနိကတ်စ်၏ လုပ်ငန်းစဉ်နှင့် အကျွမ်းတဝင်ရှိသူဖြစ်သည်။ သူ၏ နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုအများအပြားမှာ ကော့ပါးနိကတ်စ် ယူဆချက်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ပြက္ခဒိန်ပြန်လည်ပြုပြင်ရာတွင် ဒီးသည် ကော့ပါးနိကတ်စ် သီအိုရီကို အသုံးပြုခဲ့သည်။ ၁၅၈၃ ခုနှစ်တွင် ဘုရင်မကြီးမှ ဒီးအား ဂရီဂိုရီယန် ပြက္ခဒိန်ကို ပြုပြင်ရာတွင် အကြံပေးရန် အကူအညီတောင်းခဲ့သည်။ သို့သော်လည်း သူအကြံပေးခဲ့သည်များကို ငြင်းဆန်ခဲ့သည်။[၁၉] ဗွိုင်းနစ်ချ် လက်ရေးမူဗွိုင်းနစ်ချ် လက်ရေးမူနှင့် ဒီးမှာ မကြာခဏ အတူဆက်နွယ်ခဲ့သည်။ [၂၅][၄၁]၁၉၁၂ ခုနှစ်တွင် မူလလက်ရေးမူကို ပြန်လည်ဝယ်ယူခဲ့သော ဆက်ခံသူ ဝီးလ်ဖရစ် မိုက်ကယ် ဗွိုင်းနစ်ချ်က ဒီးသည် မူလလက်ရေးမူကို ပိုင်ဆိုင်ခဲ့ပြီး ရိုမန်အင်ပါယာပြည့်ရှင် ရူးဒေါ့ ဒုတိယထံရောင်းချခဲ့ခြင်းဖြစ်နိုင်သည်ဟု မှန်းဆသည်။ သို့သော် ဒီး၏ မှတ်တမ်းစာအုပ်တွင်မူ ရောင်းချမှုနှင့်ပတ်သက်၍ ရေးမှတ်ထားသည့် အထောက်အထားမတွေ့ရပေ။ အခြား သက်သေပဟေဠိဝှက် စာအုပ်တစ်အုပ်ဖြစ်သည့် "ဆွိုင်ဂါ စာအုပ်"ကိုလည်း ဒီးပိုင်ဆိုင်ခဲ့သည်ဟု သိကြသည်။[၄၂] ရေးသားခဲ့သမျှ
ရှေးခေတ်လူ့အသုံးအဆောင်ပစ္စည်း![]() ဒီးပိုင်ဆိုင်သည့် ဝိဉာဉ်ပိုင်းဆိုင်ရာ တွေ့ဆုံပွဲများနှင့် ပတ်သက်သော ပစ္စည်းအများအပြားကို ဗြိတိသျှ ပြတိုက်တွင် ပြသထားသည်။[၄၃]
၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် "ရှူးကျောက်တုံး"နှင့် နစ်ကိုးလတ်စ် ကူလ်ပက်ပါ ရေးသည့် ၁၇ ရာစု အလယ်မူ ၎င်းကျောက်တုံး အသုံးပြုနည်း နှစ်ခုလုံးကို လန်ဒန်ရှိ ပြတိုက်မှ အခိုးခံရသည်။ နောက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။[၄၆] စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်းဆိုခံရမှုဒီးသည် သူ့ခေတ်ပြိုင်များ၏ စာပေ အရေးအသားများတွင် ထင်ရှားသော ပုံရိပ်တစ်ခုအဖြစ် ဖော်ကျူးခံခဲ့ရသည်။ ဆက်လက်၍လည်း မှော်၊ အစီအရင်တို့နှင့်သက်ဆိုင်ကာ ဒီး၏ဘဝကာလအချိန်တွင် အခြေတည်ထားသော စိတ်ကူးယဉ်ဝတ္ထုများတွင် ထင်ရှားသော ပုံရိပ်အဖြစ် သရုပ်ဖော်ခံရဆဲဖြစ်သည်။ ၁၆ နှင့် ၁၇ ရာစုများ
၁၉ ရာစု
၂၀ ရာစု
၂၁ ရာစု
ကိုးကား
|
Portal di Ensiklopedia Dunia